အဖြစ်များတဲ့ ကြာဆူး (Keratosis Pilaris) အကြောင်း

ကမ္ဘာပေါ်မှာ research အရ လူအယောက် 100 မှာ အယောက် 40 နှုန်း နဲ့ ဒီ ကြာဆူး အရေပြား ပြဿနာကို ဖြစ်နေ/ဖြစ်ဖူး ကြပါတယ် တဲ့။ Keratosis Pilaris ဆိုတာကတော့ မြန်မာလိုဆိုရင် ကြာဆူး လို့ အဓိပ္ပာယ်ရပါတယ်။ သူက လက်မောင်းအပေါ် ဘက်၊ပေါင်၊ပါး နဲ့ တင်ပါးတွေမှာ အဖြစ်များပြီးတော့ အန္တရာယ်မရှိတဲ့ သာမန် အရေပြား အခြေအနေတစ်မျိုးဘဲ ဖြစ်ပါတယ်။ အဆီခဲလိုလို ကြာဆူးအဖုလေးတွေကိုတော့ Chicken skin or Strawberry skin လို့လဲ ခေါ်ကြပါတယ်။

ကြာဆူး ဖြစ်လာပြီ ဆိုရင်တော့……
အသားအရေတွေ ခြောက်လာပြီး ကြမ်းပြီး မညီညာတဲ့ အဖုလေးတွေ အရေပြားပေါ်မှာ စပြီးဖြစ်လာပါမယ် ။ ယေဘုရအနေနဲ့ကတော့ စဖြစ်လာရင် ကြက်သီးထသလို ခပ်စူးစူးအဖုတွေဖြစ်လာကာ ယားယံတာ ခံစားရပြီး နာကျင်တာတော့ လုံးဝမခံစားရပါဘူး။ မဖြစ်အောင် ကာကွယ်လို့မရသလို လုံးဝအရှင်းပျောက်အောင် ကုသဖို့ ဆိုတာလည်း မဖြစ်နိုင်သေးပါ။ ဒါ့အပြင် သူက လူတစ်ဦးကနေ တစ်ဦး ကူးစက်ဖြစ်တတ်တဲ့ အရေပြား ရောဂါတစ်ခု လုံးဝ မဟုတ်ပါဘူး။


ကြာဆူးဖြစ်ခြင်းကို သက်သာစေနိုင်မယ့်နည်းလမ်းများ

Keratosis Pilaris အပေါ်မှာ ပြောခဲ့တဲ့အတိုင်း လုံးဝအရှင်း ပျောက်ကင်းအောင် ကုသလို့ မရပေမဲ့ အတိုင်းအတာတစ်ခု အထိ သက်သာအောင် ကုသလို့ ရမဲ့ အိမ်တွင်းနည်းလမ်းလေးတွေလည်း ရှိပါတယ်။ အခုပြောမဲ့ နည်းတွေကို ရေရှည်ပြုလုပ်ပေးတဲ့ အခါမှာ သိသာတဲ့ရလဒ်ကို အားလုံးဘဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

🔺ရေနွေးဖြင့် ရေချိုးပေးခြင်း- ရေချိုးတဲ့ အခါမှာ ရေနွေးကို အသုံးပြုပြီး ချိုးပေးမယ်ဆိုရင် ပိတ်ဆို့ခံထားရတဲ့ မွေးညှင်းပေါက်လေးတွေကို ပွင့်လာစေမှာဘဲ ဖြစ်ပါတယ်။ အဲ့နောက် အသားအရေကို နူးညံ့တဲ့ brush နဲ့ အသာအယာပွတ်တိုက်ပေးခြင်းက မညီညာပြီး ကြမ်းတမ်းနေတဲ့ အဖုလေးတွေကို လျော့ပါးစေမှာပါ။ဒီနေရာမှာ အားလုံးဘဲ သတိပြုရမဲ့ အချက်ကတော့ ရေချိုးတဲ့ ကြာချိန်ဘဲ ဖြစ်ပါတယ်။ ရေနွေးနဲ့ ရေကြာကြာချိုးခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ကောင်းကျိုးပေးတဲ့ သဘာဝအဆီတွေကို ဖယ်ရှားပစ်လိုက်နိုင်တဲ့ အတွက်ကြောင့် ရေနွေးနဲ့ ရေကြာကြာချိုးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။နောက်ပြီး ရေချိုးပြီးတဲ့ခါ moisture များများပါတဲ့ lotion မျိုးကို အသုံးပြုပေးပါ။

🔺 Exfoliation လုပ်ပေးခြင်း- Exfoliation မှန်မှန်လုပ်ပေးခြင်းကလည်း ကြမ်းတမ်းမညီမညာဖြစ်နေတဲ့ အသားအရေကို ပိုပြီး ချောမွေ့လှပလာအောင် ပြုလုပ်ပေးပါလိမ့်မယ်။ Dermatologist များကတော့ ရေချိုးတဲ့ အခါတိုင်း အဖုနေရာလေးတွေကို သပွတ်အူ ဒါမှမဟုတ် ရေမြှုပ်ကျောက်နဲ့ အသာအယာပွတ်တိုက်ပေးပါလို့ ဆိုထားကြပါတယ်။ဒါ့အပြင် တစ်ပတ်မှာ နှစ်ခါလောက် scrub ပြုလုပ်ပေးပါ။ အရေးအကြီးဆုံးအချက်ကတော့ scrub တိုက်ပြီးတိုင်းမှာ moisture ‌များများပါတဲ့ lotion ကိုသုံးပေးဖို့ လိုအပ်ပါတယ်။

🔺 Hydrating Lotion လိမ်းပေးခြင်း – Lactic acid ကဲ့သို့သော alpha hydroxy acids (AHAs), Salicylic Acid ပါဝင်တဲ့ lotion မျိုး Cream မျိုး သုံးပေးခြင်းကလည်း ခြောက်သွေ့နေတဲ့ အရေပြကို ရေဓာတ်‌ဖြည့်ပေးပြီး skin cells တွေကို ပိုမို ကျန်းမာတဲ့ သွင်ပြင်ကို ရရှိစေပါတယ်။ နောက်ပြီး အလှကုန်ဆိုင်တွေမှာ အလွယ်တကူရရှိနိုင်တဲ့ အလှဆီကို သုံးပေးခြင်းက ကြမ်းတမ်းနေတဲ့ အဖုလေးတွေကို ပျော့ပြောင်းချောမွေ့စေပြီး rose water ကိုတော့ နီရဲရောင်ရမ်းနေတဲ့ အခါ သုံးဖို့ အကြံပေးချင်ပါတယ်။

🔺နောက်တစ်ချက်ကတော့ အရမ်းကြပ်တဲ့ အဝတ်အစားတွေကို အတတ်နိုင်ဆုံး မဝတ်မိအောင် ရှောင်ကြဉ်ပေးပါ။အဲ့လိုအဝတ်အစားကြပ်ကြပ်‌တွေက အသားအရေနဲ့ အရမ်းပူးကပ်နေတဲ့အတွက် ပွတ်တိုက်မှုတွေ ဖြစ်‌လာပြီး အသားအရေပွန်းပဲ့တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ လေဝင်လေထွက်ကောင်းပြီး ချောင်ချိတဲ့ အဝတ်အစားမျိုးကိုဘဲ ဝတ်ဆင်ပေးပါ။

🔺နောက်ဆုံး အချက်အနေနဲ့ကတော့ ဆောင်းရာသီ လိုမျိုး ခြောက်သွေ့တဲ့ရာသီကို ရောက်လာအခါ ကိုယ့်ရဲ့အခန်း‌ထဲမှာ ရေငွေ့ထုတ်ပေးတဲ့ စက်ကို အသုံးပြုပေးပါ။ လေထုစိုထိုင်းဆမြင့်နေမှသာ မိမိရဲ့ ‌အရေပြားစိုထိုင်းဆကို ထိန်းပေးနိုင်မှာ ဖြစ်ပြီး ခြောက်သွေ့ယားယံခြင်းတွေ ကို ကာကွယ်ပေးနိုင်မှာပါ။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။