Redmi Note 10 Pro and Note 10 Pro Max

Xiaomi က အိန္ဒိယမှာ စွမ်းရည်သင့် Redmi Note 10 Pro နဲ့ Note 10 Pro Max ကို ကြေညာလိုက်ပါတယ်။ သူတို့မှာ ၆.၆၇ လက်မ Full HD+ AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ 240Hz Touch Sampling Rate တွေ ထည့်သွင်းထားပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ 16MP Punch Hole ကင်မရာ ပါလာပြီး Snapdragon 732G Chipset မောင်းနှင်ထားပါတယ်။ Android 11 အခြေပြု MIUI 12 ထည့်သွင်းထားပြီး MIUI 12.5 ကို မကြာခင် ရမှာပါ။

Note 10 Pro Max မှာ 108MP Samsung HM2 Sensor ပါလာပြီး ISOCELL Plus နဲ့ Smart ISO လုပ်ဆောင်ချက်တွေ ထောက်ပံ့ထားပါတယ်။ Redmi Note 10 Pro မှာ 64MP Samsung ISOCELL GW3 Main ထည့်သွင်းထားပါတယ်။ ကျန် ကင်မရာတွေက ဖုန်း ၂ လုံးစလုံးမှာ တူညီပြီး 8MP Ultrawide, 2MP Portrait နဲ့ 5MP Telemacro Zoom တွေ ဖြစ်ပါတယ်။

Xiaomi က အိန္ဒိယမှာ စွမ်းရည်သင့် Redmi Note 10 Pro နဲ့ Note 10 Pro Max ကို ကြေညာလိုက်ပါတယ်။

၂ လုံးစလုံးမှာ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ IP52 ရေစိုခံစံနှုန်းနဲ့ 33W Fast Charging ထောက်ပံ့တဲ့ 5,020mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

  • ၆.၆၇ လက်မ (1080 × 2400 pixels) Full HD + 20: 9 AMOLED မျက်နှာပြင်သည် 120Hz Refresh Rate၊ HDR10 + ၊ ၁၂၀၀ nits Brightness အထိ၊ 100% DCI-P3 အရောင်အသွေး၊ Corning Gorilla Glass 5 protection • Octa Core (2.3GHz Dual + 1.8GHz Hexa Kryo 470 CPUs) Snapdragon 732G 8nm Mobile Platform with Adreno 618 GPU
  • 64GB (UFS 2.2) သိုလှောင်မှုနှင့်အတူ 6GB LPDDR4X RAM၊ 128GB (UFS 2.2) သိုလှောင်မှုပမာဏ 6GB / 8GB LPDDR4X RAM၊ microSD နှင့်အတူ 512GB အထိတိုးချဲ့နိုင်သော memory
  • Android 11 with MIUI 12, upgradable to MIUI 12.5
  • Dual SIM (nano + nano + microSD)
  • Redmi Note 10 Pro – 64MP နောက်ဘက်ကင်မရာ Samsung ISOCELL GW3 အာရုံခံကိရိယာ၊ LED Flash၊ 8MP 120 ° ultra-wide sensor, 2MP depth နှင့် 5MP telemacro ကင်မရာ။
  • Redmi Note 10 Pro Max – 108MP rear camera with 1/1.52″ Samsung HM2 sensor with 0.7μm pixel size, LED Flash, 8MP 120° ultra-wide sensor, 2MP depth and 5MP telemacro camera
  • 16MP ရှေ့မျက်နှာပြင်ကင်မရာ
  • ဘေးထွက်တပ်ဆင်ထားသည့်လက်ဗွေဆင်ဆာ၊ IR အာရုံခံကိရိယာ
  • 3.5mm audio jack, Stereo speakers, Hi-Res audio
  • ရေစိုခံစနစ် (IP52)
  • အရွယ်အစား: 164.5 × 76.15 × 8.1mm; အလေးချိန်: 192g
  • Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz, Bluetooth 5, GPS/GLONASS/Beidou, USB Type-C
  • 50WmAh (ပုံမှန်) ဘက်ထရီ 33W မြန်သောအားသွင်းစနစ်

Redmi Note 10 Pro ရဲ့ 6/64GB , 6/128GB နဲ့ 8/128GB ကို ၁၅,၉၉၉ , ၁၆,၉၉၉ နဲ့ ၁၈,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၃ သိန်း ၊ ၃ သိန်း ၃ သောင်းနဲ့ ၃ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ မတ်လ ၁၇ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာဖြစ်ပါတယ်။Redmi Note 10 Pro နဲ့ Note 10 Pro Max ၂ လုံးစလုံးအတွက် Vintage Bronze, Glacial Blue နဲ့ Dark Night အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Redmi Note 10 Pro Max ရဲ့ 6/64GB , 6/128GB , 8/128GB ကို ၁၈,၉၉၉ , ၁၉,၉၉၉ နဲ့ ၂၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၃ သိန်း ၇ သောင်း၊ ၃ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၂ သောင်းလောက်ကျသင့်မှာပါ။ ဒီလ ၁၈ ရက်နေ့ အိန္ဒိယမှာ ရောင်းမှာပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။