မဖြစ်မနေ ကြည့်သင့်တဲ့ 2019 ရဲ့ အကောင်းဆုံး ဇာတ်ကားများ

ဒီကနေ့မှာတော့ 2019 ရဲ့ အကောင်းဆုံး ဇာတ်ကားများ အကြောင်းကို ရွေးချယ်တင်ဆက်ပေးသွားပါမယ်။ အကောင်းဆုံးရွေးချယ်တာက တစ်ယောက်နဲ့ တစ်ယောက် မတူညီပဲ ကွဲပြားခြားနားနိုင်တာကြောင့် ပရိသတ်တို့ အကောင်းဆုံး ထင်တဲ့ ဇာတ်ကားတွေ ပြောဖို့ ကျန်သွားရင်လည်း ပြောသွားနိုင်ပါတယ်။ ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲဆိုတာကိုလည်း ပြောသွားဖို့ မမေ့နဲ့နော်။

Avengers End Game

အက်ဗန်းချား အန့်ဂိမ်း က တော့ 2019 ခုနှစ်ရဲ့ ရုံဝင်ငွေ အကောင်းစုံ ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်။ နောက်ပြီး အဲ့ဒီဇာတ်ကားကို အဗန်းချာ ရဲ့ မူလ ဒါရိုက်တာ တွေဖြစ်တဲ့ Russo(ယူဆို) ညီအစ်ကို ကဘဲ ရိုက်ကူးထားတာပါ ။

ရိုက်ကူးရေးစရိတ် အမေရိကန် ဒေါ်လာ ၃၅၆သန်းကျော် အသုံးပြု ခဲ့ပြီး ဝင်ငွေ 2.798 billion ရရှိခဲ့ပါတယ် ။ အဲ့ဒီဇာတ်ကား က 2018 ကထွက်ခဲ့တဲ့ The Avengers:Infinity War ဇတ်ကား အပြီးကို ဇာတ်အိမ်တည် ထားတာပဲဖြစ်ပါတယ်။ Thanos ဆိုတဲ့ လူဆိုးကြီးရဲ့ လက်ချက်ကြောင့် စကြာ ဝဠာ တစ်ဝတ်လောက်က သက်ရှိတွေ အကုန် ပျောက်ဆုံးကုန် ပါတယ် ။

ဒီလို ကူသူမဲ့ ဖြစ်နေချိန်မှာ အဖွဲ့ကွဲနေကျတဲ့ Avengers တွေဟာ သားနိုစ့် ကို တိုက်ခိုက်ဖို့ ပြန်လည် စုစည်းခဲ့ပါတယ်။ ဒါကြောင့် အက်ရှင် ချခန်းတွေ အများအပြားပါဝင်ပြီး နာမည်ကြီး သရုပ်ဆောင် အများအပြား ပါဝင်ခဲ့တဲ့ အက်ဗန်းချား အန့်ဂိမ်း ကတော့ တစ်ချိန်က လူပြောအများဆုံး ဇာတ်ကား တစ်ကားဖြစ်ခဲ့ပြီး ဝင်ငွေအများဆုံးရခဲ့ပါတယ်။

Marriage Story

ဒီဇာတ်ကားကတော့ ပရိသတ်တို့ အကြိုက်မင်းသမီးချော Scarlett Johansson( ဆကားလပ် ဂျွန်ဟန်ဆန်) ပါဝင်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာတစ်ယောက် ဖြစ်တဲ့ Noah Baumbach (နော ဘမ်ဘမ်ချ်) ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ဇာတ်ကားလည်းဖြစ်ပါတယ် ။ အဆင်မပြေတဲ့ အချစ်ရေး ဖြစ်နေပေမယ့် မိသားစု မပြိုကွဲဖို့ အတူ နေကျတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင် ဒါရိုက်တာက ပုံဖော်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ၂၀၁၉ မှာ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ဇာတ်ကားအကြောင်းကို ရွေးချယ်တင်ဆက်ပေးသွားပါမယ်။ အကောင်းဆုံးရွေးချယ်တာက တစ်ယောက်နဲ့ တစ်ယောက် မတူညီပဲ ကွဲပြားခြားနားနိုင်တာကြောင့် ပရိသတ်တို့ အကောင်းဆုံး ထင်တဲ့ ဇာတ်ကားတွေ ပြောဖို့ ကျန်သွားရင်လည်း ပြောသွားနိုင်ပါတယ်။ ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲဆိုတာကိုလည်း ပြောသွားဖို့ မမေ့နဲ့နော်။

နောက်ပြီး Mian Actor တွေ သရုပ်ဆောင် ကောင်းလွန်းလို့ မင်းသားကော၊ မင်းသမီးကော Oscars ဇကာတင် စာရင်းထဲ ထိပ်ဆုံးက ရွေးချယ် ခံရတဲ့ ဇာတ်လမ်းလည်းဖြစ်တာကြောင့် ပရိသတ်တို့ မကြည့်ရသေးရင် သွားကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Us

ဒါရိုက်တာ Jordan Peele (ဂျော်ဒန် ပီလီ) ရဲ့ လက်ရာက ဘယ်လောက်ထိ ပြောင်မြောက်သလဲဆိုတာကို Get Out ဇာတ်ကား ကြည့်ဖူးတဲ့ သူတိုင်း သိကြမှာပဲ။ ခုပြောပြမယ့် Us ဇတ်ကားကတော့ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားပဲဖြစ်ပြီး ရုပ်ရှင်ကြည့်ပရိသတ်တွေ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကား တစ်ကားလည်းဖြစ်ပါတယ်။ Adelaide  လို့ခေါ်တဲ့ ကလေးနှစ်ယောက် မိခင် က သူ့ယောက်ကျား နဲ့အတူ ငယ်ငယ်က ကြီးပြင်းခဲ့တဲ့ ကမ်းခြေ အိမ်လေးကို အပန်းဖြေ ခရီးထွက်ခဲ့ပါတော့တယ် ။ အဲ့ဒီညလေးတစ်ညမှာပဲ သူတို့မိသားစုနေနေတဲ့ အိမ်ရှေ့ကို မျက်နှာဖုံး စွပ်ထားတဲ့ လူ ၄ ယောက်က ဝင်ရောက်လာပြီးတော့ သူတို့ မိသားစုကို အမျိုးမျိုးခြောက်လန့်ပါတော့တယ်။

တကယ်တော့ အဲ့ဒီလူ ၄ ယောက်ကလည်း သူတို့ မိသားစု နဲ့ ရုပ်ချင်း ချွတ်ဆွပ် ဆင်တူနေတာကြောင့် မင်းသမီးအနေနဲ့ တော်တော်လေး အံ့သြသွားခဲ့ရတဲ့ အဖြစ်အပျက်ကို သည်းထိတ်ရင်ဖို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ ဒါရိုက်တာ ဂျော်ဒန်ပီလီ ရဲ့ ဇာတ်ကားနှစ်ကားဖြစ်တဲ့ Get Out နဲ့ Us ကို သွား ကြည့်ဖို့ တိုက်တွန်းပါရစေနော်။

Knives Out

ဆုတွေ အများကြီး ရထားတဲ့ မှုခင်း ဒရာမာ ဇာတ်ကားတစ်ကား ဖြစ် ပြီး Star War ဇာတ်လမ်း ရဲ့ ဒါရိုက်တာ Rian Johnson (ရိုင်ရန် ဂျွန်ဆွန်) ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုက်ရိုက် ဇာတ်လမ်း ကောင်းတစ် ခုလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ဂျိန်းဘွန်း မင်းသားကြီး Daniel Craig (ဒန်နီရယ် ခရိတ်) က အဓိကသရုပ်ဆောင် အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတာဖြစ်လို့ ဇာတ်လမ်း မကောင်းမှာကိုလည်း စိတ်ပူစရာမလိုပါဘူး။

ဇာတ်လမ်းအကျဉ်းကတော့ မတည့်ကျတဲ့ မိသားစု ဝင်တွေကြားထဲ မှာ လက်သည် မပေါ်ဘဲ သေသွားတဲ့ အဘိုးဖြစ်သူကို စုံထောက်ကြီးက ဘယ်လိုဖော်ထုတ်သွားသလဲဆိုတာကို ဇာတ်ရှိန်ပါပါ ရိုက်ကူးသွားတာပဲဖြစ်ပါတယ်။ ခေါင်းစားစားနဲ့ အတွေးခေါ်ဆန်ဆန် စုံထောက် ဇာတ်လမ်းတွေကို ကြိုက်တယ် ဆိုတဲ့ လူတွေ အတွက်တော့ ဒီကားလေးက တကယ့်ကို ကြည့်သင့်တဲ့ ဇာတ်လမ်း လေးပဲဖြစ်ပါတယ်။

Parasite

ဒီကားကတော့ ပရိတ်သတ်ကြီးတို့ နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ ။ ဆိုရှယ်မီဒီယာပေါ်မှာ အရမ်းလူ ပြော များပြီး Oscars ၄ခုတောင်သိမ်း ယူထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ် ။ ဒီကားက ကိုရီးယား ဒါရိုက်တာ Bong Joon Ho (ဘွန် ဂျွန် ဟို)က ကိုယ်တိုင် ရိုက် ၊ ကိုယ်တိုင်ရေး ပြီး ကိုယ်တိုင် Screenplay  ပြုလုပ်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပြီး Kang-ho-Song (ကန် ဟို ဆောင်), Sun-Kyun-lee (ဆွမ် ခွန်း လီ) တို့ လို နာမည်ကြီးသရုပ်ဆောင်တွေပါဝင် သရုပ်ဆောင်ထားပါတယ်။

လောဘတွေ ၊ ခွဲခြားဆက်ဆံမှုတွေ ဒေါသတွေ နဲ့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ် ခံစားချက်တွေရှိတဲ့ ချမ်းသာတဲ့ အသိုင်းအဝိုင်း နဲ့ ဆင်းရဲတဲ့ Kim(ကင်) မိသားစုတို့ ကြားက အဖြစ်အပျက်တွေကို သည်းထိပ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကို မကြည့်ရသေးရင် လုံး၀ ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Joker

ရာဇဝတ် မှု တွေ အရမ်းပေါတဲ့ Gothen city မြို့ က အထီးကျန်နေတဲ့ FA ကြီး ၊ မရီရတဲ့ လူရွှင်တော် ၊ PBA လို့ခေါ်တဲ့ အရီရောဂါတစ်မျိူး စွဲကပ်နေတဲ့ ဂျိုကာအကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အနိုင်ကျင့်မှူတွေ ခွဲခြားဆက် ဆံမှုတွေ များလာတဲ့အခါ ဘာတွေဖြစ် တတ်တယ်ဆိုတာ မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ် ။ ဒီကားထဲက ရယ်သံ ရဖို့ အပြင်မှာ သရုပ်ဆောင် က အနိုင်ကျင့်မှုတွေ နဲ့ ခွဲခြား ခံရမှူတွေ ကို တကယ်ခံစားပြီး သရုပ်ဆောင်ခဲ့ ရတယ်လို့ သိရပါတယ်။

လောကကြီးမှာ အဆင်မပြေတာတွေနဲ့ ကြုံလာတဲ့အခါ ရင်ကော့ပြီး ရီနေတတ်တဲ့ Joker ဇာတ်ကားဟာ လူပြောများပြီး ရေပန်း အစားဆုံးဇာတ်လမ်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလှပြီး အကောင်းဆုံး မင်းသာဆု အော်စကာ ရခဲ့တဲ့ ဂျာကွင်း ဖီးနစ် ရဲ့ သရုပ်ဆောင်ပုံတွေကိုလည်း ခံစား ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Pain and Glory

ဒီကားကတော့ ပရိတ်သတ်ကြီး ထင်ထားတဲ့ ဇာတ်ကား ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အဲ့ဒါကတော့ ဒါရိုက်တာ Pedro Almodovar( ပီဒရို အယ်မိုဒိုဘာ) ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ဇာတ်လမ်း တစ် ပုဒ် ဖြစ်တဲ့ Pain and Glory (ပိန်း အန် ဂလော်ရီ) ဇာတ်ကားပဲဖြစ်ပါတယ်။ သူက စပိန် ဒါရိုက်တာ တစ်ဦးဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ကျွန်တော်တို့ နဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ Antonio Banderas( အန်တိုနီယို ဘန်ဒိရပ်စ့်) တို့ Nora Navas (နိုရာ နာဗတ်စ်) တို့လို စပိန် နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင် သရုပ်ဆောင်ထားပါတယ် ။

Ocars နှစ်ခု အတွက် သာ ရာထားခြင်းခံရပြီး ဆုလည်း အရမ်းအများကြီးမရ ရှိခဲ့ပါဘူး။ အဲ့ဒီဇာတ်ကားက ရသ မြောက်ပြီး Screen Colour  တွေပြောင်ပြောင်မြောက်မြောက် နဲ့ ပေးချင်တဲ့ Message ကို ထိထိ ရောက်ရောက် ပေး နိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။