၅ မိနစ်အတွင်း Xiaomi Mi 11 အလုံးရေ ၃ သိန်းခွဲ ရောင်းချနိုင်

Xiaomi Mi 11 ကို ၂၀၂၀ ဒီဇင်ဘာတွင်ဖြန့်ချီခဲ့ပြီး Qualcomm Snapdragon 888 ကဲ့သို့အဆင့်မြင့်ချစ်ပ်များတပ်ဆင်ထားသည့်ကမ္ဘာ့ပထမ ဦးဆုံးစမတ်ဖုန်းဖြစ်ပါတယ်။Snapdragon 888 chipset သုံး ပထမဆုံးဖုန်းတစ်လုံးဖြစ်တဲ့ နောက်ဆုံးပေါ် Xiaomi Mi 11 ဟာ တရုတ်ဈေးကွက်မှာ ဝယ်လိုအားမြင့်တက်နေပါတယ်။၂၀၂၁ အတွက် Xiaomi ရဲ့ Flagship မော်ဒယ်ဖုန်းသစ်ကို pre-order မှာသူပေါင်း ၂၂၆၀၀၀ ကျော် ရှိခဲ့တာ ဖြစ်ပြီး တရုတ်ဈေးကွက်ထဲ စပြီးဖြန့်ချိတဲ့ ၅ မိနစ်အတွင်းမှာ အလုံးရေ ၃ သိန်းခွဲကျော် ရောင်းချနိုင်ခဲ့တာ ဖြစ်တယ်လို့ Notebook Check က ဖော်ပြထားပါတယ်။

တန်ဖိုးအားဖြင့် ယွမ် ၁.၅ ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။Xiaomi ဟာ အရင်ကလည်း ဖုန်းသစ် ထွက်ထွက်ချင်း ရောင်းအားစံချိန်သစ်တွေ တင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။Xiaomi Mi 10 Ultra ဟာ မိတ်ဆက်ပြီး တစ်မိနစ်အတွင်း အလုံးရေ ၇ သောင်းခွဲခန့် ရောင်းချနိုင်ခဲ့ပြီး Redmi K30 Ultra ဆို တစ်မိနစ်အတွင်း အလုံးရေ ၁ သိန်းအထိ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Xiaomi Mi 11 ကို ၂၀၂၀ ဒီဇင်ဘာတွင်ဖြန့်ချီခဲ့ပြီး Qualcomm Snapdragon 888 ကဲ့သို့အဆင့်မြင့်ချစ်ပ်များတပ်ဆင်ထားသည့်ကမ္ဘာ့ပထမ ဦးဆုံးစမတ်ဖုန်းဖြစ်ပါတယ်။

ပရီမီယံဖုန်းတစ်လုံးကို Upper Mid-ranger ဈေးနဲ့ ထုတ်ခဲ့တဲ့အပြင် အမိုက်စား A+ ရ QHD+ Display ၊ 120Hz refresh rate ၊ ထူးခြားတဲ့ကင်မရာနဲ့ ချီးကျူးလောက်တဲ့ အားသွင်းနည်းပညာတို့ ပါရှိခြင်းကလည်း Xiaomi Mi 11 ကို လူကြိုက်များစေတဲ့အချက်ပဲ ဖြစ်ပါတယ်။ Bezel မပါသလောက် ပါးလွှာတဲ့ ဘောင်တွေ ၊ ကွေးညွှတ်တဲ့ display ဒီဇိုင်း ၊ ကျောဘက်ထူးခြားတဲ့ ကင်မရာဖွဲ့စည်းပုံကလည်း Xiaomi Mi 11 ကို တခြားဖုန်းတွေနဲ့ ကွဲပြားစေတဲ့ အချက်ထဲမှာ ထည့်ပြောရမှာ ဖြစ်ပါတယ်။

Xiaomi Mi 11 ဟာ ဧရာမ Screen Size လို့ ဆိုရမယ့် မျက်နှာပြင်အရွယ်အစား ၆.၈၁ လက်မ AMOLED display နဲ့ လာပြီး တောက်ပမှုနှုန်းအနေနဲ့ 1500nits အထိ support ပေးထားသလို မှန်ပြင်အပေါ်မှာလည်း နောက်ဆုံးပေါ် Gorilla Glass Victus မှန်အုပ်ထားပါတယ်။ ရှေ့ Punch-hole ထဲမှာ 20MP selfie ကင်မရာနဲ့ ကျောဘက် 108MP main sensor ၊ 5MP Telephoto နဲ့ 13MP ultra-wide ကင်မရာတို့ ပါရှိပါတယ်။

အားသွင်း charger မပါတော့ပေမယ့် 50W wireless charging ၊ 55W wired fast-charging နဲ့ 10W reverse charging အားသွင်းစနစ်တို့ ပံ့ပိုးထားပါတယ်။ ဘက်ထရီပါဝါဟာ 4600 mAh ဖြစ်ပြီး အရောင် ၆ မျိုး ထွက်ရှိထားပါတယ်။ Android 11 အခြေခံ MIUI 12.5 OS သုံးထားပြီး အနိမ့်မော်ဒယ် RAM 8GB ၊ 128GB storage ကို ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းကျော်) ဈေးနဲ့ စတင် ရောင်းချသွားမှာပါ။ 

Photo:Android Authority

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။