၂၀၂၂ တွင် Apple သည် Periscope zoom မှန်ဘီလူးကို iPhone များထဲသို့ထည့်သွင်းရန်မျော်လင့်ရ

Apple က ARM ပရိုဆက်ဆာဖြင့် MacBook ကိုထုတ်လုပ်ခဲ့ပြီးအိုင်တီလုပ်ငန်းကိုအကြီးအကျယ် အံ့အားသင့်စေခဲ့ပေမယ့် iPhone ရဲ့စွမ်းဆောင်ရည်က Android စမတ်ဖုန်းများစွာရဲ့နောက်ကွယ်မှာ ရှိနေဆဲပဲဖြစ်ပါတယ်။

ဥပမာ – ၂၀၂၂ ခုနှစ်ဝန်းကျင်လောက်မှာ iPhone တွင် Periscope zoom စနစ်ကိုတွေ့မြင်နိုင်မယ်လို့မျော်လင့်ရပါတယ်။ကိုရီးယားမီဒီယာသတင်းစာ The Elec မှမကြာသေးမီကထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ LG မှ Apple အတွက် Periscope မှန်ဘီလူးများထုတ်လုပ်ပေးမှာဖြစ်ပြီး  Samsung ၏လက်အောက်ခံ Samsung Electro-Mechanics သည် LG အတွက်Periscope မှန်ဘီလူး ထုတ်လုပ်ရာတွင် ထောက်ပံပေးတဲ့ဘက်မှ ပါဝင်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

ဒီလိုအဆင့်ဆင့်ချိတ်ဆက်ပြီး အလုပ်လုပ်ရခြင်းအကြောင်းရင်းမှာ Apple ဘက်မှ မူပိုင်ခွင့်မှတ်ပုံတင်ထားသော LG နှင့်စီးပွားရေးဆက်ဆံမှုတွင်မညှိနှိုင်းလိုသောကြောင့်ဖြစ်ပါတယ်။အချိန်အတိုင်းအတာခန့်မှန်းချက်အရ Apple သည် Periscope lenses ကို 2020 ခုနှစ်အတွင်းထွက်ရှိမယ့် iPhone Model ( သို့မဟုတ်) ခုမှစ၍နောက် ၂ နှစ်ခန့်အတွင်း iPhone 13 ဒါမှမဟုတ် iPhone 14 တို့တွင် ထည့်သွင်းပေးသွားမယ်လို့မျော်လင့်ရပါတယ်။

Apple က ARM ပရိုဆက်ဆာဖြင့် MacBook ကိုထုတ်လုပ်ခဲ့ပြီးအိုင်တီလုပ်ငန်းကိုအကြီးအကျယ် အံ့အားသင့်စေခဲ့ပေမယ့် iPhone ရဲ့စွမ်းဆောင်ရည်က Android စမတ်ဖုန်းများစွာရဲ့နောက်ကွယ်မှာ ရှိနေဆဲပဲဖြစ်ပါတယ်။

Periscope zoom မှန်ဘီလူး၏အားသာချက်မှာ ကျွန်တော်တို့ ပုံများကို အရမ်းကွာဝေးတဲ့ အရာဝတ္ထု များကိုလိုသလိုချဲ့နိုင်မှာဖြစ်ပြီး ရရှိလာတဲ့ပုံရိပ်ရဲ့အရည်အသွေးဟာ အရင်မူလ zoom စနစ်လောက်လျော့ကျမသွားတဲ့ ပုံအရည်အသွေးကိုရရှိနိုင်မှာဖြစ်ပါတယ်။

Android ထုတ်လုပ်သူများက Periscope မှန်ဘီလူးများကိုအတော်လေးအချိန်အတော်ကြာအသုံးပြုနေကြပြီဖြစ် သောကြောင့်၎င်းဟာ တကယ့်ကိုအတော်လေးနှေးကွေးနေပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။