၂၀၂၀ခုနှစ်ရဲ့ rating အမြင့်ဆုံး Horror ရုပ်ရှင်ကောင်း (၅)ကား

အားလုံးသိကြတဲ့အတိုင်း ၂၀၂၀ ခုနှစ်ဟာ ကိုဗစ်ကြောင့် ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်အများစုဟာ ရုံတင်ရက်တွေ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ တချို့ရုပ်ရှင်တွေကတော့ ရုံမတင်တော့ဘဲ streaming service တွေကနေ ပြသခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအနေနဲ့ Netflix လိုမျိူး original ရုပ်ရှင်တွေကို ထုတ်လုပ်နိုင်တဲ့ streaming service တွေက ပြသခဲ့တဲ့ ရုပ်ရှင်အသစ်တွေကိုတော့ ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားတဲ့ rating အများဆုံး သရဲရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(5) Freaky

ဒီရုပ်ရှင်ကတော့ IMDb (6.3) ရရှိထားပြီး horror အမျိူးအစားနဲ့ ဟာသ ရောနှောထားပါတယ်။ တစ်ရက်မှာတော့ အထက်တန်း ကျောင်းသူလေးတစ်ယောက်ဟာ လူသတ်သမားတစ်ယောက် လိုက်လံတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ သူမဟာ အသက်မဆုံးရှုံးသွားပါဘူး။

ပရိသတ်တွေအနေနဲ့ Netflix လိုမျိူး original ရုပ်ရှင်တွေကို ထုတ်လုပ်နိုင်တဲ့ streaming service တွေက ပြသခဲ့တဲ့ ရုပ်ရှင်အသစ်တွေကိုတော့ ကြည့်ရှုခွင့် ရခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားတဲ့ rating အများဆုံး သရဲရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

နောက်တစ်ရက် ရောက်သွားတဲ့အချိန်မှာတော့ ထူးခြားစွာပဲ သူမဟာ အဲ့ဒီလူသတ်သမားနဲ့ ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပါတယ်။လူသတ်သမားဟာ ကောင်မလေးရဲ့ ကိုယ်ထဲရောက်သွားပြီး ကျောင်းသားကျောင်းသူတွေကို လိုက်သတ်ပါတော့တယ်။ နောက်ဆုံးမှာကောင်မလေးက သူ့ခန္ဓာကိုယ်ကို ပြန်ယူနိုင်မလားဆိုတာကိုတော့ စိတ်ဝင်စားစွား နဲ့ရိုက်ကူးထားတဲ့ Freaky ရုပ်ရှင်ကားကို ရှာကြည့်နိုင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Vince Vanghn ၊ Kathryn Newton နဲ့ Uriah Shelton တို့က အဓိက ပါဝင်ထားပါတယ်။

(4) His House

IMDb (6.5) ရရှိထားတဲ့ Nerflix original ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်ဖြစ်နေတဲ့ ဆူဒန်နိုင်ငံက ဒုက္ခသည်အတွဲတစ်တွဲဟာ အသက်လုပြီး နိုင်ငံတွင်းက ထွက်ပြေးလာခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ဟာ အင်္ဂလန်ရဲ့ မြို့တစ်မြို့မှာ အခြေချဖို့ ကြိုးစားကြရင်း မထင်မှတ်ထားတာတွေကို ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sope Dirisu ၊ Wunmi Mosaku နဲ့ Matt Smith တို့က အဓိက ပါဝင်ထားပါတယ်။

(3) Host

ဒီရုပ်ရှင်ကတော့ IMDb (6.6) ရရှိထားပြီး Shudder streaming service က ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းသုံးယောက်ဟာ လော့ဒ်‌ဒေါင်း ကာလအတွင်းမှာ Zoom ကနေတစ်ဆင့် တွေ့ဆုံခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ မဆက်သွယ်သင့်တဲ့သူကို မတော်တဆ ဆက်သွယ်မိသွားပြီး တစ်ယောက်ချင်းဆီရဲ့အိမ်မှာ ထူးဆန်းတာတွေ ဖြစ်လာပါတော့တယ်။

(2) Run

ဒီရုပ်ရှင်ကတော့ IMDb (6.7) ရရှိထားပြီး Hulu ကနေ ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ရွယ် ကျန်းမာရေး မကောင်းတဲ့ သမီးလေးကို တစ်ဘဝလုံး စောင့်ရှောက်လာတဲ့ မိဘတစ်ယောက်ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမရဲ့ သမီးဟာ ကျန်းမာရေး မကောင်းတာကြောင့် ကျောင်းလည်းမတက်နိုင်ဘဲ အိမ်မှာပဲ ဆရာခေါ်သင်ရပါတယ်။ တစ်ရက်မှာတော့ ဒီကောင်မလေးဟာ သူ့ရဲ့အမေက တစ်ခုခုကို လျှို့ဝှက်ထားတယ်လို့ သံသယ ဝင်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sarah Paulson ၊ Kiera Allen နဲ့ Onalee Ames တို့က အဓိက ပါဝင်ထားပါတယ်။

(1)       The Invisible Man

ဒီရုပ်ရှင်ကတော့ IMDb (7.1) ရရှိထားပြီး ၂၀၂၀ နှစ်စပိုင်းမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cecilia ရဲ့ နှိပ်စက်တတ်တဲ့ ခင်ပွန်းဟာ သူ့ကိုယ်သူ သတ်သေသွားပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို သူမအတွက် ချန်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း Cecilia ကတော့ သူ့ရဲ့ခင်ပွန်းသေဆုံးမှုဟာ အတုကြီးလို့ သံသယဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာတော့ အဖြစ်အပျက်တွေ အမျိူးမျိူးကြောင့် ဘယ်သူမှမမြင်ရဘဲ ကိုယ်ပျောက်နေတဲ့ လူတစ်ယောက်က သူမကို ခြောက်လှန့်နေတယ်ဆိုတာ သက်သေပြဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Elisabeth Moss ၊ Oliver Jackson-Cohen နဲ့ Aldis Hodge တို့က အဓိက ပါဝင်ထားပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။