ဒီနှစ်ထဲ့မှာကြည့်ရမယ့် Godzilla vs Kong ရုပ်ရှင်ကားနမူနာ

ပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေရတဲ့ Godzilla vs Kong ဇာတ်ကားရဲ့ ထွေလာကတော့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ယခုထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Alexander Skarsgard နဲ့ Millie Bobby Brown တို့နဲ့အတူ Godzilla နဲ့ Kong တို့ကြားက ကြမ်းတမ်းလွန်းတဲ့ တိုက်ပွဲကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Adam Wingard ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ ဇာတ်လမ်းပိုင်းမှာ ကြိုတင် ခန့်မှန်းနိုင်မယ့် ပုံစံမှာ ရှိနေပါတယ်။ Kong ကတော့ သူနဲ့မျိုးနွယ်မတူတဲ့ လူသား ကလေးတစ်ဦးအပေါ် မိခင်သဖွယ် ကြင်နာကာ စောင့်ရှောက်မယ့်သူအဖြစ် ပုံဖော်သွားမှာ ဖြစ်ပါတယ်။

Godzilla ကိုတော့ ဒီမြေကမ္ဘာကြီးကို ဖျက်ဆီးဖို့ စိတ်ရောကိုယ်ပါ မြှုပ်နှံထားတဲ့ သတ္တဝါ ကြီးအဖြစ် ကြည့်ရှုရမှာပါ။ဒီမှာတင် လူသားတွေနဲ့ Kong တို့ ပူးပေါင်းပြီး ခွန်အားကြီးမား လွန်းတဲ့ Godzilla ကြီးကို ပူးပေါင်း ရင်ဆိုင်ကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေရတဲ့ Godzilla vs Kong ဇာတ်ကားရဲ့ ထွေလာကတော့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ပရိသတ်ကို စိတ်လှုပ်ရှားစေမယ့် အဓိကသော့ချက်ကတော့ လူသားတွေနဲ့ Kong တို့ရဲ့ မစ်ရှင်ကြီးဟာ အောင်မြင်မှာလားဆိုတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအရ ဒီဇာတ်ကားဟာ ခန့်မှန်းရ လွယ်ကူကောင်း လွယ်ကူနိုင်ပေမယ့် အသိရခက်တဲ့ ဒဏ္ဍာရီလာ သတ္တဝါကြီးတွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရမယ့် ပြကွက်တွေကို မြင်တွေ့ရမှာ ဖြစ်တာကြောင့် ဟောလိဝုဒ်မှာ ယခင်က ရှိခဲ့ဖူးတဲ့ box-office ဝင်ငွေ အကြမ်းစား တွေကို တော့ဒီဇာတ်ကား ကပြန်လည်အသက်သွင်းပေးနိုင်မှာလားဆိုတာ မျှော်လင့်စရာ ရှိနေ ပါတယ်။ ဒီရုပ်ရှင်းကားကြီးကိုတော့ ဒီနှစ်နှောင်းပိုင်းလောက်မှာ ကြည့်ရဖို့မျှော်လင့် ရပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။