Galaxy S21, S21 + နှင့် S21 Ultra တို့၏လျှို့ဝှက်ချက်များပေါက်ကြား

Galaxy S21, S21 + နှင့် S21 Ultra တို့ဟာ  လာမယ့်နှစ်အစောပိုင်းတွင်ထုတ်ပြန်ရန်နောက်ထပ်တစ်လ ခန့်သာလိုပါတော့တယ်။ အသစ်ထွက်မယ့် Galaxy S21 ဖုန်းစီးရီးတွေရဲ့ သတင်းအချက်အလက်တွေ ဆက်တိုက်ဆိုသလို ပေါက်ကြားနေပါတယ်။ ဒီမတိုင်မီ ပေါက်ကြားသော အချက်အလက်တွေကောလဟာလတွေ အမျိုးမျိုးဖြင့်ကြုံတွေ့ခဲ့ရပြီးထွက်ပေါ်လာတဲ့အယူအဆသဘောထားအမြင်တို့ကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

သို့သော်မကြာသေးမှီက Android Police သည် Galaxy S21 မော်ဒယ်သုံးမျိုးစလုံး၏ပြောင်မြောက်သော မိတ်ဆက်ဗွီဒီယိုကိုထုတ်ဖော်ပြသခဲ့ပါတယ်။အခုဆိုရင် တရားဝင် အမြည်းမိတ်ဆက် ဗီဒီယိုတွေ ထွက်လာပါတယ် ၎င်း ဗီဒီယိုများသည် Samsung မှ တရားဝင်ထုတ်ပြန်ထားတဲ့ ဗီဒီယို ဖြစ်ပြီး ဖုန်းမော်ဒယ် သုံးမျိုးစလုံး မထွက်ရှိခင်တစ်လအလိုမှာ ပေါက်ကြားခဲ့ တာပဲဖြစ်ပါတယ်။

ဒီမော်ဒယ်နှစ်ခုစလုံးရဲ့ဒီဇိုင်း၊ အရောင်၊ ကင်မရာတို့မှာတူညီတဲ့သတ်မှတ်ချက်များရှိပြီး မျက်နှာပြင်အရွယ်အစားနဲ့ဘက်ထရီအရွယ်အစားတွေပဲကွာခြားသွားမှာဖြစ်ပါတယ်။

Galaxy S21, S21 + နှင့် S21 Ultra တို့ဟာ  လာမယ့်နှစ်အစောပိုင်းတွင်ထုတ်ပြန်ရန်နောက်ထပ်တစ်လ ခန့်သာလိုပါတော့တယ်။ အသစ်ထွက်မယ့် Galaxy S21 ဖုန်းစီးရီးတွေရဲ့ သတင်းအချက်အလက်တွေ ဆက်တိုက်ဆိုသလို ပေါက်ကြားနေပါတယ်။

ဗီဒီယိုမှာ Samsung Galaxy S21, S21+ နဲ့ S21 Ultra ဒီဇိုင်းကို ပြခဲ့သလို S21 နဲ့ S21+ တို့မှာ ကျောဘက်ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ S21 Ultra မှာတော့ display အကွေးနဲ့ ပယ်ရီစကုပ် အပြင် ကင်မရာ ၄ လုံး ပါဝင်လာတာ တွေ့ရပါတယ်။ S21 နဲ့ S21+ မှာတော့ ကျောဘက်မှာ ပလတ်စတစ် အသုံးပြုထားပေမယ့် Ultra ကတော့ မှန်ထည် အသုံးပြုထားပါတယ်။

Samsung Galaxy S21+ မှာတော့ သတ္တုအောက်ခံဘောင် ပါဝင်ပေမယ့် ကျောဘက်မှာတော့ ပလတ်စတစ်ကိုပဲ အသုံးပြုထားပါတယ်။ ကင်မရာကတော့ အဓိက 12MP ကင်မရာ၊ ultrawide ကင်မရာနဲ့ hybrid zoom ရုပ်ပုံ ၃ ဆပါတဲ့ 64MP ပါဝင်လာပါတယ်။ LED Flash ကတော့ ကင်မရာအုံအပြင်ဘက်မှာ ရှိပါတယ်။ မျက်နှာပြင် ၆.၇ လက်မ 1080p AMOLED နဲ့အတူ 120Hz refresh rate လည်းပါဝင်လာပါတယ်။  အားသွင်းမြန်ဆန်တဲ့ 25W လည်းပါဝင်လာပါမယ်။ Galaxy S21 Ultra လိုပဲ S21+ မှာတော့ Exynos 2100 ဒါမှမဟုတ် Snapdragon 888 ဗားရှင်း ၂ မျိုးထွက်လာပါမယ်။

Galaxy S21 Ultra လိုပဲ S21+ မှာတော့ Exynos 2100 ဒါမှမဟုတ် Snapdragon 888 ဗားရှင်း ၂ မျိုးထွက်လာပါမယ်။ Samsung Galaxy S21+ ကိုတော့ Phantom Black, Phantom Silver နဲ့ Phantom Violet ဆိုပြီး ထွက်လာပါမယ်။Samsung Galaxy S21 ဖုန်း ရှေ့တည့်တည့်နဲ့ နောက်က ကင်မရာအုံမှာ ပါဝင်လာပါတယ်။ ကင်မရာပိုင်း အတွက် 21 နဲ့ S21+ မှာတော့ 12MP wide, 12MP ultrawide နဲ့ 64MP telephoto ပါဝင်လာပါတယ်။

S21 Ultra မှာတော့ 108MP wide, 12MP ultrawide, 10MP 3x tele နဲ့ 10MP 10x periscope zoom တို့ပါဝင်လာပါတယ်။ Ultra မှာတော့ laser autofocus ပါဝင်လာပါတယ်။ ဗီဒီယိုမှာ S21 နဲ့ S21+ ဖုန်းတွေကိုတော့ Phantom Violet အရောင်နဲ့ ပြထားပါတယ်။ S21 Ultra ကတော့ မီးခိုးနဲ့ အနက်ပဲ ထွက်မယ်လို့ သတင်းထွက်နေပါတယ်။ Galaxy S21 ဖုန်းတွေကိုတော့ ဇန်နဝါရီ ၁၄ ရက် Galaxy Unpacked အွန်လိုင်းပွဲမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ ဆိုင်တွေပေါ် ဇန်နဝါရီ ၂၉ ရက်မှာ ရောက်လာနိုင်ပါတယ်။

Credit Photo :isthemessage.net

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲ့နော်…။