အသစ်ထွက်မယ့် Samsung Galaxy S21 Series ဖုန်းနှင့် ကင်မရာ ၈ လုံးပါ Smart Phone

Samsung Galaxy S21 Series Smart Phone

ကာလာ ၆ ရောင်နဲ့ ထွက်ဖို့ ရှိပါတယ်။ Samsung ရဲ့ flagship ဖုန်းစီးရီးသစ် Galaxy S21 ဟာ ပုံမှန်ထက်စောပြီး မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်နေပါတယ်။စမတ်ဖုန်းသတင်း leaker တစ်ယောက်ဖြစ်တဲ့ Jon Prosser ကတော့ Samsung ရဲ့ အသစ်ထွက်လာမယ့် Galaxy S flagship မိတ်ဆက်မယ့်အချိန် ၊ pre-order နဲ့ ဖြန့်ချိမယ့်ရက်တွေအပြင် ရောင်းချသွားမယ့်အရောင်တွေပါ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ Galaxy S series ဖုန်းသစ်တွေဟာ Galaxy S21 ၊ Galaxy S21+ နဲ့ Galaxy S21 Ultra နာမည်တွေနဲ့ ထွက်လာဖို့ ရှိပါတယ်။

ဒီနှစ်မှာ Samsung ဟာ Galaxy S20 ၊ S20+ နဲ့ Galaxy S20 Ultra နာမည်နဲ့ မိတ်ဆက်ခဲ့တာ ဖြစ်လို့ ၂၀၂၁ မှာ Galaxy S30 series အဖြစ် နာမည်ပေးသွားမလားလို့ ယူဆခဲ့သူတွေ ရှိပါတယ်။ ၂၀၂၁ Galaxy Unpacked ပွဲကို ဇန်နဝါရီ ၁၄ ရက် မှာ ကျင်းပသွားမယ်လို့ Jon Prosser က ဆိုပါတယ်။pre-order ကိုလည်း မိတ်ဆက်တဲ့နေ့မှာပဲ စပြီး လက်ခံသွားဖို့ ရှိပြီး နှစ်ပတ်လောက် အကြာ ဇန်နဝါရီ ၂၉ ရက်မှာ Galaxy S21 series ကို စတင်ရောင်းချသွားမှာပါ။ Jon Prosser ရဲ့ အဆိုအရ Galaxy S21 series ဟာ အနက် ၊ အဖြူ ၊ မီးခိုးရောင် ၊ ငွေရောင် ၊ ခရမ်းရောင်နဲ့ ပန်းရောင်တွေနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။

၂၀၂၁ ထွက် Galaxy S series ဖုန်းသစ်တွေဟာ ဈေးကွက်ပေါ် လိုက်ပြီး Snapdragon 875 processor ၊ Exynos 2100 processor တို့ကို သုံးသွားမှာပါ။ လက်ရှိ Galaxy S20 ဖုန်းဒီဇိုင်းတွေလိုမျိုး မှန်ပြင်အပေါ် အလယ်တည့်တည့်မှာ Infinity-O display သုံးလာနိုင်ပါတယ်။ Galaxy S21 နဲ့ S21 Plus တို့ဟာ ကျောဘက်မှာ ကင်မရာသုံးလုံး သုံးလာဖို့ ရှိပြီး Ultra model ဟာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာဖို့ ရှိပါတယ်။Galaxy S21 ၊ Galaxy S21+ နဲ့ Galaxy S20 Ultra တို့ဟာ 4000 mAh ၊ 4800 mAh နဲ့ 5000mAh ဘက်ထရီ နဲ့ ထွက်လာဖို့ ရှိပြီး အမြန်အားသွင်းစနစ် ၊ reverse wireless charging နဲ့ သုံးလာမှာပါ။ ဆက်စပ်သတင်းအနေနဲ့ Samsung ဟာ Galaxy S21 စီးရီး ဗူးတွေမှာ charger နဲ့ နားကြပ်တို့ ထည့်မပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

အသစ်ထွက်မယ့် Samsung Galaxy S21 Series ဖုန်းနှင့်  တရုတ်ကထုတ်မယ့်ကင်မရာ ၈ လုံးပါ Smart Phone အသစ်ထွက်လာမယ့် Galaxy S flagship မိတ်ဆက်မယ့်အချိန် ၊ pre-order နဲ့ ဖြန့်ချိမယ့်ရက်တွေအပြင် ရောင်းချသွားမယ့်အရောင်တွေပါ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ Galaxy S series ဖုန်းသစ်တွေဟာ Galaxy S21 ၊ Galaxy S21+ နဲ့ Galaxy S21 Ultra နာမည်တွေနဲ့ ထွက်လာဖို့ ရှိပါတယ်။ကင်မရာ သုံးလုံးတွဲ ၊ လေးလုံးတွဲတွေ ခေတ်စားနေချိန်မှာ တရုတ်ကုမ္ပဏီတစ်ခုကတော့ ကျောဘက်ကင်မရာ ၈ လုံးအထိ ပါမယ့်ဖုန်းတစ်လုံးကို ထုတ်ဖို့ပြင်နေပါတယ်။

တရုတ်ကုမ္ပဏီတစ်ခုမှထုတ်မယ့် ကင်မရာ ၈ လုံးပါ Smart Phone

ကင်မရာ သုံးလုံးတွဲ ၊ လေးလုံးတွဲတွေ ခေတ်စားနေချိန်မှာ တရုတ်ကုမ္ပဏီတစ်ခုကတော့ ကျောဘက်ကင်မရာ ၈ လုံးအထိ ပါမယ့်ဖုန်းတစ်လုံးကို ထုတ်ဖို့ပြင်နေပါတယ်။LetsGoDigital အစီရင်ခံစာအရ တရုတ်အမှတ်တံဆိပ် Lens Technology ဟာ ကမ္ဘာ့ဉာဏ်ပိုင်ဆိုင်မှုဆိုင်ရာ အဖွဲ့အစည်း WIPO မှာ Octa Camera setup ပါ ဖုန်းတစ်လုံးအတွက် မူပိုင်ခွင့်တင်ထားပါတယ်။

Lens Technology ဟာစမတ်ဖုန်းတွေ ထုတ်တဲ့ ကုမ္ပဏီတစ်ခုမဟုတ်ဘဲ Apple ၊ Samsung နဲ့ Huawei တို့လို တစ်ခြား OEMs အတွက် supplies ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ဒီကုမ္ပဏီကို ကမ္ဘာအချမ်းသာဆုံး အမျိုးသမီးဘီလျံနာတွေထဲက တစ်ဦးဖြစ်တဲ့ ဇောင်ကွမ်းဖိန်က ၂၀၀၃ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဒီနှစ်မေလကုန်ပိုင်းမှာ Lens Technology ဟာ တရုတ်ပြည်တွင်းမှာ ဒီဇိုင်းမှတ်ပုံတင်မှု လုပ်ထားပြီး အောက်တိုဘာလဆန်းပိုင်းမှာ ခွင့်ပြုချက်ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ Lens Technology ဟာ Apple Watch အတွက် display ထောက်ပံ့ပေးနေပါတယ်။ WIPO မှာ တင်ထားတဲ့ မူပိုင်ခွင့်အရ ဒီထုတ်ကုန်ရဲ့ ကျောဘက်ထောင့်တစ်ခုစီမှာ ကင်မရာ sensor နှစ်လုံးစီနဲ့ စုစုပေါင်းကင်မရာ ၈ လုံး ပါရှိပါတယ်။ ကင်မရာ sensor နှစ်ခုအကြားမှာ LED flash တစ်ခု ထည့်ပေးထားပါတယ်။နမူနာဖုန်းဒီဇိုင်းအရ ရှေ့ခြမ်း screen ဟာ ကိုယ်လုံးပြည့်ဒီဇိုင်းဖြစ်ပါတယ်။

Lens Technology ဟာ touch display အတွက် cover မှန်အပြင် ကင်မရာ modules တွေနဲ့ lens တွေ ထုတ်ပါတယ်။ သိပ်မကြာတဲ့ အနာဂါတ်မှာ ကင်မရာ ၈ လုံးတပ် ဖုန်းမျိုးကို မြင်ရဖို့ ရှိပါတယ်။Lens Technology နဲ့ မိတ်ဖက်ပြုပြီး အလုပ်လုပ်နေတဲ့ တစ်ခြားဖုန်း OEM ကုမ္ပဏီတွေရဲ့ ထုတ်ကုန်မှာ ဒီနည်းပညာမျိုးကို သုံးလာဖို့ ရှိပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။