10x periscope ကင်မရာနှင့်အတူပါရှိတဲ့ Xiaomi Mi 11 Pro ဓာတ်ပုံ များပေါက်ကြား

Xiaomi သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင်အမြန်ဆုံး 2.84 GHz အမြန်နှုန်းဖြင့် Qualcomm Snapdragon 888 chipset ဖြင့်အဆင့်မြင့်စမတ်ဖုန်း Mi 11 ကိုမိတ်ဆက် ပေးခဲ့ပါတယ်။မကြာသေးမီက Xiaomi Mi 11 Pro ၏ပိုစတာကိုတရုတ်ပြည်၏အဓိက လူမှုမီဒီယာ Weibo တွင်ပေါက်ကြားခဲ့ပြီး ၎င်းဟာPeriscope နောက်ကင်မရာ ထည့်သွင်းထားကြောင်းဖော်ပြခဲ့ပါတယ်။

Xiaomi ဟာ Mi 11 ၁ လုံးထဲကိုပဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပေမယ့် Pro မော်ဒယ်ကို ချပြဖို့ကျန်နေပါသေးတယ်။ အခုတော့ Mi 11 Pro ရဲ့ ပိုစတာ ပေါက်ကြား လာပြီး Periscope Lens ပါလာတာမြင်ရပါတယ်။ ကင်မရာ ဘေးမှာ 120x စာသားကို ပြသ ထားတာက Digital Zoom အပါအဝင် အမြင့်ဆုံး Zoom ပမာဏကို ဖော်ပြ ထားတာပါ။ Optical Zoom ဟာ 10x ဖြစ်နိုင်ပါတယ်။ တခြား ကင်မရာ ၃ လုံးဟာ Mid-range Zoom ဖြစ်နိုင်ပြီး ၁ လုံးက ရိုးရိုး Mi 11 မှာ ပါတဲ့ ကင်မရာဟာ 108MP ကင်မရာ ဖြစ်နိုင်ပါတယ်။

Xiaomi သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင်အမြန်ဆုံး 2.84 GHz အမြန်နှုန်းဖြင့် Qualcomm Snapdragon 888 chipset ဖြင့်အဆင့်မြင့်စမတ်ဖုန်း Mi 11 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။

ဒီဇိုင်းက ဒီလ အစောပိုင်းမှာ တွေ့ခဲ့ရတဲ့ ဓါတ်ပုံတွေနဲ့ တော်တော် တူညီပါတယ်။ မျက်နှာပြင်က ရိုးရိုး မော်ဒယ်မှာလို ၆.၈၁ လက်မ AMOLED 1440p+ Resolution ဖြစ်နိုင်ပြီး 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate တွေ ထောက်ပံ့ ထားနိုင်ပါတယ်။ Snapdragon 888 Chipset ကိုအသုံးပြုပြီးမောင်းနှင်ထားပါတယ်။Mi 11 Pro မှာ Mi 10 Ultra မှာလို 120W Wired Charging နဲ့ 80W Wireless Charging တွေ ထည့်သွင်းထားနိုင်ပြီး နောက်လ ကြေညာနိုင်မယ်လို့မျှော်လင့်ရပါတယ်။

Ben Geskin က Mi 11 Pro ရဲ့ ဓါတ်ပုံကို အရင်က မျှဝေထားဖူးပြီး သူဟာ Mi 11 မထွက်ခင် ရက်သတ္တပတ် အနည်းငယ် အလိုကလည်း Mi 11 ရဲ့ ဓါတ်ပုံကို တိကျစွာ ချပြခဲ့ဖူးပါတယ်။Mi 11 Extreme Edition ကိုလည်း ကြေညာနိုင်ပြီး Mi 10 Ultra ရဲ့ မျိုးဆက် ဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးဘဲ Mi 11 Lite လည်း ထွက်လာဦးမယ်လို့ သတင်းထွက်နေပါတယ်။

Photo : Android Authority

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။