108MP ကင်မရာပါ realme 8 Series

realme ဟာ 8 Series ကို Tease လုပ်နေတာ တော်တော်ကြာနေပြီ ဖြစ်ပြီး ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။ အခုတော့ realme က ဒီလ ၂၄ ရက်နေ့ ကြေညာမယ်လို့ အရိပ်အမြွက် သတင်းပေးလိုက်ပါတယ်။

realme မျှဝေလိုက်တဲ့ ဗီဒီယိုမှာ အိန္ဒိယနဲ့ ဥရောပရဲ့ စီအီးအို Madhav Sheth ဟာ အိန္ဒိယနိုင်ငံ Greater Noida မှ Buddh International Circuit မှာ Sports ကား ၁ စီးကို မောင်းနေပါတယ်။ ဗီဒီယိုရဲ့ ၁ မိနစ် ၄၃ စက္ကန့်မှာ မတ်လ ၂၄ ရက်နေ့ကို ပြသထားပြီး ၂ မိနစ် ၁၆ စက္ကန့်မှာ 108MP ကင်မရာ စမတ်ဖုန်းကို အဲဒီနေ့ ကြေညာမယ်လို့သတင်း ပေးထားပါတယ်။

realme 8 Series မှာ 8 , 8 Pro ပါလာနိုင်ပြီး ဗီဒီယိုမှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို မပြထားပါဘူး။ အရင်က မျှဝေခဲ့တဲ့ Teaser မှာတော့ 8 မှာ 64MP ကင်မရာနဲ့ Pro မှာ 108MP ကင်မရာ ပါလာမယ်လို့ သတင်းပေးထားတာဖြစ်ပါတယ်။

 

realme ဟာ 8 Series ကို Tease လုပ်နေတာ တော်တော်ကြာနေပြီ ဖြစ်ပြီး ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။ အခုတော့ realme က ဒီလ ၂၄ ရက်နေ့ ကြေညာမယ်လို့ အရိပ်အမြွက် သတင်းပေးလိုက်ပါတယ်။

သူတို့ မော်ဒယ် ၂ ခုစလုံးရဲ့ အနောက်ဘက်တွင် ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး Dare To Leap စာသား ကြီးကြီးကို မြင်ရပါတယ်။ Sheth က 8 Pro အကြောင်းကို ဘာမှ သိပ်မပြောသေးပါဘူး။ 8 မှာတော့ Helio G95 SoC , ၆.၄ လက်မ AMOLED မျက်နှာပြင် , 5,000mAh ဘက်ထရီနဲ့ 30W Charging ပါလာမယ်လို့ အတည်ပြုထားပါတယ်။

ကုမ္ပဏီဘက်မှအရင်က မျှဝေခဲ့တဲ့ Teaser မှာတော့ 8 မှာ 64MP ကင်မရာနဲ့ Pro မှာ 108MP ကင်မရာ ပါလာမယ်လို့ သတင်းပေးထားပါတယ်။ သူတို့အတွက် ဘယ်အရောင်တွေ ထုတ်လုပ်ထားမလဲ ဆိုတာ မသိရသေးပေမယ့် Pro အတွက် အမှောင်ထဲမှာ အလင်းရောင်တောက်ပစေတဲ့ အထူးထုတ် ကာဗာ ထုတ်လုပ်ထားမှာပါ။

ဖုန်းတွေရဲ့ Specs တွေကို ဘာမှ မပြောထားပေမယ့် အရင်က Teaser တွေအရ Pro မှာ အနောက်ကင်မရာ ၄ လုံးတပ်ဆင်ထားမှာဖြစ်ပါတယ်။ realme 8 ရဲ့ ဓါတ်ပုံ ၁ ပုံကို ကုမ္ပဏီက ဒီလ အစောပိုင်းက မျှဝေထားပြီး ဒီဇိုင်းကို လေ့လာလို့ရခဲ့သလို Helio G95 SoC, 6.4” AMOLED မျက်နှာပြင် , 5,000mAh ဘက်ထရီနဲ့ 30W Charging တွေ ထည့်သွင်းထားမှာဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။