၂ သိန်းခွဲတန် Motorola Moto G10 ကိုမိတ်ဆက်

Motorola က တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Moto G10 လို့ နာမည်ပေးထားပြီး ကင်မရာနဲ့ ဘက်ထရီ သက်တမ်းကို အသားပေး ဖန်တီးထား ပါတယ်။ သူ့မှာ ၆.၅ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။

10W Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Snapdragon 460 Chipset နဲ့ထောက်ပံ့ပေးထားပါတယ်။4GB RAM ပါလာပြီး 64GB နဲ့ 128GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ 512GB microSD Card စိုက်နိုင်တဲ့အတွက် ဒေတာတွေ အများကြီး သိမ်းဆည်းနိုင်ပြီး Hybrid Dual SIM ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 48MP Main ပါလာပြီး Night Vision Mode ထည့်ထားပါတယ်။ သူနဲ့အတူ 8MP Ultrawide , 2MP Macro , 2MP Depth ကင်မရာ ၃ လုံး တပ်ဆင် ထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ 1080p ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

Motorola က တန်ဖိုးနည်း စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Moto G10 လို့ နာမည်ပေးထားပြီး ကင်မရာနဲ့ ဘက်ထရီ သက်တမ်းကို အသားပေး ဖန်တီးထားပါတယ်။

WiFi , Bluetooth , 3.5mm Headphone Jack တွေ ထောက်ပံ့ထားပြီး အနောက် ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ ဘေးဘက်မှာ Google Assistant Button တပ်ဆင်ထားပြီး ကိုယ်ထည်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။

ရေစက်ရေပေါက် ခံနိုင်တဲ့ IP52 စံနှုန်း ထောက်ပံ့ထားပြီး ၁၅၀ ယူရို သတ်မှတ်ထားကာ မြန်မာငွေ ၂ သိန်းခွဲလောက် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။