Box office အခြေအနေသိပ်မကောင်းတဲ့ Wonder Woman 1984

Warner Bros ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီမှ Wonder Woman 1984 ရုပ်ရှင်ဇာတ်ကားကြီး ကိုဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၀ ခုနှစ်တွင်အမေရိကန် streaming ၀န်ဆောင်မှုနဲ့အတူ HBO Max မှပြသမည်ဖြစ်ပါတယ်။ သို့သော်ရုပ်ရှင်သည် အခြားသော ၀န်ဆောင်မှုအထောက်အပံ့တွေမရှိသောနိုင်ငံခြားရုပ်ရှင်ရုံများတွင် ရုံတင်မှာဖြစ်ပြီးဒေါ်လာ ၃၈.၅ သန်းရရှိခဲ့ပါတယ်။

Wonder Woman 1984 ဟာ အခုချိန်မှာတော့ တစ်ချို့နိုင်ငံတွေမှာ စတင်ပြသနေပြီ ဖြစ်ပြီးတော့ box office ကတော့ Warner Bros မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပေမယ့်လည်း ထွက်ရှိလာဖို့အတွက်တော့ အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။

အစတုန်းက ၂၀၁၉ မှာကတည်းက ထွက်ဖို့စီစဉ်ထားတာ ဖြစ်ပေမယ့်လည်း Warner Bros ဟာ ၂၀၂၀ခုနှစ် ဇွန်လတွင် ရုံတင်ရက် ရွှေ့လိုက်ပါတယ်။ အဲ့ဒီအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်လာတာကြောင့် ရုံတင်ရက်တွေကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ရပါတယ်။Variety သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် Wonder Woman 1984  ရဲ့ box office ဟာ အခုချိန်ထိတော့ အခြေအနေ မကောင်းဘူး ဖြစ်နေပါတယ်။

Wonder Woman 1984 ဟာ အခုချိန်မှာတော့ တစ်ချို့နိုင်ငံတွေမှာ စတင်ပြသနေပြီ ဖြစ်ပြီးတော့ box office ကတော့ Warner Bros မျှော်လင့်ထားသလောက် ဖြစ်မလာခဲ့ပါဘူး။

လောလောဆယ်မှာတော့ တရုတ်တစ်နိုင်ငံတည်းမှာတောင် (၁၈.၈) သန်းပဲ ရရှိထားပြီး ရုံတင်ထားတဲ့ (၃၂) နိုင်ငံပေါင်းလိုက်ရင်တောင် ဒေါ်လာ (၃၈.၅) သန်းပဲ ရရှိထားပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Wonder Woman ဆိုရင် ရုံတင်တဲ့ ပထမဦးဆုံးအပတ်မှာတင် တရုတ်တစ်နိုင်ငံတည်းအတွက် (၃၈) သန်း ရရှိခဲ့ပါတယ်။ Wonder Woman 1984  ကတော့ အခုအခြေအနေအတိုင်းဆိုရင် ပထမရုပ်ရှင်လောက် ဝင်ငွေကောင်းမယ်လို့ မထင်ပါဘူး။

၎င်းဝင်ငွေသည်တရုတ်နိုင်ငံ၏ ရုပ်ရှင်စျေးကွက်တဖြည်းဖြည်းကျဆင်းနေသည်ကို ထင်ဟပ် စေပါတယ်။မကြာသေးမီက ဒါရိုက်တာ Christopher Nolan ရဲ့ Tenet ရုပ်ရုင်ကတရုတ်နိုင်ငံတွင်ဒေါ်လာ ၂၉.၆ သန်းနှင့် Disney ရဲ့ Mulan ကလည်း တရုတ်နိုင်ငံတွင် ဒေါ်လာ ၂၃ သန်းရရှိခဲ့ပါတယ်။

Wonder Woman 1984 ၂၀၂၀ ပြည့်နှစ်ဇွန်လမှစ၍အကြိမ်ပေါင်းများစွာရွှေ့ဆိုင်းခဲ့ရပြီး Warner Bros. သည် COVID-19 အကျပ်အတည်းကြောင့် ၂၀၂၀၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် Warner Media ပိုင် HBO Max ဝန်ဆောင်မှုနှင့်အတူပြဇာတ်ရုံများတွင်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ၂၀၂၀ ခုနှစ်ဟာ လူတွေအားလုံးအတွက် ခက်ခဲတဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ ပုံမှန်လူတွေ ဆိုရင်လည်း စားဝတ်နေရေး ကြပ်တည်းကြတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကြောက်နေရပါတယ်။ ရုပ်ရှင်လောကမှာ ဆိုရင်လည်း ရုပ်ရှင်တွေအများစုဟာ ရုံတင်ရက်တွေ ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်တိုင်းဟာလည်း ဝင်ငွေတွေ ရသင့်သလောက် မရခဲ့ကြပါဘူး။

Wonder Woman 1984 ကလည်း လောလောဆယ်မှာ box office အခြေအနေဟာ WB မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်လည်း အခုမှ ရုံစတင်တာ ဖြစ်တာကြောင့် ခန့်မှန်းလို့တော့ ခက်ပါတယ်။ သေချာတာတစ်ခုကတော့ ဒီရုပ်ရှင်ဟာ အခုချိန်မှာမဟုတ်ဘဲ ၂၀၁၉ ခုနှစ်ကတည်းက ရုံတင်ဖြစ်ခဲ့မယ် ဆိုရင်တော့ အခုထက်ဝင်ငွေများမယ် ဆိုတာကို ပြောစရာမလိုပါဘူး။

Photo : Vox

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။