၂၀၀၀ခုနှစ်နောက်ပိုင်းအကောင်းဆုံးရုပ်ရှင် ဇာတ်ကားများ

တစ်နှစ်တာဆိုတဲ့ အချိန်အတွင်းမှာတောင် ရုပ်ရှင်ကားပေါင်း မြောက်များစွာ ထွက်ရှိလေ့ ရှိပြီး အဲ့ဒီထဲမှာ မှတ်ချက်ကောင်းတွေ ရရှိထားတဲ့ ရုပ်ရှင်ကားများစွာလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလို မှတ်ချက်ကောင်းတွေ ရရှိထားတဲ့ ရုပ်ရှင်ကားတွေတောင် အော်စကာဆု ဆွတ်ခူးဖို့ဆိုတာ မလွယ်ကူပါဘူး။ အခုဆိုရင် ဇာတ်ကားကောင်းတွေဆိုအပြိုင်အဆိုင်ထွက်ရှိနေကြပြီး အသီးသီးအောင်မြင်မှုတွေရကြတာလည်းတွေ့နေရပါတယ်။

ခုနောက်ပိုင်းကလေးတွေဟာ ၂၀၀၀ ခုနှစ်တုန်းက ဇာတ်ကားတွေပြန်ကြည့်ဖိုဆိုတာ မဖြစ်နိုင်တော့သလောက်ပါပဲ။ဒါပေမယ့်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်း မဖြစ်မနေ လက်မလွှတ်တမ်းပြန်ရှာပြီးကြည့်သင့်တဲ့ ဇာတ်ကားတွေလည်း အများအပြားရှိနေပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ ထွက်ရှိထားပြီး တစ်သက်မှာတစ်ခါကြည့်သွားသင့်တဲ့  ရုပ်ရှင်ဇာတ်ကားကို ဖော်ပြပေးချင်ပါတယ်။

The Aviator

ဒီရုပ်ရှင်ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Howard Hughes ဆိုတဲ့ အလွန်ဉာဏ်ကောင်းပြီး ထူးဆန်းတဲ့ သူဌေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာသူ့ရဲ့ အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်စေနိုင်တဲ့ စိတ်ရောဂါတစ်ခုလည်း ဖြစ်နေပါသေးတယ်။Howard Hughes ဆိုသူဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ ဒါရိုက်တာ၊ လေယာဉ်မှူး၊ အင်ဂျင်နီယာနဲ့ ပရဟိတသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Leonardo DiCaprio ၊ Cate Blanchett နဲ့ Kate Beckinsale တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကိုတော့ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အော်စကာဆု(၅)ဆုတောင် ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

Gladiator

ဒီရုပ်ရှင်ဇာတ်ကားကြိးကတော့ ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.5)အထိမြင့်ဆုံး ရရှိထားပါတယ်။

တစ်နှစ်တာဆိုတဲ့ အချိန်အတွင်းမှာတောင် ရုပ်ရှင်ကားပေါင်း မြောက်များစွာ ထွက်ရှိလေ့ ရှိပြီး အဲ့ဒီထဲမှာ မှတ်ချက်ကောင်းတွေ ရရှိထားတဲ့ ရုပ်ရှင်ကားများစွာလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလို မှတ်ချက်ကောင်းတွေ ရရှိထားတဲ့ ရုပ်ရှင်ကားတွေတောင် အော်စကာဆု ဆွတ်ခူးဖို့ဆိုတာ မလွယ်ကူပါဘူး။ဒါကြောင့် ဒီတစ်ခါမှာတော့ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ ထွက်ရှိထားပြီး တစ်သက်မှာတစ်ခါကြည့်သွားသင့်တဲ့  ရုပ်ရှင်ဇာတ်ကားကို ဖော်ပြပေးချင်ပါတယ်။

 

ဇာတ်လမ်းအကျဉ်းကတော့ အင်ပါယာ ဘုရင်မင်းမြတ် Marcus Aurelius ဆီက အာဏာလွှဲပြောင်း ရရှိလာတဲ့ သားဖြစ်သူ Commodus ဟာ ဖခင်လက်ထက်က အားကိုးအားထား ပြုခဲ့တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ Maximus ကို ရာထူးချပြီး အပြစ်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Maximus ဟာ သားရဲတိရစ္ဆာန်၊ ဒါမှမဟုတ် လူအချင်းချင်း သတ်ပုတ်ပြီး ပရိသတ်ကို ဖျော်ဖြေရတဲ့ ကျွန်သာသာဘဝနဲ့ ရုန်းကန်ရတော့မယ့် ဘဝကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Russell Crowe ၊ Connie Nielsen နဲ့ Joaquin Phoenix တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားကတော့ အော်စကာ(၅)ဆု အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Chicago

ဒီရုပ်ရှင်ကတော့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အရာရာမှာ ပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်နေကြတဲ့ အမျိူးသမီးနှစ်ယောက်ဟာ ချီကာဂိုမြို့က နာမည်ကြီးရှေ့နေတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် ယှဉ်ပြိုင်ရာကနေ လူသတ်မှုတစ်ခု ဖြစ်သွားတဲ့အခါမှာတော့ …ဘာတွေဆက်ပြီး စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားသလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးတို့ကိုယ်တိုင် ပြန်လည်ရှာကြည့်လို့ရပါတယ်။သရုပ်ဆောင်တွေကတော့ Richard Gere ၊ Renee Zellweger နဲ့ Catherine Zeta-Jones တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာဆု(၆)ဆုအထိ ရရှိထားပါတယ်။

The Hurt Locker

ဒီရုပ်ရှင်ဇာတ်ကားကြီကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆာဂျင် William James ဟာ အီရတ်စစ်ပွဲအတွင်းမှာ ဗုံးဖြုတ်တဲ့အဖွဲ့နဲ့ တာဝန်ကျခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ အတွေးအခေါ်တွေနဲ့ အန္တရာယ်ကြားထဲကို မဆင်မခြင် တိုးဝင်သွားတတ်တဲ့ အကျင့်တွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့အဖွဲ့သားတွေကြားထဲမှာ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာခဲ့ပြီး သူဘယ်ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားစွာ ပုံဖော်ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေကတော့ Jeremy Renner ၊ Anthony Mackie နဲ့ Brian Geraghty တို့က အဓိကပါဝင်ခဲ့ပြီး အော်စကာဆု(၆)ဆု ရရှိထားပါတယ်။

Slumdog Millionaire

ဒီရုပ်ရှင်ကလည်း ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မွမ်ဘိုင်းမြို့က ကောင်လေးတစ်ယောက်ဟာ အိန္ဒိယနိုင်ငံရဲ့ ” Who Wants To Be A Millionaire” အစီအစဉ်မှာ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲ့ဒီအစီအစဉ်မှာ အနိုင်ရရှိဖို့အတွက် တစ်နည်းနည်းနဲ့ လိမ်ညာလှည့်ဖြားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဘာကြောင့် အဖြေတွေအားလုံးကို သိနေလည်းဆိုတာ မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။ Dev Patel ၊ Freida Pinto နဲ့ Irrfan Khan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးဇာတ်လမ်းကလည်းစိတ်ဝစားစရာကောင်းလို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အော်စကာဆု(၈)ဆုအထိကို ရရှိထားပါတယ်။

The Lord of the Rings: The Return of The King

ဒီရုပ်ရှင်ကတော့ အားလုံးလဲ ကြည့်ဖူးကြပြီး ကြိုက် ကြမယ်လို့ယုံကြည်ပါတယ်။ ၂၀၀၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Gandalf နဲ့ Aragorn တို့ဟာ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Frodo နဲ့ Sam တို့ဟာ လက်စွပ်ကို ဖျက်ဆီးဖို့အတွက် Mount Doom ကို ထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Gollum ရဲ့နောက်ကို လိုက်လာခဲ့ကြရာက မမျှော်လင့်ထားတာနဲ့တွေ့ကြုံကြရပါတော့တယ်။

သရုပ်ဆောင်တွေကတော့ Viggo Mortensen ၊ Elijah Wood ၊ Iran McKellen နဲ့ Sean Astin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားဟာဆိုရင်တော့ အော်စကာဆု(၁၁)ဆုအထိတောင် ဆွတ်ခူးရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဖော်ပြပါဇာတ်ကားများကတော့ ၂၀၀၀ခုနှစ် နောက်ပိုင်း ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်သက်မှာတစ်ခါမဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားတွေဖြစ်ပြီး အော်စကာဆုအများဆုံး ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားများကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျော်လင့်ပါတယ်။ ပရိတ်သတ်တို့အနေနဲ့၂၀၀၀ခုနှစ်ဝန်းကျင်အတွင်းထွက်ရှိထားတဲ့ဇာတ်ကားတွေထဲက ဘယ်ဇာတ်ကားတွေကြိုက် ကြသလဲဆိုတာကို မျှ‌‌‌ဝေပေးသွားပါအုန်းနော်………

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။