တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ အကောင်းဆုံးရုပ်ရှင်ကား (၅) ကား

အပြင်လောကမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ အစုလိုက် အပြုံလိုက် ကံဆိုးမိုးမှောင်ကျမှု၊ ဘေးဒုက္ခရောက်ခဲ့ရမှုတွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများဟာ အနိဌာရုံဆန်ပေမယ့် ထူးခြားကောင်းမွန်တယ်ဆိုတာတော့ ငြင်းမရပါဘူး။ ဒီလိုဇာတ်လမ်းမျိုးတွေဟာ သေခြင်းတရားနဲ့ စိတ်မချမ်းသာစရာတွေကိုပဲ ကြည့်ရှုရမှာ ဖြစ်ပေမယ့် တစ်ခြားတစ်ဖက်မှာတော့ လူတွေကို ဗဟုသုတ တိုးပွားစေတဲ့အပြင် ဘေးအန္တရာယ်တွေ၊ ကပ်ဆိုးတွေနဲ့ ပတ်သက်ပြီး သတိရှိစေပါတယ်။ သို့သော်လည်း တကယ့်ကပ်ဘေးတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တိုင်းကတော့ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ဒီထဲကမှ တကယ့်ကို ကောင်းမွန်ပီပြင်ပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၅)United 93 (2006) – IMDb 7.5

စက်တင်ဘာလ (၁၁)ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့ ကြီးမားတဲ့ သမိုင်းဝင် အကြမ်းဖက်မှုကြီး ဖြစ်ပျက်ခဲ့တဲ့ နေ့ရက် ဖြစ်ပါတယ်။ အဆိုပါနေ့ရက်က အဖြစ်အပျက်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာရှိပြီး United 93 ဟာလည်း အကောင်းဆုံး ဇာတ်ကားတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားကတော့ ကမ္ဘာ့ကုန်သွယ်မှု အဆောက်အအုံဖြစ်တဲ့ မိုးမျှော်အမွှာတိုက်ကြီး နှစ်လုံး တိုက်ခိုက်ခံရတဲ့အကြောင်း မဟုတ်ဘဲ United Airlines Flight 93 ဆိုတဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ စက်တင်ဘာလ (၁၁)ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ တစ်ပြိုင်နက် အကြမ်းဖက်မှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Flight 93 ကတော့ အဲ့ဒီနေ့ရက်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ခရီးသည်တင် လေယာဉ်တစ်စင်း ဖြစ်ပါတယ်။ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက လေယာဉ်ကို ပြန်ပေးဆွဲခဲ့ပေမယ့် လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ရဲဝံ့စွာ ကြိုးပမ်းကာကွယ်မှုကြောင့် လေယာဉ်ကို ပြန်လည်ထိန်းချုပ်မှု ရယူနိုင်ခဲ့ပြီး Pennsylvania က လယ်ကွင်းတစ်ခုဆီကို လေယာဉ်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဝမ်းနည်းစရာကတော့ ဒီတိုက်ခိုက်မှုမှာ ခရီးသွားပြည်သူ အယောက် (၄၀)လောက် အသက်စတေးခဲ့ရပါတယ်။

ဒီလိုဇာတ်လမ်းမျိုးတွေဟာ သေခြင်းတရားနဲ့ စိတ်မချမ်းသာစရာတွေကိုပဲ ကြည့်ရှုရမှာ ဖြစ်ပေမယ့် တစ်ခြားတစ်ဖက်မှာတော့ လူတွေကို ဗဟုသုတ တိုးပွားစေတဲ့အပြင် ဘေးအန္တရာယ်တွေ၊ ကပ်ဆိုးတွေနဲ့ ပတ်သက်ပြီး သတိရှိစေပါတယ်။

(၄)The Impossible (2012) – IMDb 7.6

The Impossible ကတော့ ၂၀၀၄ခုနှစ်က ဆူနာမီဘေးသင့်ခဲ့တဲ့ ဖြစ်ရပ်ကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့တဲ့ မိသားစုတစ်ခုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၀၄ခုနှစ်မှာ အိန္ဒိယသမုဒ္ဒရာက စတင်ခဲ့တဲ့ ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ တစ်ဆက်တည်း ဖြစ်ပေါ်လာပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေအပြင် လူပေါင်း နှစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီငလျင်ဟာ သမိုင်းမှတ်တမ်းမှာတော့ တတိယအကြီးမားဆုံး ဖြစ်ပြီး အသေအပျောက် အများဆုံး သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ဆူနာမီကပ်ဘေးအတွင်း ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ စပိန်နိုင်ငံသူ Maria Belon နဲ့ မိသားစုရဲ့ တကယ့် ကိုယ်တွေ့ဖြစ်ရပ်ကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ Tom Holland ၊ Naomi Watts ၊ Ewan McGregor တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Naomi Watts ဟာ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုနဲ့ Teen Choice ဆုတွေမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် စံကာတင် စာရင်းဝင်ခဲ့ပါတယ်။

(၃)Titanic (1997) – IMDb 7.8

Titanic ကတော့ ဒီဘက်ခေတ်မှာ နာမည်အကြီးဆုံး ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုကို ပြသထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုမှာ လူပေါင်း (၁၅၀၀)သေဆုံးတယ်လို့ ဆိုပေမယ့် ရေတွက်ဖို့ ခက်ခဲတဲ့ တချို့အနေအထားတွေကြောင့် လူပေါင်း (၁၄၉၀)ကနေ (၁၆၃၅)ယောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒီဇာတ်ကားကတော့ ၁၉၁၂ခုနှစ်တုန်းက Titanic သ‌င်္ဘောကြီးရဲ့ နစ်မြုပ်မှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ James Cameron ကတော့ သင်္ဘောကြီး နစ်မြုပ်မှုထက် Jack Dawson နဲ့ Rose DeWitt Bukater ဆိုတဲ့ ဇာတ်ရုပ်နှစ်ခုရဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ဝမ်းနည်းစရာကောင်းစွာ ဆုံးရှုံးသွားတဲ့ အသက်ပေါင်းများစွာကိုလည်း ကြက်သီးတဖြန်းဖြန်းထအောင် ရိုက်ကူးပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Titanic ဟာ ရုပ်ရှင်လောကမှာ ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

(၂)Into The Wild (2007) – IMDb 8.1

Into The Wild ကတော့ Fruitvale Station လိုပဲ လူတစ်ယောက်ရဲ့ သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ မတူညီတာကတော့ ဒီဝမ်းနည်းစရာ အဖြစ်အပျက်ဟာ ခေါင်းမာတဲ့ လူတစ်ယောက်ရဲ့ တဇွတ်ထိုးဆန်မှုအကြောင်း ဖြစ်နေတာပါပဲ။ Christopher McCandless ဆိုတဲ့ ဘွဲ့ရပြီးကာစ လူငယ်တစ်ယောက်ဟာ ပိုင်ဆိုင်မှုတွေနဲ့ မြို့ပြဘဝကို စွန့်လွှတ်ပြီး သဘာဝတရားနဲ့ ယှဉ်တွဲကာ သီးသန့်နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

ဖြစ်ရပ်ကတော့ Christopher ဟာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးနောက် သီးသန့်ဆန်ဆန် လွတ်လပ်စွာ နေထိုင်ဖို့ အလာစကာပြည်နယ်ကို ခရီးထွက်ခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ခရီးတစ်လျှောက်မှာ ခက်ခဲမှုများစွာနဲ့ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေပါတော့တယ်။ McCandless နေရာမှာ မင်းသား Emile Hirsch က သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Sean Penn က ကျွမ်းကျင်ပိုင်နိုင်စွာ ရိုက်ကူးထားတဲ့ ဝမ်းနည်းစရာဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

(၁) Schindler’s List (1993) – IMDb 8.9

Schindler’s List ဟာ ကပ်ဆိုးကြီးတစ်ခုကို ဖော်ပြထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပြီး ဒီဇာတ်ကားတွေရဲ့ စာရင်းထဲမှာတော့ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျူးလူမျိုးတွေကို သန်းနဲ့ချီပြီး မီးလောင်တိုက်သွင်းကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ နာဇီအဖွဲ့ဝင် စက်မှုလုပ်ငန်းရှင် Oskar Schindler ဟာ သူ အမှုထမ်းတဲ့ နာဇီပါတီကို သစ္စာဖောက်ပြီး ထောင်ချီတဲ့ ဂျူးတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ သမိုင်းဝင်ဇာတ်ကြောင်း ဖြစ်ပါတယ်။ Schindler’s List ဟာရုပ်ရှင်လောကမှာ အကြီးကျယ်ဆုံး ဇာတ်ကားတစ်ကားအဖြစ် အမှတ်ရစေသလို စိတ်နှလုံး ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်ကားလည်း ဖြစ်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။