How to live with lots of friends?

လူချစ်လူခင်ပေါများအောင်နေထိုင်နည်း

(၁) ညည်းညူနေတာတွေရပ်ပါ

လူတိုင်းမှာ ကိုယ်ပိုင်ပြဿနာတွေရှိပါတယ်။  ဒါပေမယ့် လူတိုင်းဟာ သင့်ပြဿနာတွေကို မကြားချင်ကျသလို သင့်ပြဿတွေကလည်း လူတိုင်းသိစရာ မလိုပါဘူး။ အတတ်နိုင်ဆုံး သင့်အနားမှာရှိတဲ့သူတွေကို ကောင်းတဲ့အရာ စိတ်ချမ်းသာစရာတွေပဲ မျှဝေပေးပါ သူတို့လည်း သင့်ကြောင့်ပျော်ရွှင်ရမှာ ဖြစ်သလို သင်လည်းပိုပြီးတော့ စိတ်ချမ်းမြေ့ပါလိမ့်မယ်။

(၂) နားထောင်ပါ

တစ်ဖက်လူရဲ့ စကားကို အမှန်တကယ် နားထောင်ပေးပါ။ ကိုယ်ဘာပြန်ပြောရမလဲဆိုတာကို မစဉ်းစားဘဲနဲ့ တခြားသူရဲ့ စကားကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါ။  ဂရုတစိုက် နားထောင်ပေးတဲ့သူတစ်ယောက် ဖြစ်ခြင်းက တခြားသူတွေထက် ပိုသာလွန်ပြီး တစ်ဖက်လူကလည်း သင့်ရဲ့ အာရုံစိုက် နားထောင်ပေးမှုကြောင့် သင့်ကို ပိုသဘောကျလာမှာပါ။

(၃) ပြုံးပါ

အပြုံးဟာ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကိုလူချစ်ခင်စေမယ့် အကောင်းဆုံး အရာတစ်ခုပါ လူတွေကို ပြုံးပြပါ သင့်ကိုလည်း ပိုပြီးတော့ လှပစေမှဖြစ်ပါတယ်။

(၄) သူများမကောင်းကြောင်း မပြောပါနဲ့

သူများ မကောင်းကြောင်းပြောပြီး အချိန်ကုန်မခံပါနဲ့ အတင်းပြောတာဟာ ပြောတဲ့သူအတွက်ရော အပြောခံရတဲ့သူအတွက်ပါ မကောင်းပါဘူး။ လူတွေရဲ့ မကောင်းကြောင်းကို ထိုင်ပြောမယ့်အစား ကိုယ့်ဘဝကို ပိုပြီးတိုးတက်အောင် ကြိုးစားနေထိုင်ပါ။

How to live with lots of friends? အတတ်နိုင်ဆုံး သင့်အနားမှာရှိတဲ့သူတွေကို ကောင်းတဲ့အရာ စိတ်ချမ်းသာစရာတွေပဲ မျှဝေပေးပါ သူတို့လည်း သင့်ကြောင့်ပျော်ရွှင်ရမှာ ဖြစ်သလို သင်လည်းပိုပြီးတော့ စိတ်ချမ်းမြေ့ပါလိမ့်မယ်။  လူချစ်လူခင်ပေါများအောင်နေထိုင်နည်းများကို မျှ‌ဝေပေးလိုက်ပါတယ်။

(၅) အကောင်းမြင်တတ်တဲ့ စိတ်ကိုမွေးပါ

ဆိုးတဲ့အရာတွေများပြီး ကောင်းတဲ့အရာက တစ်ခုတည်းရှိနေရင်တောင် အဲ့ဒီကောင်းတဲ့ အရာတစ်ခုအပေါ် အာရုံထားပါ။  လူတစ်ယောက်ကို အကောင်းမြင်တဲ့စိတ်နဲ့ ဆက်ဆံပြောဆိုရင် အဲ့ဒီလူကလည်း သင့်ကြောင့်ပိုပြီး စိတ်ချမ်းသာရမှာပါ။

(၆) ဘာကိုမှ မမျှော်လင့်ပါနဲ့

လူတွေဆီက တစ်ခုခုပြန်ရဖို့ကို မမျှော်လင့်ဘဲ စိတ်ရှင်းရှင်း အစစ်အမှန် ပေးလိုက်ပါ။ အဲ့ဒီစိတ်ထားက အရမ်းတန်ဖိုးရှိပြီးတော့ တကယ်လည်း ရှားပါးပါတယ်။ တစ်ခုခုကောင်းတာ လုပ်ပေးပြီးသွားရင် အနည်းဆုံးတော့ ကျေးဇူးတင်ခံချင်တာ လူတွေရဲ့ သဘာဝပါ ဒါပေမယ့် ဘာမှမမျှော်လင့်ဘဲနေလိုက်တာက သင့်စိတ်ကိုလည်း အေးချမ်းပါတယ်။

(၇) မနှိုင်းယှဉ်ပါနဲ့

သင့်ကိုယ်သင် သူများနဲ့ အမြဲ နှိုင်းယှဉ်ချင်တဲ့ စိတ်ကိုဖျောက်ပါ။ အဲ့ဒီ့ စိတ်ဟာ သင့်ရဲ့ကိုယ်ပိုင် ယုံကြည်မှုတွေကို လျော့ပါးစေပြီး ခဏတာ အတွက်ရော ရေရှည်အတွက်ပါ ကောင်းကျိုးမပေးပါဘူး။

(၈) ကိုယ့်ကိုကိုယ် နှိမ့်ချပါ

သင်ဘယ်လောက် ဘဘောထားကြီးကြောင်းကို ပါးစပ်ကပြောနေတာထက် လိုအပ်နေတဲ့သူတွေကို အကူအညီပေးခြင်းနဲ့ လက်တွေ့ပြသဖို့အ ရေးကြီးပါတယ်။ လုပ်ရပ်တွေက သင့်စကားလုံးတွေထက် ပိုပြီး ထိရောက်ပါတယ်။

(၉) လူတွေနဲ့ပေါင်းသင်းဆက်ဆံပါ

လူအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ စကားပြောကြည့်ပါ လူများများနဲ့ ပြောလေသင့်အတွက် ပိုကောင်းပါတယ်။ သင်စကားမပြောဖြစ်တာကြာပြီးဖြစ်တဲ့ မိတ်ဆွေအချို့ကိုလည်း ပြန်ပြီးဆက်သွယ်ပါ။ အကုန်လုံးနဲ့ ချစ်ချစ်ခင်ခင်ပေါင်းသင်း ဆက်ဆံပါ။ သင်က စကားမပြောဘဲနေရင် ဘယ်သူမှသင့်ကို ချစ်မှာလဲ မဟုတ်ပါဘူး။

(၁၀) ကိုယ့်ပုံစံအတိုင်းနေပါ

ဘယ်သူကမှ အတုအယောင်တွေကို မကြိုက်ပါဘူး ကိုယ့်ကိုကိုယ် အတင်းပြောင်းလဲတာမျိုးတွေ မလုပ်ပါနဲ့။ ကိုယ့်ပုံစံအတိုင်းကို လက်ခံပြီး လူတိုင်းကို ညီတူညီမျှ ဆက်ဆံပါ တခြားသူတွေ ဝေဖန်တိုက်ခိုက်တာမျိုးတွေကို ရှောင်ကြည်ပါ။

(၁၁) ချီးမွမ်းစကားပြောဆိုပါ

တစ်ခုခုကောင်းတာတွေ့ရင် အသိအမှတ်ပြု ချီးကျူးစကားဆိုပါ။သင့်ရဲ့ ချီးကျူးစကားကြောင့် ချီးကျူးခံရတဲ့သူလည်း ပျော်ရွှင်သလို သင်လည်း ကြည်နူးရမှာ သေချာပါတယ်။လူတိုင်းအပေါ် စေတနာအစစ်အမှန်ထားပြီး ဆက်ဆံရင် သင်လည်း အဲ့ဒီအကျိူးကို အနည်းနဲ့ အများ ပြန်ခံစားရမှာပါ အရေးကြီးဆုံးက မေတ္တာတရားပါ သင်က အရင် စပေးတတ်ဖို့လိုပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။