ကင်မရာအကြီး ၂ လုံးပါတဲ့ Huawei P50

Huawei P50 Pro ရဲ့ ပထမဆုံး ဓါတ်ပုံတွေ မကြာခင်က ထွက်လာခဲ့ပြီး အခုတော့ P50 ရဲ့ အလှည့်ရောက်လာပြီဖြစ်ပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ အကြီး ၂ လုံး တပ်ဆင်ထားပြီး အရှေ့ဘက်မှာ မျက်နှာပြင် အပြား တပ်ဆင်ထားတာပါ။ အလယ်မှာ Punch Hole ၁ လုံး ပါလာပါတယ်။

မျက်နှာပြင် အရွယ်အစားက ၆.၃ လက်မ ဖြစ်ပြီး Pro မှာလို ဘေးဘက်ကွေးညွှတ်မှု မရှိပါဘူး။ Huawei P40 ထက် ပိုကြီးလာပြီး ၈ မီလီမီတာ ပိုရှည်ကာ ၃ မီလီမီတာ ပိုကျယ်ပါတယ်။ ကင်မရာ Bump ရဲ့ အထူက ၁၀.၆ မီလီမီတာ ဖြစ်လာပါတယ်။

P50 ရဲ့ ထိပ်မှာ IR Port မပါလာဘဲ Pro မှာတော့ တပ်ဆင်ထားပါတယ်။ P50 အောက်ခြေမှာ နားကြပ်ပေါက် မပါလာဘဲ USB-C Port နဲ့ စပီကာ တပ်ဆင်ထားတာ မြင်ရပါတယ်။ ထိပ်နဲ့ အောက်ခြေဟာ အနည်းငယ် ကွေးညွှတ်နေပါတယ်။

Huawei P50 Pro ရဲ့ ပထမဆုံး ဓါတ်ပုံတွေ မကြာခင်က ထွက်လာခဲ့ပြီး အခုတော့ P50 ရဲ့ အလှည့်ရောက်လာပြီဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့သတင်းအရ Huawei ဟာ Sony IMX800 လို့ပြောနေကြတဲ့ ၁ လက်မ ကင်မရာ Sensor ကို သုံးထားမယ်လို့ သိရပါတယ်။ P50 Series မှာ HarmonyOS ဖြင့်ထောက်ပံ့မောင်းနှင်ထားပြီး မတ်လ နောက်ဆုံးပတ်မှာ ကြေညာမယ်လို့မျှော်လင့်ရပါတယ်။

Photo : GSMArena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။