44MP အရှေ့ ကင်မရာ ပါတဲ့ Vivo S9

Vivo က S9 Series ကို တရုတ်မှာ မတ်လ ၃ ရက်နေ့ ကြေညာမယ်လို့ အတည်ပြု လိုက်ပါတယ်။ ကုမ္ပဏီက သူဟာ အရင်မျိုးဆက်တွေထက် ပါးလွှာမယ်လို့ သတင်း ပေးထားပြီး TENAA မှာ မော်ဒယ်နံပါတ် V2072A အနေနဲ့ မှတ်ပုံတင်ထားပါတယ်။ ၆.၄၄ လက်မ မျက်နှာပြင်၊ Android 11 နဲ့ 4,000mAh ဘက်ထရီတွေ ထည့်သွင်းထားပြီး အရွယ် အစား အပြည့်အစုံက 158.39×73.87×7.35mm ဖြစ်ပါတယ်။

TENAA မှာ သူ့ ဓါတ်ပုံတွေကို မတွေ့ရသေးပေမယ့် Digital Chat Station က သူ့ရဲ့ ဓါတ်ပုံ ၁ ပုံကို မျှဝေထားကာ ဒီဇိုင်းက S7 နဲ့ တူပါတယ်။ နောက်ဆုံးထုတ် MediaTek Dimensity 1100 Chipset မောင်းနှင်ထားပြီး ၆.၄၄ လက်မ FHD+ AMOLED 90Hz မျက်နှာပြင်ပါလာမှာပါ။ အရှေ့ဘက်မှာ 44MP Samsung GH1 Main ကင်မရာနဲ့ 8MP Ultrawide ကင်မရာ ၂ လုံးကို ပူးတွဲထားပြီး 33W Fast Charging ထောက်ပံ့ထားပါတယ်။

Vivo က S9 Series ကို တရုတ်မှာ မတ်လ ၃ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကုမ္ပဏီက သူဟာ အရင်မျိုးဆက်တွေထက် ပါးလွှာမယ်လို့ သတင်းပေးထားပြီး TENAA မှာ မော်ဒယ်နံပါတ် V2072A အနေနဲ့ မှတ်ပုံတင်ထားပါတယ်။

တချို့ သတင်းအရ အဲဒီ ဖုန်းရဲ့ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Mono ကင်မရာ ၃ လုံး ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ အနောက်ဘက် ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး သတ္တု ဖရိမ်ကို အသုံးပြု တည်ဆောက်ထားမှာပါ။Vivo S9 နဲ့အတူ S9e ကိုပါ ကြေညာနိုင်ပါတယ်။ Vivo S9e မှာ Dimensity 820 SoC မောင်းနှင်ထားပြီး ၆.၄၄ လက်မ Samsung AMOLED မျက်နှာပြင် ထည့်သွင်းထားမယ်လို့ သတင်းထွက်လာပါတယ်။

90Hz Refresh Rate , 33W Flash Charge , 4,100mAh ဘက်ထရီတွေ ထောက်ပံ့ ထားမှာ ဖြစ်ပြီး အရွယ်သေး Notch မှာ 32MP ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး ပင်မက 64MP ဖြစ်နိုင်ပါတယ်။ 8GB RAM ပါလာမှာ ဖြစ်ပြီး 128/256GB Storage တွေ ရွေးချယ်နိုင်မှာပါ။

Photo : Gizmochina

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။