သုံးခေါက်‌ခေါက်လို့ရတဲ့ Samsung Galaxy Z Fold 3 ပုံများထွက်ပေါ်

Samsung Galaxy Z Fold 3

၂၀၂၀ အောက်တိုဘာတွင် Samsung Galaxy Z Fold 3 ၏ ရုပ်ပုံများကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ၎င်းသည် အလယ်တွင်ချိတ်ဆက်ထားသည့်ပတ္တာနှင့်အပိုင်းနှစ်ပိုင်းခေါက်သိမ်းနိုင်ပါတယ်။ Galaxy Z Fold 2 ၏ဒီဇိုင်းနှင့်လည်းဆင်တူနေပါတယ်။

မကြာသေးမီက အတွင်းသတင်းများဖြစ်သော Pigtou နှင့် xleaks တို့သည် Samsung Galaxy Z Fold 3 ၏မျက်နှာပြင်အသစ် render များကိုထုတ်ဖော်ပြသခဲ့ပါတယ်။ ၎င်းဟာ Samsung မှတင်သွင်းတဲ့မူပိုင်ခွင့်အပေါ် အခြေခံပြီး မျက်နှာပြင်ကို သုံးခေါက် အထိ ခေါက်သိမ်းနိုင်မှာဖြစ်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း Samsung Galaxy Z Fold 3 မှာကြီးမားတဲ့  အလယ် center screen ရှိပြီးညာဘက်နဲ့ဘယ်ဘက်မှာရှိတဲ့ screen သည် အလယ်မျက်နှာပြင်ထက် သေးငယ်နေပါတယ်။ ဖန်သားပြင်ဖွင့်လိုက်လျှင်၎င်းသည် Tablet ၏အရွယ်အစားအတိုင်းရှိနေပြီး  အမျိုးမျိုးသော Application အတွက်ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်။

မကြာသေးမီက အတွင်းသတင်းများဖြစ်သော Pigtou နှင့် xleaks တို့သည် Samsung Galaxy Z Fold 3 ၏မျက်နှာပြင်အသစ် render များကိုထုတ်ဖော်ပြသခဲ့ပါတယ်။

အစောပိုင်းတွင် Samsung သည်စျေးနှုန်းသက်သက်သာသာနှင့်ခေါက်နိုင်သောစမတ်ဖုန်းများ၏ အရည်အသွေးကို အလေးအနက်ထား ထုတ်လုပ်မည်ဟုပြောကြားထားပါတယ်။  သို့သော်အချို့မော်ဒယ်များမှာ တခြားသော စွမ်းဆောင်ရည် အင်္ဂါရပ်များကို လည်းလျော့ချရမည်ဖြစ်ပါတယ်။

Photo: TheNextWeb

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။