Realme GT 5G ကို မတ်လ ၄ ရက်နေ့စတင်မတ်ဆက်ပေးမည်

realme ဟာ Snapdragon 888 Chipset ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီး နေပြီး လျှို့ဝှက်နာမည်က Race ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ realme ရဲ့ Series အသစ်ထဲက ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ သူ့ရဲ့ နာမည်က realme GT 5G ဖြစ်ပြီး အခုတော့ သူ့ကို နောက်လ ၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။တရုတ်က TENAA မှာလည်း သူ့ကို မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။

မော်ဒယ်နံပါတ်က RMX2202 ဖြစ်ပြီး ဓါတ်ပုံတွေအရ Punch Hole မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ အရင်သတင်းတွေအရ သူ့ရဲ့ ပင်မ ကင်မရာဟာ 64MP ဖြစ်ပြီး 13MP Ultrawide နဲ့ 13MP Telephoto Lenses တွေ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ အရင်ကလည်း သူ့ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားခဲ့ဖူးပြီး ဒီဇိုင်းက TENAA က ပုံတွေနဲ့ တူညီနေပါတယ်။ ကွာခြားတာက အရင်က ပုံအရ ဖုန်း အနောက်ဘက်မှာ Dare To Leap စာသားကြီးကြီးကို မြင်ရပါတယ်။

realme ဟာ Snapdragon 888 Chipset ပါတဲ့ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး လျှို့ဝှက်နာမည်က Race ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ realme ရဲ့ Series အသစ်ထဲက ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

realme Race မှာ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး Android 11 အခြေပြု realme UI 2.0 အထောက်အပံ့နဲ့ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 125W Charging ပါတဲ့ realme ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာဖြစ်ပါတယ်။ သူ့မှာ အရွယ် ကြီး 5,000mAh ဘက်ထရီနဲ့ 120Hz Refresh Rate ပါလာနိုင်ပါတယ်။

Photo: MySmartPrice

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။