လောဘစိတ်ထားပါ

လောဘဆိုတာဘာလဲ?

လောဘစိတ်ထားပါ ‘လောဘ’ ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ လူတိုင်းက ဘာမှ မစဥ်းစား မတွေးခေါ် ပဲ မကောင်းတဲ့အရာလို့ပဲ ထင်ကြ မြင်ကြ တွေး​ကြတာလဲ။ အစဥ်အဆက် လောဘကို မကောင်းတဲ့အရာဟု​ သတ်မှတ်ကာ ​တွေးတောပြောဆို ကြလို့လားဟု မေးခွန်းထုတ်စရာပါပဲ။ ဥပမာဆိုရ​သော် လူတစ်ဦးကို
မုန့်တစ်ခုနူန်းနဲ့ ယူရမည့်နေရာမှာ နှစ်ခုယူမိလိုက်လျှင် အဲ့သူသည် အလိုလိုလောဘကြီးသောသူ ဖြစ်သွားကာ လူအများ၏ ကဲ့ရဲ့ရူတ်ချ ပြစ်တင်ဝေဖန်ခြင်းကို ခံရပါတယ်။ အဘယ်ကြောင့် ဤသူသည် ဆာလောင်မွတ်သိပ့်နေပါသလား ဟုမတွေးပေးနိုင်ရတာပါလဲ။ မည်သူမျှ သူတစ်ပါး တံတွေးခွက်ထဲ ပက်လက်မျှော်ခံပြီးမှ ကိုယ့်ရဲ့ဝမ်းကို မ​ဖြည့်ချင်ကြပါဘူး။ လူတိုင်းမှာ အရှက်တရား အကြောက်တရား ရှိပါတယ်။ မလွဲသာ မရှောင်သာလို့သာ ယူရတာပါ။ အပြစ်တင်တဲ့ သူတွေကသာ ကိုယ့်ထက် သူများက ပိုရသွားတာကို မနာလိုနေတာ ဟုသာ ထင်​မြင်မိပါတယ်။ ​ကိုယ့်ရဲ့ မနာလိုစိတ်ကို ဖုံးကွယ်ပြီး သူတစ်ပါးအား အပြစ်တင် လက်ညိုးထိုးခြင်းသာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လူတိုင်းက လောဘဆိုတဲ့စကားလုံးကို မကောင်းတဲ့နေရာ၌ သုံးရမည်ဟု သတ်မှတ်၍ ​သုံးလာကြခြင်းမဟုတ်ပဲ လူတိုင်းရဲ့စိတ်ထဲမှာ အနဲနဲ့အများ မနာလိုစိတ် အပြစ်တင်စိတ်တွေက ကိန်းဝိပ်နေလို့ဟု ကျွန်ုပ်ထင်ပါတယ်။ ဒါဆို လောဘထားခြင်းဟာ မကောင်းတဲ့အရာမဟုတ်ပဲ ​​ဘေးသူတွေရဲ့ အမြင်နဲ့သာ ဆိုင်ပါတော့တယ်။

လူတိုင်းမှာ​ ​လောဘစိတ်ရှိသလား?

လူရယ်လို့ဖြစ်လာတာနဲ့ လောဘစိတ်ကတော့ မွေးကတည်းက ပါလား ပြီးသားပါ။ လွယ်လွယ်နဲ့အရှင်းဆုံး ဖော်ပြရရင်တော့ မွေးကင်းစ ကလေးအမွှာ နှစ်ယောက်ရှိသည်ဆိုပါတော့ တစ်ယောက်ကမိခင်နို့ သောက်နေချိန်မှာ ကျန်တဲ့တစ်ယောက်က သူမသောက်ရလျှင် ဖြစ်စေ သူ့ကိုတိုက်တဲ့အချိန်က နဲသွား၍ နို့မဝသည် ဖြစ်စေ မိခင်အား ငို၍အချက်ပြခြင်းဖြင့် သူ့အားနို့တိုက်စေပါတယ်။ ဒါဟာ ကိုယ်ဝမ်းဝစေဖို့အတွက်
ဖြူစင်​သောလောဘစိတ်ကလေးနှင့် ဖော်ပြ​တောင်းဆိုခြင်းသာ ​ဖြစ်ပါတယ်။ ဘာမျှမသိ နားမလည်သေးတဲ့ ကလေးလေး မှာတောင် လောဘစိတ်ကလေး ရှိနေရင် သိတက်နားလည် အရွယ်ရောက်ပြီးသားသူတေမှာ ပိုလို့တောင် လောဘ ရှိပါအုန်းမည်။

လောဘစိတ်ထားပါ။ ‘လောဘ’ ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ လူတိုင်းက ဘာမှ မစဥ်းစား မတွေးခေါ် ပဲ မကောင်းတဲ့အရာလို့ပဲ ထင်ကြ မြင်ကြ တွေး​ကြတာလဲ။ အစဥ်အဆက် လောဘကို မကောင်းတဲ့အရာဟု​ သတ်မှတ်ကာ ​တွေးတောပြောဆို ကြလို့လားဟု မေးခွန်းထုတ်စရာပါပဲ။

အချိန်တိုင်း နေရာတိုင်းမှာ လောဘစိတ်နဲ့ကြိုးစားပါ

ငယ်ရွယ်စဥ် ​ပညာရှာချိန် မှာ ​စာအပေါ်လောဘထားပါ။ ကိုယ်ဆည်းပူးလေ့လာတဲ့ ပညာရပ်ကို သင်ပြီးလျှင် ပြီးရော သဘောမထားပဲ လိုချင်စိတ်ကလေးနဲ့ မှတ်ပါလေ့လာပါ။ ပညာပိုတက်သွားလို့ ဆိုးကျိုးမရှိပါဘူး။
နောက်တစ်ချိန်မှာ တနည်းမဟုတ် တနည်းနဲ့ ကိုယ့်ကိုအကျိုးပြုပါတယ်။ ပညာလောဘမရှိ၍ ပေါ့ပေါ့တန်တန် နေခဲ့မှသာ ဆိုးကျိုးရှိလာနိုင်တာပါ။
ကျွနုပ်ဆိုလျှင် ပညာရှာချိန်မှာ လောဘမကြီးခဲ့မိရင် ယခုအလုပ်ခွင်၌ englishဘာသာစကား ပြောဆိုရာ၌ မပြောရဲမဆိုရဲ နဲ့ သူတစ်ပါးထက် ညံ့နေပါသည်။ ပညာသင်ချိန်မှာ လောဘစိတ်မရှိပဲ english စာ meaningများ မကျက်မှတ်ခဲ့ခြင်း ၊ grammer များ လိုက်မလုပ်ခဲ့မိခြင်းကြောင့်သာ ဖြစ်ပါတယ်။
အလုပ်ခွင်၌ လောဘစိတ်ထားပါ ။ အလုပ်ခွင်၌ လောဘထားပါဆိုသည်မှာ မိိမိရဲ့ အလုပ်အပေါ်မှာ ကြိုးစားချင်စိတ်နဲ့ မိမိကိုယ်ကို တိုးတက်အောင် လုပ်ရန်လိုအပ်သည်ဟုဟာ ဆိုလိုခြင်းဖြစ်ပါတယ်။
မည်သူက ငါ့ထက်တော်တယ်၊ ပိုအလေးပေးခံရတယ်၊ ပိုချိီးကျူးခံရတယ်ဟု နေရာတကာလိုက်တွက်၍ သူတို့ထက်သာအောင်လုပ်မည်ဟု လောဘထားခိုင်းခြင်းမဟုတ်ပါ။ ထိုကဲ့သို့ သူများနဲ့ ပြိုင်နေခြင်းသည် မကောင်းသော လောဘစိတ်သာဖြစ်ပြီး ကြာလာသည်နှင့်အမျှ ပင်ပန်းလာပါလိမ့်မည်။ သူတို့ထက်မသာခဲ့လျှင် ဘယ်လိုလုပ်မလဲ ဟူသောစိတ်နဲ့သာ နေ့ရက်တိုင်းကို ဖြတ်သန်းနေရပြီး မိမိ ကိုယ်စိတ် နှစ်ပါးစလုံးကို နှိပ်စက်နေခြင်းသာ ဖြစ်ပါတယ်။
ဥစ္စာရှာတဲ့ အခါမှာလည်း လောဘရှိရပါမယ်။ ကိုယ်စားချင်တာ ဝယ်စားနိုင်ပြီး ဝတ်ချင်တာလေး ဝတ်နိုင်ရုံနဲ့တင် ကျေနပ်နေလို့မရပါဘူး။ လူတိုင်းမှာ အနာဂတ်ဆိုတာ ရှိပါတယ်။ အနာဂတ်မှာ ကိုယ်ဘာဖြစ်မလဲဆိုတာ မည်သူမျှမသိပါဘူး။ ​​အကယ်၍ ကိုယ်သာ ပိုက်ဆံမရှိပဲ ဆင်းရဲစုတ်ပျက်နေရင် မည်သူမှ အပေါင်းအသင်း လုပ်ချင်မှာ မဟုတ်သလို ကိုယ့်ကိုမြင်ရင်တောင် တောင်းစားဖို့လာသလို ခိုးဖို့လာသလို တွေးထင်ကြပါလိမ့်မယ်။ စကားပြောတက်သော တစ်ခုတည်းသော သက်မဲ့က ငွေပါပဲ။ ငွေမရှိသာသူ၏ စကားဟာ အရာမရောက် မတွင်ကျယ်ပါဘူး။ ကိုယ်ကမည်မျှပင် မှန်ကန်သော စကားကိုပြောဆိုနေသည် ဖြစ်ပစေ
ဆင်းရဲချို့တဲ့နေပါက မိမိစကားကို လက်ခံသူရှားပါလိမ့်မယ်။

ကုသမည်နည်း။ မည်သည့်ဆွေမျိုး တစ်ဦးတစ်​ယောက်မှ အချိန်ကုန်ခံ အပင်ပန်းခံပြီး ပြုစုစောင့်ရှောက်မည်မဟုတ်သလို ငွေအကုန်ခံပြီး ကုသပေးမည်ဆိုမှာ ပိုလို့တောင်မဖြစ်နိုင်ပါ။ ငွေမရှိလျှင် မျက်နှာတကယ် ငယ်ရပါတယ်။ ဒါကြောင့် ကြိုမသိ မ​မြင်နိုင်တဲ့ မိမိရဲ့အနာဂတ် လှပဖို့အတွက် သေချာသောနည်းလမ်းက ပိုက်ဆံရှာထားဖို့ပါပဲ။ လူတိုင်းက ငယ်သွားတယ်ဆိုတာမရှိပါဘူး အသက်ကြီးလာကြမှာ မလွဲဧကန်ပါပဲ။ ဒါကြောင့် ငယ်ရွယ်စဥ် သန်မာစဥ် ကတည်းက ​လောဘစိတ်ကလေးမွေးပြီး
ပိုက်ဆံကိုရှာ​ဖွေ စု​ဆောင်းတက်ဖို့ လိုအပ်ပါတယ်။ လောဘမရှိဘဲ ကြိုးစားစွာဖြင့် ဥစ္စာမရှာမိခဲ့လျှင် အသက်​ကြီးမှ သူများနဲ့တန်းတူမ​နေနိုင် သူများ​လှူလို့ မလှူနိုင် သူများစားလို့ မစားနိုင် သူများဝတ်လို့ မဝတ်နိုင်ပဲ မျက်နှာငယ်ရပါလိမ့်မယ်။

လူတိုင်းလောဘရှိကြပါ

တချို့သောသူတေဟာ ကိုယ်တိုင်က အပျင်းကြီးပြီး ကြိုးစားခြင်စိတ်မရှိတာကို လောဘနည်းတယ် ရောင့်ရဲလိုစိတ်ရှိတယ်ဆိုပြီး ကြံဖန်ဂုဏ်ယူ နေတတ်ကြပါတယ် ။
ကြိုးစားချင်စိတ် မရှိတာနဲ့ လောဘနည်းတာ ရောင့်ရဲတာက မတူပါဘူး။ လောကီလူသားမှန်လျှင် ရှိသင့်ရှိထိုက်တဲ့ လောဘစိတ်ကလေး မွေးပြီး ကြိုးစားဖို့လိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်း လူတိုင်း မကောင်းတဲ့​နေရာမှာ လောဘမထားပဲ ကောင်းတဲ့နေရာမှာ လောဘထားကြဖို့ တိုက်တွန်းချင်ပါတယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်  ဝင်ရောက်ကြည့်ရူ့ လေ့လာနိုင်ပါသေးတယ်။