မိဘများဆီက သင်ယူခဲ့ရသောအကြောင်းအရာများ

Parents

မိဘများဆီက သင်ယူခဲ့ရသောအကြောင်းအရာများ ထဲကမှ ကျွန်တော်တို့ မိဘနဲ့ဝေးရာမှာ ဘဝကိုရုန်းကန်နေရတော့ သိလိုက်တာတခုက မိဘအရိပ်လောက်ဘယ်အရိပ်မှမအေးခဲ့ဘူး။ ကျွန်တော့်အမေနဲ့အဖေက အမြဲတမ်း ကျွန်တော့်အတွက် အံ့သြစရာကောင်းတဲ့ မိဘတွေပါ။ ကျွန်တော်တို့ ဘဝ နှင့် အနာဂတ်အတွက် တည်ငြိမ်တဲ့ အုတ်မြစ်ကိုချပေးနိုင်ဖို့ အမြဲကြိုးစားနေခဲ့ကြတယ်။သူတို့က ကျွန်တော့်ကို အလုပ်၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနှင့်သူတို့ဘဝနဲ့ ရင်းပြီး ရလာတဲ့ အတွေ့အကြုံကို အမြဲဝေမျှပေးလေ့ရှိတယ်။မိဘများဆီက သင်ယူခဲ့ရသောအကြောင်းအရာများ ကအရမ်းကိုတန်ဖိုးရှိပါတယ်။  မိဘနဲ့ဝေးရာမှာ ဘဝကိုရုန်းကန်နေရတော့ မိဘတွေရဲ့ တန်ဖိုးကို ကွင်းကွင်းကွက်ကွက် မြင်သာလာပါတယ်။

အမေအမြဲတမ်းပြောတဲ့စကားတခွန်းရှိတယ်။ “ကိုယ့်မှာရှိအရာနဲ့ ပျော်ရွှင်တတ်အောင်နေဖို့၊ ကိုယ့်မှာရှိတာကို ကိုယ်တန်ဖို့ထားတတ်မှ တန်ဖိုးတက်လာမှာ၊ တန်ဖို့မထားတတ်ရင်ပိုရလာလည်း အလကားပဲ”တဲ့။ ပြီးတော့အမှားကို ဝန်ခံဖို့ဝန်မလေးပါနဲ့တဲ့။ ကျွန်တော့်အမေက မောင်နှမချင်း စကားများရင် အမြဲ အမှားကိုပြန်ဝန်ခံခိုင်းလေ့ရှိတယ်။ မှတ်မိသေးတယ် ကျွန်တော် တက္ကသိုလ် ဝင်တန်း စားမေးပွဲပြီးလို့ အိမ်ပြန်ရောက်တုန်းက ကျွန်တော့တို့မောင်နှမ စကားများခဲ့ကြတယ်။ ​ကိစ္စကြီးကြီးမားမားတော့မဟုတ်။ နေ့တဝက်လောက်တယောက်နဲ့တယောက်စကားမပြောကြတော့အမေ ရိပ်မိသွားတယ်ထင်ပါရဲ့။ ကျွန်တော့်ကိုအမေခေါ်ပြီး လူစုခိုင်းလိုက်တယ်။ ဘယ်သူကဘာဖြစ်လို့ ၊ဘယ်သူကစပြီး ရန်စကြောင်း စမေးပါတော့တယ်။ မောင်နှမဆိုလို့ကျွန်တော်တို့ မောင်နှအကြောင်း အရင်ပြောရမယ်ထင်တယ်။ ကျွန်တော်ကိုက မွေးချင်းကို ၆ ယောက်ရှိတော့ တော်ရုံသူငယ်ချင်းသိပ်မရှာဖြစ်တော့ဘူး။ မောင်နှမများတော့ အချင်းချင်းရန်ပတ်ဖြစ်နေတော့ အမေ့မှာ နေ့တိုင်းနီးပါးစိတ်မအေးရဘူးပေါ့။ ကဲ.. အမေ့ရဲ့ တရားဥပဒေ အရ ရန်ဖြစ်တဲ့မောင်နှမတသိုက်တော့ အမြဲတမ်း ဘယ်လောက်စိတ်ဆိုးနေနေ အမေက အမိန့်တခွန်းတည်း “အချင်းချင်းအပြန်အလှန်ဖက်ကြ”။ဒါတွေကမိဘများဆီက သင်ယူခဲ့ရသောအကြောင်းအရာများထဲမှတစ်ခုပါ။

အဖေကတော့ ယောက်ျားတို့ထုံးစံအတိုင်းပူညံပူညံတော့မလုပ်တတ်။ ဒါပေမဲ့ မုန့်ဖိုးတောင်းရင် အမြဲ ၂ ခါပြန်တောင်းရတယ်။ လိုအပ်တဲ့နေရာအတွက်ဆိုရင်တော့ ပြောစရာတောင်မလို။ အမြဲ ငွေကိုချွေတာသုံးဖို့ပြောလေ့ရှိတယ်။ ပြီးတော့အဖေက စစ်သားပီပီကျန်းရေးလိုက်စားသူ။ “လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်လှဖို့ အတွက်ဘဲမဟုတ်ကြောင်းနဲ့ စိတ်ကြံခိုင်ဖို့ စိတ်ကြည်လင်ပြီး စဥ်းစားတွေးခေါ်နိုင်စွမ်းကို အားစေတယ်” ဆိုပြီး အပျင်းတစ်နေတတ်တဲ့ ကျွန်တော်တို့ကို လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ကောင်းကျိုးနဲ့ မပျင်းဖို့အမြဲပြောလေ့ရှိတယ်။

ကျွန်တော်တို့ မိဘနဲ့ဝေးရာမှာ ဘဝကိုရုန်းကန်နေရတော့ သိလိုက်တာတခုက မိဘအရိပ်လောက်ဘယ်အရိပ်မှမအေးခဲ့ဘူး။ ကျွန်တော့်အမေနဲ့အဖေက အမြဲတမ်း ကျွန်တော့်အတွက် အံ့သြစရာကောင်းတဲ့မိဘတွေပါ။ကျွန်တော့် မိဘများဆီက သင်ယူခဲ့ရသောအကြောင်းအရာများတွေနဲ့ကျွန်တော်တို့ ဘဝ အနာဂတ်အတွက် တည်ငြိမ်တဲ့ အုတ်မြစ်ကိုချပေးနိုင်ဖို့ အမြဲကြိုးစားနေခဲ့ကြတယ်။သူတို့က ကျွန်တော့်ကို အလုပ်၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနှင့်သူတို့ဘဝနဲ့ ရင်းပြီး ရလာတဲ့ အတွေ့အကြုံကို အမြဲဝေမျှပေးလေ့ရှိတယ်။

ချက်ခြင်းကူညီပါ

ရပ်ကွက်ထဲမှာ လိုအပ်ချက်တခုခုရှိပြီဆိုရင် ကျွန်တော့်မိဘက ထိပ်ဆုံးက ကူညီပေးတတ်သူတွေ။ သူတို့က ရယူလိုစိတ်နှင့် လုပ်တာမဟုတ်ဘဲ ပေးကမ်းခြင်းသာဖြစ်တယ်။ အမေက အပြောကြီးသူ ရပ်ကွက်ထဲမှာ အလှူ ရှိရင် ခြံထဲမှာရှိတဲ့ဟင်းသီးဟင်းရွက်တောင်မနေသာဘူး။ “အဒေါ်ပြောလိုက်တယ် အိမ်မှာ အများကြီးရှိတယ်တဲ့” ရပ်ကွက်ထဲကလူငယ်က အဲ့လိုပြောတော့လဲ ခြံထဲပြေးဆင်းပြီး မရှိ ရှိတာ အကုန်ပေးလိုက်ရပြန်တာပေါ့။ “ပိုပြီးရယ်မောပါ”တဲ့ ဒါကတော့ပြောစရာတောင်မလိုတော့ပါဘူး အိမ်မှာ အမေနဲ့အဖေတည်ဆောက်ထားတဲ့ စည်းလုံးပြီး ပျော်ရွှင်စရာကောင်းတဲ့ ယဥ်ကျေးမှူကြောင့် အမြဲတမ်းပျော်နေရတယ်။

ကျွန်တော်တို့က တောင်ပေါ်မြို့က ဖြစ်တော့မိဘနဲ့ နေရတဲ့ရက်ကအရမ်းနည်းလွန်းခဲ့တယ်။တနှစ်လုံးနေ​မှ အိမ်မှာ အများဆုံး ၄ လလောက်ပဲနေခဲ့ရတယ်။ဒါပေမယ့် အဆက်အသွယ်တော့ဘယ်တုန်းကမှမပြတ်ခဲ့ဖူးဘူး။ အမေ့ရဲ့နွေးထွေးမှူပေါ့။အဝေးရောက်နေတော့ဘုရားတရားမမေ့ဖို့အမြဲမှာလေ့ရှိတယ်။ အမေကသားသမီးကိုချစ်တတ်အောင်လဲ အမြဲသင်ပေးခဲ့တယ်။ မနက် ၄ ခွဲ ၅ နာရီ ဆို သူအမြဲလိုလို နိုးနေတတ်ပြီး သားသမီးတွေအိပ်ခန်းထဲဝင်လာပြီး ကပ်အိပ်လျက်ရှိတယ်။ ပါးကိုနမ်းပြီး စကားလာပြောနေပေမယ့် တစ်ညလုံးဖုန်းကြည့်ပြီး အိပ်ယာဝင်နောက်ကျတဲ့ကျွန်တော့်အတွက်တော့အနောက်အယှက်တစ်ခုလိုပေါ့။ အမေထွက်သွားပြီးမှနားလည်လိုက်တာက ငါအမေ့ရဲ့နွေးထွေးတဲ့အငွေ့သက်ကိုဘယ်တော့မှပြန်မရတော့ဘူးဆိုတာပါပဲ။ ဒီလိုဖြစ်မယ်မှန်းသိရင် အချိန်အကြာကြီးမိဘအနားမှာပဲ နေမှာပေါ့လို့ နောင်တ တကြီး ပြောနေလည်း ဘာမှထူးမလာ။ ကိုယ်ရွေးချယ်တဲ့လမ်းမှာ နောင်တမရဖို့ ပြောခဲ့ကြပေမဲ့ သတိမထား တန်ဖိုးမထားတတ်ခဲ့မိလို့ နောင်တရမိပြန်ပြီ အမေ…..

ကြိုးစားလုပ်ဆောင်ပါ။ ကျွန်တော့်မိဘတွေက သူတို့ဘဝတွေကို အလဟသ မဖြုန်းတီးခဲ့ကြဘူး။ မိဘများဆီက သင်ယူခဲ့ရသောအကြောင်းအရာများ နဲ့သူတို့ရဲ့ ပုံသက်သေက ကျွန်တော့်ကို ကြိုးစားအားထုတ်ခြင်းနှင့် လောကဓံကို ခံနိုင်ဖို့ အကောင်းဆုံး ခွန်အားဖြစ်စေခဲ့တယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါတယ်။

Family