၂၀၂၁ ခုနှစ်တွင် Samsung ကခေါက်သိမ်းနိုင်သောစမတ်ဖုန်းလေးလုံး ကြော်ငြာမည်

တောင်ကိုရီးယားမှ ETNews သတင်းဝက်ဘ်ဆိုက်တစ်ခုက ၂၀၂၁ ခုနှစ်အတွင်း Samsung Company မှခေါက်သိမ်းနိုင်သောစမတ်ဖုန်းလေးလုံးအထိထုတ်လုပ်ရန်စတင်စီစဉ်နေသည်ဟုသတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဖော်ပြသည့်ကြော်ငြာချက်များအရ Galaxy Z Fold 2 Series 2 မျိုးမှ အရည်အသွေး update လုပ်မြင့်တင်ပြီး Galaxy Z Fold 3 နာမည်အနေနဲ့ထုတ်လုပ်မှာဖြစ်ပါတယ်? ဒါ့အပြင်  Galaxy Z Flip Series မှာနောက်ထပ်အရည်အသွေးတိုးမြှင့်ပြီး နောက်မော်ဒယ်လ်သစ် နှစ်မျိုး အနေနဲ့ထွက်လာမှာဖြစ်ပါတယ်။ ဖုန်းလေးမျိုးစလုံးမှာ 5G ထောက်ပံ့မှုကိုလက်ခံ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Samsung သည် ၂၀၂၁ ခုနှစ်ဒုတိယနှစ်ဝက်တွင်ခေါက်သိမ်းနိုင်သောစမတ်ဖုန်းများထုတ်လုပ်ဖြန့်ချီ မယ်လို့မျှော်လင့်ရပြီး ၂၀၂၁ ပထမနှစ်ဝက်တွင်  S Pen နှင့်ချိတ်ဆက်အသုံးပြုနိုင်မည့် Galaxy S21 စမတ်ဖုန်းထွက်လာမယ်လို့မျှော်လင့်ရပါတယ်။၎င်းသည် စွမ်းဆောင်ရည်မြင့် Galaxy Note Series ကိုတော့ update ပြုလုပ်ခြင်းရှိတော့မည်မဟုတ်ပေ။

တောင်ကိုရီးယားမှ ETNews သတင်းဝက်ဘ်ဆိုက်တစ်ခုက ၂၀၂၁ ခုနှစ်အတွင်း Samsung Company မှခေါက်သိမ်းနိုင်သောစမတ်ဖုန်းလေးလုံးအထိထုတ်လုပ်ရန်စတင်စီစဉ်နေသည်ဟုသတင်းများထွက်ပေါ်လာခဲ့ပါတယ်။

ဒါ့အပြင် ETNews မှထပ်ဆောင်းထုတ်ပြန်ကြော်ငြာချက်များအရ Samsung သည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း(သို့မဟုတ်) ၂၀၂၂ ခုနှစ်အစောပိုင်းတွင် roll-away screen ပါရှိတဲ့ ခေါက်သိမ်းနိုင်သော စမတ်ဖုန်းကို စတင်ဖြန့်ချီနိုင်လိမ့်မည်ဟုလည်းထပ်မံပြောကြားခဲ့ပါတယ်။

Credit Photo;LetsGoDigital

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။