အရင် Spider-Man ဇာတ်ကားများထဲ မှဗီလိန်လူဆိုးများအားလုံး Spider-Man 3 ထဲမှာပါဝင်လာမည်

DC ရုပ်ရှင်ထုတ်လုပ်ရေးမှThe  Flash ရုပ်ရှင်ကားအတွက် သတင်းကိုပထမဆုံးထုတ်ဝေခဲ့ပါတယ်။ Michael Keaton နှင့် Ben Affleck’s Batman စသည့်အခြားထွက်ရှိပြီးသားစူပါဟီးရိုးရုပ်ရှင်များမှ ဇာတ်ကောင် များကိုပြန်လည် ခေါ်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် Marvel ဘက်ကလဲ အဲလိုပုံစံတူလုပ်ဖို့ ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတာ (နောက်ပိုင်းကြေငြာချက်များကို ထုတ်ပြန်ခဲ့ပါတယ် ) ရပ်စဲထားသည့်ထွက်ရှိပြီးသားရုပ်ရှင်ကားတွေထဲက လူကောင်းနေရာတွင်သရုပ်သောဇာတ်ကောင်များ ဗီလိန်နေရာတွင်သရုပ်ဆောင်ခဲ့ဖူးသော သရုပ်ဆောင်ဟောင်းများကို သွားရောက်ညှိနှိုင်းခြင်းများရှိခဲ့ပြီး  MCU ၏ Spider-Man အပိုင်းအသစ်တွေမှာ ထည့်သွင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။

လက်တလော ထုတ်ပြန်ချက်များအရ Spider-Man (2002) တွင် ပထမဆုံး လူဆိုးဇာတ်ကောင်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ Willem Dafoe , Spider-Man 3 (2007) ထဲကGreen Goblin နဲ့ သဲလူသားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Thomas Haden Church တို့သည် နောက်ဆုံးရိုက်ကူးမယ့် Spider-Man တွင်ပါဝင်ရန်အတွက် နောက်ဆုံးအဆင့် ညှိနှိုင်းခြင်းများပြုလုပ်နေပြီဖြစ်ပါတယ်။

ဆိုလိုသည်မှာ ၂၀၀၂ ခုနှစ်မှ စတင်၍ Sony Pictures ဖန်တီးခဲ့သောအပိုင်း ၅ ခုလုံးမှလူကြမ်းများလုံးဝနီးပါးပြန်ရောက်လာပြီဖြစ်ပါတယ်။ Spider-Man 2 (2004) မှ Alfred Molina သည် Dr. Octopus ဇာတ်ကောင်အဖြစ်ပြန်ရောက်လာမှာဖြစ်ပြီး The Amazing Spider-Man 2 (2014) မှ Jamie Foxx လည်း Electro ဇာတ်ကောင်အဖြစ်ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

အခုအချိန်ထိ Spider-Man’s Multiverse ထဲကိုပြန်လာမယ်လို့ မထုတ်ပြန်ရသေးတဲ့ဇာတ်ကောင်များကတော့ပထမဆုံးထွက်ရှိခဲ့တဲ့ Spider-Man ထဲက Harry Osborn အဖြစ်သရုပ်ဆောင်ထားတဲ့  James Franco နဲ့The Amazing Spider-Man 2 ထဲက Dane DeHaan , The Amazing Spider-Man (2012) ထဲက Rhys Ifans , The Amazing Spider-Man 2 Paul Giamatti အဖြစ် Rhino နှင့်Topher Grace, Spider-Man 3 ထဲက Venom အဖြစ် Topher Grace တို့ဖြစ်ပါတယ်။ ဒါပေမယ့် Sony ဘက်မှ ဒီ Spider-Man’s Multiverse ရုပ်ရှင်ကို Tom Hardy ရဲ့ ဇာတ်ကောင်ကို အသွင်ပြောင်းဖို့ ရည်ရွယ်ထားတာကြောင့် နောက်ပိုင်းတွေမှာတော့ ပြန်လာဖို့ အနည်းငယ်ခက်ခဲ့နေပါလိမ့်မယ်။

DC ရုပ်ရှင်ထုတ်လုပ်ရေးမှMichael Keaton နှင့် Ben Affleck’s Batman စသည့်အခြားထွက်ရှိပြီးသားစူပါဟီးရိုးရုပ်ရှင်များမှ ဇာတ်ကောင် များကိုပြန်လည် ခေါ်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။ဒါပေမယ့် Marvel ဘက်ကလဲ အဲလိုပုံစံတူလုပ်ဖို့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် သတင်းမီဒီယာကြီးတွေကနေ ဒီအကြောင်းအရာတွေကို ထုတ်ပြန်ထားခြင်းမျိုးမရှိသေးတာကြောင့် ကောလဟာလတွေလဲဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်ခဲ့ရင်တောင် ခုရိုက်မယ့် Spider-Man ရုပ်ရှင် ဟာ Sony ဘက်က သရုပ်ဆောင်ကြေးတွေကို တတ်နိုင်ရင်တော့ အခုရုပ်ရှင်ကားအတွက်အရင်ထွက်ရှိခဲ့ဖူးတဲ့ရုပ်ရှင်ကား ဟောင်းတွေထဲက အဓိကသရုပ်ဆောင်နှင့်လူကြမ်းသရုပ်ဆောင်နှစ်ခုလုံးကို ပြန်လည်ခေါ်ယူရန် မှာအံ့အားသင့်စရာတော့မဟုတ်ပါဘူး။

The Amazing Spider-Man ဇာတ်ကားထဲမှ Peter Parker အဖြစ်သရုပ်ဆောင်ထားသော Andrew Garfield နှင့် Spider-Man 1-3 ထဲမှ Mary Jane Watson (MJ)အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kristen Duns တို့က အသစ်ရိုက်ကူးမယ့် Spider-Man ဇာတ်ကားထဲမှာ ဇာတ်ကောင်အသစ်နဲ့ ပါဝင်ဖို့အတွက်သေချာနေပြီဖြစ်ပါတယ်။

ကျန်ရှိနေသေးတဲ့ သရုပ်ဆောင်တွေကတော့ ပထမ ဦးဆုံးထွက်ရှိထားတဲ့ Spider-Man ထဲမှ Tobey Maguire ကတော့ ညှိနှိုင်းဆဲ အနေအထားမှာရှိနေပြီး Gwen Stacy အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Stone ကတော့ ကိုယ်ဝန်ဆောင် နေသောကြောင့် ဇာတ်ကားတွေလက်ခံရိုက်ကူးဖို့မဖြစ်နိုင်သေးပါဘူး။

ဒါအပြင် ရုပ်ရှင်ထုတ်လုပ်ရေးဘက်မှ Multiverse ကို အားဖြည့်ပေးတဲ့အနေနဲ့ အချိတ်အဆက်မိနေအောင် မှော်တံခါးကိုဖွင့်ဖို့အတွက် စွမ်းအင်းတွေပိုင်ဆိုင်ထားတဲ့ Doctor Strange လဲ အသစ်ထွက်လာမယ့် Spider-Manဇာတ်ကားထဲမှာပါဝင်လာမှာပဲဖြစ်ပါတယ်။

ယခင်ကကောလာဟလများအရ MCU ဇာတ်ကောင်တွေမှာ Daredevil အဖြစ် သရုပ်ဆောင်ထားတဲ့ Charlie Cox နှင့်လည်းပူးပေါင်းပါဝင်လာနိုင်ပါတယ်။ ပရိသတ်များက မျက်မမြင်ရှေ့နေ Matt Murdock သည် Far From Home (2019) ဇာတ်ကားရဲ့နောက်ဆုံးခန်းမှ သရုပ်အမှန်ကို ဖော်ထုတ်ခြင်းခံရတဲ့ Peter Parker အတွက်အကျိုးဆောင်ရှေ့နေအဖြစ် ကာကွယ်ပေးရန်ပါဝင်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

မကြာသေးမီက Kevin Feige က Spider-Man 3 (ဒီဇင်ဘာ ၂၀၂၁) နှင့် Doctor Strange 2 (မတ်လ ၂၀၂၂)၊ တို့သည်သုံးလအကွာထွက် လာမှာဖြစ်ပြီး ဇာတ်လမ်းနှစ်ခုလုံးဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက် မှာဖြစ်ပြီး တစ်ခုတည်းအဖြစ်မြင်တွေ့ရမယ်လို့ ပြောကြားခဲ့ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။