ဖုန်းအားသွင်းကြိုးအပါ Xiaomi Mi 11 Global version ကိုမိတ်ဆက်

Xiaomi ဟာ တရုတ်နိုင်ငံတွင် Mi 11 ကို ဒီဇင်ဘာလတွင်ပထမဆုံးအကြိမ်စတင် မိတ်ဆက်ပေးခဲ့ပြီး နောက် Xiaomi မှ Mi 11  Globabl ဗားရှင်းကိုတရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ တရုတ်ပြည်အပြင်ဘက်နိုင်ငံအသီးသီးမှာတရားဝင် ရောင်းချသွားမယ့်ဈေးနှုန်းပါဖော်ပြပေးထားတာတွေ့ရပါတယ်။ ဒါပေမယ့်စျေးနှုန်းကို မကြည့်ခင် model ရဲ့ specification ကိုအရင်ဖော်ပြပေးလိုက်ပါတယ်။

Xiaomi Mi 11 ၏အသေးစိတ်သတ်မှတ်ချက်များ

၆.၈ လက်မအရွယ် AMO LED မျက်နှာပြင်၊ 1440p resolution (သို့မဟုတ်) WQHD + refresh rate 120Hz နဲ့အဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

Snapdragon 888 processor chip ထည့်သွင်းအသုံးပြုထားပြီး , အားကောင်းသော GPU Adreno 660 ကိုသုံးထားပါတယ်။

 

Xiaomi ဟာ တရုတ်နိုင်ငံတွင် Mi 11 ကို ဒီဇင်ဘာလတွင်ပထမဆုံးအကြိမ်စတင်မိတ်ဆက်ပေးခဲ့ပြီးနောက် Xiaomi မှ Mi 11  Globabl ဗားရှင်းကိုတရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။

8GB RAM ကိုအရွယ်အစားတစ်ခုဖြင့်ရနိုင်ပြီး ဆံ့နိုင်သောပမာဏ စွမ်းရည်များကို 128GB နှင့် 256GB အရွယ်အစားနှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။

4,600 mAh စွမ်းရည်ရှိသောဘက်ထရီနဲ့လာမှာဖြစ်ပြီး 55W မြန်ဆန်သောအားသွင်းစနစ် 50W ကြိုးမဲ့အားသွင်းခြင်းနှင့်အခြားစက်ပစ္စည်းများအတွက် 10W အားသွင်းစနစ် ကိုထောက်ပံ့ပေးနိုင်ပါတယ်။

ကင်မရာအပိုင်းမှာတော့ စုစုပေါင်း ၃ လုံးတိတိပါလာမှာဖြစ်ပြီး 108 megapixel ရှိတဲ့ အဓိက main ကင်မရာ၊  13 megapixel ultra wide angle မြင်ကွင်းကျယ် ကင်မရာ၊ built-in macro ရိုက်ကူးမှုကိုထောက်ပံ့သော 5 megapixel telephoto zoom ကင်မရာ၊ 20 megapixel ရှိရှေ့ကင်မရာ တို့ပါဝင်မှာဖြစ်ပါတယ်။

Xiaomi Mi 11 Global Version စမတ်ဖုန်းအတွက် အားသွင်းကြိုးနှင့် အားသွင်းခေါင်း များ ပါလာမှာဖြစ်ပြီး Xiaomi ရဲ့ box design ဘယ်လိုပြောင်းသွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပါ။

Xiaomi Mi 11 Global Version ၏ဈေးနှုန်းများ

Model 8GB RAM၊ 128GB ပမာဏ၊ ၇၄၉ ယူရို (မြန်မာကျပ် ၁၂ သိန်းခန့်)

Model 8GB RAM၊ 256GB သိုလှောင်မှုပမာဏ၊ ယူရို ၇၉၉ ( မြန်မာကျပ် ၁၃ သိန်းကျော်ခန့်)

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။