အိမ်တွင်းအောင်းနေချိန် စိတ်နဲ့ကိုယ်ကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ရမလဲ?

ဒီကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် အိမ်မှာနေကြရတဲ့သူတွေထဲမှာနှစ်မျိုးရှိပါတယ်။ အားနေတဲ့အချိန်တွေအကုန်လုံးကို သုံးပြီးကိုယ့်ဟာကိုယ် ပိုဂရုစိုက် ပိုပြင်ဆင်လာကြတဲ့သူတွေနဲ့ဘယ်သူနဲ့မှတွေ့စရာရှိတာမှ မဟုတ်တာလို့ စဉ်းစား ပြီးနေချင်သလို နေဖြစ်ကြတဲ့သူတွေ့ဖြစ်ပါတယ်။ တစ်ညလုံး ရုပ်ရှင်ကြည့် အိပ်ရေးပျက်လို့ ဝက်ခြံထွက် မျက်ကွင်းညှိတယ်ဆိုလည်းအပြင်လဲ သိပ်ထွက်ဖြစ်ကြတာမှမဟုတ်တာဆိုတဲ့ စိတ်နဲ့ လျစ်လျူရှု လိုက်ကြဖို့လွယ်ကူပါတယ်။ အိမ်တွင်းအောင်းနေအချိန် စိတ်နဲ့ကိုယ်ကျန်းမာအောင် ဘယ်လိုစောင့်ရှောက်ရမလဲ? ဆိုတာဖော်ပြပေးချင်ပါတယ်။

ဒါပေမယ့် တကယ်တော့ ကမ္ဘာကြီးပြန်ကျန်းမာလာတဲ့အချိန် ကိုယ်တိုင်လဲ လန်းလန်းဆန်းဆန်းနဲ့ ပြန်ပြီးလည်ပတ်ဖို့ ဆိုရင်ကိုယ့်ကိုယ်ကို အမြဲ စိတ်ဓာတ်ကျမနေအောင် လန်းဆန်းလှပအောင် နေတတ်ဖို့ကတကယ်လိုအပ်ပါတယ်။ ဒီအချိန်မှာ လှဖို့ပဖို့က အရေးကြီးလားလို့ ထောက်စရာရှိပေမယ့် လှတယ်ပတယ်ဆိုတာထက် စိတ်ရောလူပါ လတ်ဆတ်အောင်နေထိုင်တယ်လို့ပြောရင် ပိုပြီးမှန်ပါတယ်။

အစားအသောက်

တကယ်တော့ နေ့စဉ်ဘာကို စားသုံးတယ် ဘာအစားအသောက်တွေကသင့်ရဲ့ စားသောက်မှု ပုံစံထဲမှာ ပါဝင်နေတယ်ဆိုတာက ကိုယ့်ရဲ့ အသွင်အပြင်ကို အများကြီး သက်ရောက်မှုရှိပါတယ်။ ကျန်းမာဝင်းပတဲ့ အသားအရေ၊ ကြည်လင်တဲ့သွင်ပြင် တစ်ခုဖြစ်နေဖို့ ဆိုတာစိတ်ထင်ရာ အတိုင်းလူကို အကျိုးမပြုတဲ့ အစားအစောက်တွေ စားသောက်နေရင် ဘယ်လိုမှ မရလာနိုင်ပါဘူး။

သင်က ဘယ်လောက်ပဲကောင်းတယ်ဆိုတဲ့ စျေးကြီးတယ်ဆိုတဲ့ အလှကုန်တွေသုံးပါစေ အစားကိုအလွန်အကျွံစားတတ်တယ်၊ ဆီကြော်စာ၊ အချိုကဲတာတွေသာကြိုက်တတ်တယ်ဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနေနိုင်ပါဘူး။ ဒါကြောင့် ဒီ stay home period မှာတော့ ကိုခံအားကောင်းစေမယ့် ကောင်းကျိုးများစွားရှိတဲ့ အစားအသောက် တွေကိုပဲ ရွေးချယ်သင့်ပါတယ်။

ဒီကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် အိမ်မှာနေကြရတဲ့သူတွေထဲမှာနှစ်မျိုးရှိပါတယ်။ အားနေတဲ့အချိန်တွေအကုန်လုံးကို သုံးပြီးကိုယ့်ဟာကိုယ် ပိုဂရုစိုက် ပိုပြင်ဆင်လာကြတဲ့သူတွေနဲ့ဘယ်သူနဲ့မှတွေ့စရာရှိတာမှ မဟုတ်တာလို့ စဉ်းစား ပြီးနေချင်သလို နေဖြစ်ကြတဲ့သူတွေ့ဖြစ်ပါတယ်။ တစ်ညလုံး ရုပ်ရှင်ကြည့် အိပ်ရေးပျက်လို့ ဝက်ခြံထွက် မျက်ကွင်းညှိတယ်ဆိုလည်းအပြင်လဲ သိပ်ထွက်ဖြစ်ကြတာမှမဟုတ်တာဆိုတဲ့ စိတ်နဲ့ လျစ်လျူရှု လိုက်ကြဖို့လွယ်ကူပါတယ်။

အသားအရေထိန်းသိမ်းမှု

အစားအသောက်ကို စနစ်တကျနဲ့ စားသောက် ထိန်းသိမ်းတတ်ပြီဆိုရင် အရေပြားအလှအပကို ဂရုစိုက်တတ်ဖို့လဲ လိုပါတယ်။စကင်းကဲဖို့လိုတယ်လို့ ပြောလိုက်တာနဲ့ စျေးကြီးတဲ့အလှကုန် ပစ္စည်းအမျိုးစုံကိုပဲ သတိရကြတာများပါတယ်။

အခုလို အိမ်မှာအနေများတဲ့အချိန်တွေမှာကိုယ်ရဲ့ မီးဖိုချောင် ရေခဲ့သေတ္တာထဲက လတ်လတ်ဆတ်ဆတ် အသီးအနှံ တွေနဲ့ အိမ်တွင်းဖြစ်ပေါင်းတင်တာမျိုးလေး တွေကို စမ်းသပ်ကြည့်ဖို့ ဖြစ်ပါတယ်။ ကိုယ့်အသားအရေနဲ့ ပတ်သတ်တဲ့ စာတွေရှာဖတ် ကိုယ်နဲ့တကယ်အဆင်ပြေတဲ့ ပစ္စည်းတွေကိုပဲ သေချာရွေးချယ်သုံးဖို့ လေ့လာတာတွေလည်း အခုချိန်မှာ လုပ်ထားသင့်ပါတယ်။

စိတ်ရောကိုယ်ပါ တကယ်ကျန်းမာဖို့ဆိုရင်

တကယ်တော့အလှအပဆိုတာ စိတ်ရောကိုယ်ပါကျန်းမာနေမှ ပြည့်စုံတာဖြစ်ပါတယ်။ အပေါ်ယံအရေပြားကိုပဲ ဂရုစိုက်ပြီး စိတ်မပျော်တာတွေ စိတ်ဓာတ်ကျတာတွေ ကြုံနေရတဲ့သူတစ်ယောက် ဟာလည်းရေရှည် တည်မြဲဖို့ခက်ခဲပါတယ်။

ဒီနှစ်အတွင်းမှာတော့ အားလုံးလဲ တစ်မျိုးမဟုတ်တစ်မျိုးတော့ စိတ်ရှုပ်နေတာမျိုးတွေ စိတ်ဓာတ်ကျချင်တာမျိုးတွေဖြစ်နေတတ်တာ ပုံမှန်ထက်များနေမှာပါ ။ ဒီလိုအချိန်မျိုးမှာတရားထိုင်တာ ယောဂလေ့ကျင့်တာ၊ အကြောလျော့တာစတဲ့ အမူအကျင့်လေးတွေကိုတတ်နိုင်သလောက်လုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့တတ်ဖို့က အရေးကြီးလှပါတယ်။

စိတ်ညစ်လို့ စိတ်ရှုပ်လို့ ဆိုပြီး အစား‌လျှောက်စားတာ ကိုယ့်ဟာကို ဂရုမစိုက်ပဲ ဖြစ်သလို နေတာစတာတွေကို မလုပ်မိအောင် ကြိုးစားပါ။ ဒီအချက်လေးတွေက ဘာမှသိပ်မထူးသယောင်ထင်ရပေမယ့် တကယ်တမ်းလုပ်ဆောင်မယ် ၊ဂရုစိုက်မယ်ဆိုရင် covid 19 အတွင်းမှမဟုတ်ပဲ ဘယ်တော့မဆို လှပလန်းဆန်းနေစေဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။