ရုံတင်ရက်ရွှေ့ဆိုင်းသွားခဲ့တဲ့  Quiet Place 2 နှင့် The King’s Man ရုပ်ရှင်ကား

Sony Pictures ရုပ်ရှင်အားလုံးကိုကြေငြာပြီးတဲ့နောက်မှာဒီနှစ်အစောဆုံး အောက်တိုဘာလ အထိရွှေ့ဆိုင်း မှာဖြစ်ပြီး 007 No Time To Die ,Ghostbusters: Afterlife, Morbius နှင့် Uncharted 2  တို့ကိုရိုက်ကူး သွားမှာဖြစ်ပါတယ်။ မကြာသေးမီက Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးမှလည်း အရင် Part 1 မှဆက်လက်ရိုက်ကူးထားတဲ့ A Quite Place Part 2 နှင့် Thriller နောက်ဆက်တွဲ ရုပ်ရှင် The King’s Man ကို ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်တွင်ရွှေ့ဆိုင်းပြောင်းလဲခဲ့ပါတယ်။

A Quiet Place Part 2 ကိုအမေရိကန်ပြည်ထောင်စုအတွင်းပြသမယ့်ရက်ကို မူလApril လမှ စက်တင်ဘာ ၁၇ ရက်နေ့ အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။  The King’s Man ၏တတိယမြောက်ရုပ်ရှင်ကိုလဲ ၂၀၁၉ ခုနှစ်ကတည်းက ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိူးမျိူး ရုံတင်ရက် ပြောင်းလဲခဲ့ပြီး ၂၀၂၀ ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ကို ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုဗစ်ကြောင့် ထပ်မံကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပြီး ၂၀၂၁ ခုနှစ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။အခုချိန်မှာလည်း ကိုဗစ်ဟာ သိပ်ပြီးစိတ်ချရတဲ့ အခြေအနေ မဟုတ်သေးတာကြောင့် ရုံတင်ရက်ကို ထပ်မံနောက်ဆုတ်ခဲ့ရပါတယ်။

Sony Pictures ရုပ်ရှင်အားလုံးကိုကြေငြာပြီးတဲ့နောက်မှာဒီနှစ်အစောဆုံးအောက်တိုဘာလ အထိရွှေ့ဆိုင်း မှာဖြစ်ပြီး 007 No Time To Die ,Ghostbusters: Afterlife, Morbius နှင့် Uncharted 2  တို့ကိုရိုက်ကူး သွားမှာဖြစ်ပါတယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ကိုဗစ်ဟာ ဆက်လက်ဖြစ်ပွားနေတာ ကြောင့် Disney က ဒီရုပ်ရှင်ကို ရုံတင်ရက် နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် မတ် (၁၂) ရက်နေ့မှာ ရုံမတင်တော့ဘဲ ငါးလနောက်ဆုတ်သွားပြီး ၂၀၂၁ ခုနှစ် ဩဂုတ် (၂၀) ရက်မှ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီရုံတင်ရက်ကို နောက်တစ်ခါ ထပ်ပြီးနောက်ဆုတ်စရာ မလိုတော့ဘူး ဆိုရင်တော့ ဒီရုပ်ရှင်ဟာ (၂) နှစ်နီးပါးလောက် နောက်ကျပြီးမှ ထွက်လာမှာ ဖြစ်ပါတယ်။

အလားတူပဲ John Wick  (2014) ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့မှစိတ်လှုပ်ရှားဖွယ်ကောင်းသောရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ မှ၂ လ‌နောက်ဆုတ်သွားပြီး April လ ၂ ရက်နေ့သို့ပြောင်းရွှေ့ခဲ့ပါတယ်။ Tom Hanks နှင့် Caleb Landry Jones တို့သရုပ်ဆောင်ထားသော Bios ရုပ်ရှင်ဇာတ်ကားကိုလည်း သြဂုတ်လ ၁၃ ရက်နေ့ အထိရွှေ့ဆိုင်း ပြောင်းလဲခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။