နောက်ကင်မရာ ၂ လုံးပါလာတဲ့ Google Pixel 5a ရဲ့ဓာတ်ပုံများ ပေါက်ကြား

အလယ်အလတ်တန်းစားဖြစ်တဲ့ Pixel 4a ကဲ့သို့သောစမတ်ဖုန်းကိုမိတ်ဆက်ပေးပြီး ခုနစ်လခန့်အကြာမှာတော့ Google ဘက်မှ၎င်း၏စမတ်ဖုန်းအသစ်ဖြစ်သော Pixel 5a ကိုမြှင့်တင်ထုတ်လုပ်နေကြောင်းကို ထုတ်ပြန်ကြော်ညာထားပါတယ်။2021 ဒုတိယသုံးလ ပတ် (April- June) အတွင်းမိတ်ဆက်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ဆုံးသတင်းအရ  Steve Hemmerstoffer သတင်းဌာနတစ်ခုမှ စမတ်ဖုန်း၏ CAD rendering ကိုထုတ်ပြန်ခဲ့ပါတယ်။ ဒီဇိုင်းအနေဖြင့် အရင်ကထွက်ရှိထားတဲ့ Pixel 4a နဲ့ဆင်တူနေတာဖြစ်ပါတယ်။

Steve Hemmerstoffer မှဖော်ပြထားတဲ့ ဒီဇိုင်းအရ Pixel 5a ၏ဒီဇိုင်းဟာပါးလွှာသော bezel နှင့် ၆.၂ လက်မ OLED မျက်နှာပြင်နဲ့ထွက်လာမှာဖြစ်ပြီး  Full HD + resolution နှင့်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Pixel 4a နှင့်ဆင်တူသော်လည်းကိုယ်ထည်ရဲ့ အရွယ်အစား မှာ 156.2 x 73.2 x 8.8 mm ဖြစ်ပြီး ပလတ်စတစ်ကိုယ်ထည်အသစ်နဲ့ထွက်လာမှာပါ။

အလယ်အလတ်တန်းစားဖြစ်တဲ့ Pixel 4a ကဲ့သို့သောစမတ်ဖုန်းကိုမိတ်ဆက်ပေးပြီး ခုနစ်လခန့်အကြာမှာတော့ Google ဘက်မှ၎င်း၏စမတ်ဖုန်းအသစ်ဖြစ်သော Pixel 5a ကိုမြှင့်တင်ထုတ်လုပ်နေကြောင်းကို ထုတ်ပြန်ကြော်ညာထားပါတယ်။

ကင်မရာအပိုင်းမှာတော့ တောင့်မှန် စတုဂံ module တွေနှင့်အတူပါလာပြီး နောက်ကင်မရာ အာရုံခံကိရိယာ ၂ ခုတပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ကင်မရာ အသေးစိတ်အချက်အလက်ကိုထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။

သို့သော်လည်း 12.2 megapixel မူလကင်မရာနှင့် 16MP Ultrawide ကင်မရာပါ ၀င်သည့် Premium Pixel 5 နဲ့ဆင်တူ ကင်မရာကိုတပ်ဆင်ထားမယ်လို့မျှော်လင့်ရပါတယ်။

Pixel 5a တွင် Qualcomm Snapdragon 775 ကဲ့သို့ပိုမိုအစွမ်းမြှင့်တဲ့ chipset တပ်ဆင် ထားပြီး ပိုမိုကြီးမားသောဘက်ထရီပါလာနိုင်ပါတယ်။ စျေးနှုန်းအတွက် ခန့်မှန်းခြေအားဖြင့်ဒေါ်လာ ၄၉၉ ခန့်(သို့မဟုတ်) မြန်မာကျပ် ၇ သိန်းကျော်ခန့် နဲ့ဖြန့်ချီသွားမှာဖြစ်ပါတယ်။

Photo : 9to5Google

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။