Samsung ဖုန်းတင်ပို့မှု သန်း၃၀၀ အောက်ကျဆင်း

တောင်ကိုရီးယားသတင်းမီဒီယာများအရ Samsung သည် ၂၀၂၀ ခုနှစ်တွင်စမတ်ဖုန်းသန်း ၃၀၀ အောက်ရောင်းချခဲ့ရပြီး ၉ နှစ်သာအတွင်းပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။ဒါဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း Samsung ဖုန်းတင်ပို့မှုအရေအတွက် သန်း ၃၀၀ အောက်ကို ပထမဆုံးအကြိမ် ကျရောက်ခဲ့တာ ဖြစ်ဖို့ ရှိပါတယ်။

တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ ETNews အရ ယခုနှစ် တတိယသုံးလပတ်အထိ Samsung ဖုန်းတင်ပို့မှုဟာ စုစုပေါင်း ၁၈၉.၄ သန်း ရှိခဲ့ပြီး နှစ်ကုန်ပိုင်းမှာ စုစုပေါင်း ဖုန်းတင်ပို့မှု သန်း ၂၇၀ ခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်းမှာ စမတ်ဖုန်းတင်ပို့မှုနဲ့ ဖြန့်ချိရေးပိုင်းမှာ ထိခိုက်မှုတွေ ရှိခဲ့တာ ဖြစ်ပြီး Samsung အတွက် သိသာတဲ့ အကျိုးဆက်ကို တွေ့မြင်ခဲ့ရတာပါ။ လာမယ့်နှစ်မှာတော့ Samsung ဟာ စမတ်ဖုန်းစုစုပေါင်း ၃၀၇ သန်းအထိ တင်ပို့နိုင်ဖို့ ရည်မှန်းချက်ထားရှိထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ Samsung ဟာ mid-range နဲ့ တန်ဖိုးနည်း 5G ဖုန်းတွေ တိုးချဲ့ထုတ်လုပ်တင်ပို့ဖို့ ရှိသလို ခေါက်သိမ်းနိုင် Foldable Models ကဏ္ဍကိုလည်း ချဲ့ထွင်သွားဖို့ ရှိပါတယ်။ 

တောင်ကိုရီးယားသတင်းမီဒီယာများအရ Samsung သည် ၂၀၂၀ ခုနှစ်တွင်စမတ်ဖုန်းသန်း ၃၀၀ အောက်ရောင်းချခဲ့ရပြီး ၉ နှစ်သာအတွင်းပထမဆုံးအကြိမ်ဖြစ်တယ်လို့သိရပါတယ်။

လာမယ့်နှစ် တင်ပို့ဖို့ မှန်းထားတဲ့ ဖုန်းအရေအတွက်ထဲက ၉၃ ရာခိုင်နှုန်းဖြစ်တဲ့ စမတ်ဖုန်းအရေအတွက် ၂၈၇ သန်းခန့်ဟာ စမတ်ဖုန်းတွေ ဖြစ်ပြီး ကျန်တဲ့ သန်း ၂၀ ခန့်ဟာ feature phone တွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

စမတ်ဖုန်းတွေထဲက သန်း ၅၀ ခန့်ဟာ Flagship မော်ဒယ်တွေ ဖြစ်ဖို့ ရှိပါတယ်။ လာမယ့်နှစ်မှာ Samsung Foldable ဖုန်းဟာ Galaxy Note series တွေနေရာမှာ အစားထိုးသွားဖို့ ရှိပြီး Galaxy Foldable စီးရီးတွေအရေအတွက်ဟာ ၆ သန်းခန့်အထိ တင်ပို့နိုင်ဖို့လည်း မှန်းထားပါတယ်။ 

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။