ကွန်ပျူတာ သုံးသူများအတွက် မျက်လုံးကာကွယ်နည်းများ

ယနေ့ အိုင်တီ ခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ် ရက်ဆက် အလုပ် လုပ်ကိုင်နေရခြင်းကြောင့် မျက်စိ ချွတ်ယွင်းခြင်း ၊ အားနည်းခြင်းတို့ ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ကွန်ပြူတာ အသုံး များလွန်းရင် မျက်စိက အများကြီး ဒဏ်ခံ ရပါတယ်။ မျက်လုံးတွေ ဝါးလာမယ် ၊ ကြည့်ရတာလည်း အဆင် မပြေတော့ဘူး ၊ မျက်လုံးအိမ် ခြောက်သွေ့ လာမယ် ၊ မျက်ရိုးကိုက် ၊ မျက်ရည်ပူတွေ ကျမယ် ၊ ခေါင်းမူး ၊ ခေါင်းကိုက် ၊ ဇက်ကြောတွေလည်း တက်မယ်် ၊ မျက်မှန်သမားတွေ ဆိုရင်လည်း မျက်မှန်က ကြည့်ရတာ အဆင် မပြေတော့ဘူး။

ဒါဆိုရင်တော့ မျက်စိက အလုပ် လုပ်ရလွန်းလို့ ဒဏ် မခံနိုင်တော့ဘဲ ဆန္ဒပြ လာပြီပေါ့။ မျက်စိ ပါဝါတိုးမှာ ကလည်း သေချာ သလောက်ပဲနော်။ ဒီလို အခြေ အနေတွေကို ရှောင်လွှဲနိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီလို မျက်စိအား မနည်းအောင် ဘယ်လို ကာကွယ် ကြမလဲ။ အောက်ပါ နည်းလမ်း လေးတွေကို လိုက်နာပြီး ကာကွယ် နိုင်ပါတယ်။

နေရာထား မှန်ပါစေ။

သင့်ရဲ့ ကွန်ပျူတာ ၊ keyboard ၊ mouse တို. ကို နေရာမှန် ထားတက်ဖို့ အရေးကြီး ပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့် မျက်လုံး ကနေ သင့်ရဲ့ လက်တဆန့်စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်

သင့် အခန်းတွင်း အလင်းရောင် ပျံ့နှံ့ နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှ လာသော reflection တွေကို လျှော့ချ နိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း ၊ အမှောင် setting လုပ်ထားပါ။

မျက်မှန်

Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှ လာသော reflection တွေကို ကာကွယ်နိုင် ပါတယ်။ သင် ကွန်ပျူတာ အသုံးများသူ ဖြစ်လျှင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကိုသာ အသုံးပြု သင့်ပါတယ်။

မျက်စဉ်း ခတ်ပေးပါ။

လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကြပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ့ အလုပ် လုပ်နေရင် ၅ ခါလောက်သာ ခတ်တဲ့ အတွက် ခါတိုင်းထက် ပိုပြီး မျက်သား ခြောက်သွေ့မှု ဖြစ်ပေါ်တတ် ပါတယ်။ ထိုသို့ ခြောက်သွေ့မှု မဖြစ်ပေါ်စေရန် အတွက် မျက်စဉ်းကို ပုံမှန် ခတ်ပေးသင့် ပါတယ်။

ကွန်ပြူတာ မျက်နှာပြင်ကို အမြဲ သန့်ရှင်းရေး လုပ်ပါ။

ကွန်ပြူတာ မျက်နှာပြင်ပေါ်က ဖုန်မှုန့်လေး တွေကြောင့် သင့် မျက်စိ ထိခိုက် နိုင်တယ်ဆိုရင် အံ့သြ သွားမှာပဲနော်။ ကွန်ပြူတာ မျက်နှာပြင်က အမြဲ ထုတ်လွှင့်နေတဲ့ လျှပ်စစ် လှိုင်းတွေရဲ့ တွန်းကန်အားကြောင့် ကွန်ပြူတာ မျက်နှာပြင်ပေါ်က ဖုန်မှုန့် လေးတွေက သင့် မျက်လုံးဆီကို တန်းတန်း မတ်မတ်ကို ရောက်လာ မှာပဲလေ။ အဲဒီ ဖုန်မှုန့်လေးတွေ မျက်စိထဲ ၀င်သွားပြီဆိုရင် မျက်စိထဲမှာ ခိုးလိုး ခုလုတွေ ဖြစ်မယ်။ မျက်စိကလည်း ပို ဒဏ်ခံ ရတာပေါ့။ အဲဒီတော့ ကွန်ပြူတာ မသုံးခင် ကွန်ပြူတာ မျက်နှာပြင်ကို အရင်ဆုံး သေချာ သုတ်လိုက်နော်။

အသီးအနှံ့များ ပိုမို စားသုံးပေးပါ။

ဗီတာမင် A, C, E ပါသော အသီးအနှံများ ဟင်းသီး ဟင်းရွက်များကို ပိုမို စားသုံးသင့် ပါတယ်။ ဥပမာ ဟင်းနုနယ်ရွက် ၊ ဖရုံသီး ၊ သံပုရာသီး ၊ ခရမ်းချဉ်သီး ၊ ဥ နှင့် နို့ထွက်ပစ္စည်းများကိုလဲ ပို စားပေးပါ။

မျက်စိရောဂါ သက်သာ ပျောက်ကင်း ကြပါစေ……..

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။