မိမိကိုယ်ကို Self – Branding တည်ဆောက်ခြင်း

ကျွန်တော်တို့ ရဲ့ ဘဝမှာ တစ်ကြိမ် မဟုတ် တစ်ကြိမ်တော့ ကိုယ့်ကိုကိုယ် ဈေးဗန်းခင်းရတဲ့ အချိန် ရှိကို ရှိကြပါတယ်။ ကျွန်တော်တို့ တွေ အလုပ်အင်တာဗျူးတွေမှာ ဆိုရင်လည်း ကိုယ့်ကို အလုပ်ခန့် ချင်လာအောင် ကြိုးစားရတာကလည်း ဈေးဗန်းခင်းနည်း တစ်မျိုး ဆိုရင်လည်း မမှားပါဘူး။ Personal development အတွက် ဈေးဗန်းခင်း ရတယ်။

Career Development အတွက် ဈေးဗန်းခင်းသင့်ရင် ခင်းကြရမှာပါပဲ။ ကိုယ့်ရဲ့ အရည်အချင်းတွေ ကိုယ်လုပ်နိုင်စွမ်းတွေ ကို Product တွေ Marketing ဆင်းသလို ကိုယ့်ကိုကိုယ် Self-branding လုပ်ပြီး ဈေးဗန်းခင်းကြရတာပါပဲ။။ ဒါဆိုရင် ဒီတစ်ခေါက်မှာတော့ Self-branding နဲ့ ပတ်သက်တဲ့ အကြောင်းတွေ Self – Branding တည်ဆောက်ခြင်း အချက်တွေကို လေ့လာကြည့်ပါမယ်။

၁.ယုံကြည်မှု အတွက်

Self-branding က ဘာကြောင့် လုပ်ရမှာလဲ လုပ်တော့ရော ဘာထူးမှာလဲ ဆိုပြီး ဆက်စပ်တွေးစရာ ရှိပါတယ်။ Self-branding ဆိုတာကို တစ်ချို့ ကတော့ ကိုယ့်ကိုကိုယ် ဂုဏ်ဖော် ရမယ် ကိုယ့်ရည်ကိုယ်သွေး ရမယ်လို့ နားလည်ထားကြပါတယ်။ အမှန်တစ်ကယ် လည်း ကိုယ်ရည် ကိုယ်သွေးရတယ် ဆိုရင်လည်း မမှားပါဘူး။ ပြိုင်ဆိုင်မှုတွေ များလွန်းလှတဲ့ ဒီခေတ် ဒီအခါမှာ ကိုယ်လို သူလို အရည်အချင်းရှိတဲ့ သူတွေ များလာပါပြီ။

ဒီထဲမှာမှ ကိုယ့်ကို သူများကသတိထားမိဖို့ ကိုယ်နဲ့ အလုပ်တွဲလုပ်ကိုင်မဲ့သူတွေ က ပြိုင်ဖက်တွေနဲ့ ယှဉ်လာရင် ကိုယ့်ကို ပိုသတိထားမိဖို့ ဆိုတာ Self-branding ကောင်းကောင်းလုပ်ထားဖို့ တော့ လိုပါတယ်။ ဘယ်လို ပဲ ပြောပြော Self-branding သေချာ အချိန်ပေးပြီး လုပ်ထားတဲ့ သူတွေက တခြားသူတွေထက် ပိုပြီး စိတ်ဝင်စားခြင်းလည်း ခံရသလို ပိုပြီး ယုံကြည်မှု လည်း ရပါတယ်။ တစ်ကယ်လို့ များ ကျွန်တော်တို့ မှာ ငွေ အလုံအလောက် ရှိမယ်ဆိုရင် နာမည်ကျော် Branded ဖိနပ် တစ်ရံ နဲ့ ရိုးရိုး ဖိနပ် တစ်ရံ မှာ Branded ဖိနပ်ကိုပဲ ရွေးချယ် ချင်ကြသလိုပါပဲ။ ကိုယ်က ဘယ်လောက်ပဲ တော်တော် Self-branding ကောင်းမှ လက်တွဲလုပ်ကိုင်လိုသူတွေ ဆီက ယုံကြည်မှု ရမှာ ပါ။

ကိုယ့်ရဲ့ အရည်အချင်းတွေ ကိုယ်လုပ်နိုင်စွမ်းတွေ ကို Product တွေ Marketing ဆင်းသလို ကိုယ့်ကိုကိုယ် Self-branding လုပ်ပြီး ဈေးဗန်းခင်းကြရတာပါပဲ။။ ဒါဆိုရင် ဒီတစ်ခေါက်မှာတော့ Self-branding နဲ့ ပတ်သက်တဲ့ အကြောင်းတွေ Self-branding ဘယ်လိုလုပ်သင့်ကြောင်း အချက်တွေကို လေ့လာကြည့်ပါမယ်။

၂.ကိုယ့်ရဲ့ ထူးခြားချက်

Self-branding စလုပ်မယ်ဆိုရင်တော့ လူတွေ ကိုယ့်နာမည်ကို ကြားတဲ့ အချိန်မှာ ဘယ်လိုလူ မျိုး အဖြစ် သိစေချင်တယ် ဆိုတာ ကနေ စစဉ်းစားရမှာပါပဲ။ ဒီလို လုပ်နိုင်ဖို့ အတွက် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ဖို့တော့ လိုပါလိမ့်မယ်။ ကိုယ့်ရဲ့ အားသာချက်က ဘာလဲ ကိုယ်တစ်ကယ် လုပ်နိုင်တာ ဘာလဲ ဆိုတဲ့ အရာပေါ် မူတည်ပြီး ကိုယ်ရည် ကိုယ်သွေး ရမှာပါ။ ကိုယ်က စာရေး တာ ကောင်းတယ်။

ဓာတ်ပုံရိုက်တာတွေ တော်တယ် ဆိုရင် လူတွေ က ဒီကိုယ့်ရဲ့ ထူးခြားချက်ကို မြင်သာအောင် Social media ကနေ တစ်ဆင့် ချပြပါ။ ဒါမှလည်း လူတွေက ကိုယ့်ကို ကိုယ့်ရဲ့ အရည်အချင်း နဲ့ တွဲ ပြီး သိကြမှာပါ။ ဓာတ်ပုံရိုက်တဲ့ မောင်ဖြူ၊ စာရေးကောင်းတဲ့ မနီ စသဖြင့် ကိုယ့်ကို တွဲ မြင်လာပါလိမ့်မယ်။ ဒါဟာ Self-branding ရဲ့ အစ ခြေလှမ်းပါပဲ။

၃.စစ်မှန်ပါစေ

ကိုယ်အမှန်တစ်ကယ် လုပ်နိုင်တဲ့ အရာကိုပဲ ချပြဖို့ ကလည်း Self-branding မှာ အရေးကြီးတာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ အလုပ်ရှင်ဖက်က လုပ်နိုင်လား လို့ မေးတဲ့ မေးခွန်း တွေကို အလုပ်ရချင်ဇောနဲ့ ဖြစ်ဖြစ် မျက်နှာရချင်လို့ ပဲ ဖြစ်ဖြစ် Boss ကို မငြင်းချင်လို့ ဖြစ်ဖြစ် အားလုံး လက်ခံ လိုက်ပြီး နောက်မှ ဝန်ပိပြီး မလုပ်နိုင်တာတွေလည်း မြင်ခဲ့ဖူးပါတယ်။

ကိုယ်တာဝန်ယူဖို့ ကတိပေးထားပြီး ပျက်ကွက်တာထက်စာရင် မလုပ်နိုင်တာကို ပွင့်ပွင့်လင်းလင်း ပြောပြတာ ဟာ အကောင်းဆုံး ပါပဲ။ ဒါကြောင့် မိမိကိုယ်ကို Brand တည်ဆောက် နေစဉ် Self-branding လုပ်တဲ့ အချိန်မှာ ပုံကြီးလည်းမချဲ့ အတုအယောင်လည်း မလုပ်ဘဲ ကိုယ့်ရဲ့ အမှန်တကယ် လုပ်နိုင်တဲ့ အရည်အချင်း အစစ်အမှန်ကိုသာ ချပြနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်နိုင်ဖို့ အတွက် ကိုယ့်ဖက်ကလည်း ကြိုးစားနေသင့်တာပဲ ဖြစ်ပါတယ်။

၄.သက်သေထူပါ

ကိုယ့်အနေနဲ့ ကိုယ်က ဘယ်လောက်ပဲ အလုပ်တွေ လုပ်နိုင်ပါတယ်ပြောပြော ကိုယ်လုပ်နိုင်တဲ့ အရာ တွေကိုအများမြင်အောင် ချပြနိုင်ဖို့ ကလည်း လိုပါသေးတယ်။ အလုပ်လုပ်နိုင်တာချင်းတူတယ် အရည်အချင်း ချင်းတူနေရင် Self-branding လုပ်တဲ့ သူနဲ့ မလုပ်တဲ့သူ က Career development မှာ အနည်းအများတော့ ကွာသွားလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အရည်အချင်းတွေကို သက်သေထူ နိုင်ဖို့ Portfolio ကောင်း တစ်ခုတော့ တည်ဆောက်ထားသင့်ပါတယ်။ အပြောနဲ့ လုပ်တဲ့ သူတွေ အလုပ်နဲ့ သက်သေပြတာကိုပဲ လူတိုင်းက ကြိုက်ကြတယ် မဟုတ်လား။ ခုဆိုရင် Social media ဆိုတာ Self-branding လုပ်လို့ ကောင်းတဲ့ နေရာ တစ်ခု ဖြစ်လာပြီမို့ ကောင်းကောင်းအသုံးချတတ်ပါစေ နော်။

၅.တစိုက်မတ်မတ်

Self-branding ကို တပွဲတိုး လုပ်မယ်ဆိုရင်တော့လည်း ထူးခြားပြောင်းလဲ မှုတော့ မရှိလာနိုင်ပါဘူး။ တစ်ကြိမ် တစ်ခါထဲနဲ့ တော့ ကိုယ့်ကို ချက်ချင်း သတိထားမိဖို့ ဆိုတာ ခက်ခဲ ပါလိမ့်မယ်။ ဓာတ်ပုံရိုက်တာ ဝါသနာ ပါတဲ့ သူက Facebook မှာ သူရိုက်တဲ့ ပုံတွေကို ပုံမှန် အမြဲ တင်နေမှ ဒီလူက ဓာတ်ပုံ ဝါသနာ ပါကြောင်း ဓာတ်ပုံရိုက်တာတော်ကြောင်း သတိထားမိလာကြမှာပါ။ ခုနောက်ပိုင်းမှာ လူတွေ သတိထားမိလာကြသူတွေ အောင်မြင်လာကြသူတွေလည်း နှစ်ပေါင်းများစွာ branding အတွက် ရင်းနှီးခဲ့ ကြရတာပါပဲ။ တစ်ခါတစ်လေ စိတ်ကူးပေါက်မှ လုပ်တဲ့ Branding နဲ့ တစိုက်မတ်မတ် သွားတဲ့ Self-branding ကတော့ ရလဒ်မှာ ကွာခြားသွားပါလိမ့်မယ်။

၆.နေရာမှန်ရွေးပါ

ကုန်ပစ္စည်း တွေကို Marketing လုပ်တဲ့ နေရာမှာ target audience ဆိုတာ သတ်မှတ်ကြသလိုပါပဲ Personal Branding လုပ်တဲ့ နေရာမှာလည်း ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေကို ဘယ်သူတွေကို ချပြချင်တာလဲ ဆိုတဲ့ target audience ဆိုတာ ရှိပါသေးတယ်။ ကိုယ် personal branding လုပ်တဲ့ နေရာဟာ လူမှန် နေရာမှန် ဖြစ်နေရဲ့ လား ဆိုတာလည်း လိုပါတယ်။ Social media တွင်ကျယ်လာတာမှန်ပါတယ်။ ဒါပေမယ့် ကိုယ်က Facebook မှာ personal branding လုပ်နေပြီး ကိုယ် branding လုပ်တာကို စိတ်ဝင်စားနိုင်မဲ့ သူတွေက တခြား platform ဖြစ်တဲ့ Linked In မှာ ရှိနေတာမျိုး မဖြစ်ရအောင် platform ရွေးတာမှန်ကန်ဖို့ လည်း အရေးကြီးပါတယ်။

တစ်ခါတစ်လေ မှာတော့ social media မှာ မဟုတ်ဘဲ offline မှာပဲ personal branding လုပ်ရတာလည်း ရှိနိုင်ပါတယ်။ ဒါကတော့ Industry ပေါ်လည်း မူတည်သလို အခြေအနေ နဲ့ အချိန်အခါ လိုက်ပြီး ကွဲ ပြားသွားမှာပါ။ ဒါကြောင့် မိမိအနေနဲ့ Personal Branding လုပ်ဖို့ စဉ်းစားပြီးရင် ကိုယ်တစ်ကယ် ဦးတည်ရာကို မှန်မှန်လေ့လာပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ကြပါစေ။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။