ဒေါ်လာ ၂၀၀ အောက်ရွေးချယ်သင့်သော ဘတ်ဂျက်ဖုန်းများ ( Redmi )

Redmi 9C

၂၀၂၀ အတွင်း price and performance မြင့်မားသော စမတ်ဖုန်း များစွာထွက်ပေါ်လာခဲ့ပါတယ်။ စျေးနှုန်းကလည်းအရင်ထွက် ခဲ့သောမော်ဒယ်တေထက် ပိုမိုစျေကြီးလို့လာပါတယ်။ အဲ့ဒိ smart phone တေများထဲကမှ ဒေါ်လာ ၂၀၀ အောက် စျေးသက်သာပီး performance ကောင်းတဲ့ စမတ်ဖုန်းအချို့ကို ဖော်ပြလိုက်ပါတယ်။

Redmi 9C မှာ ကျယ်ဝန်းသော Screen Size ကြာရှည်ခံစွာအသုံးပြုနိုင်မယ့် 5000mAh Battery တွေကြောင့် လူကြီးကောလူငယ်ပါ အကြိုက်တွေ့စေမယ့်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Security ပိုင်းမှာတော့ Finger Print Sensor နဲ့ Face Unlock ကိုပါထည့်သွင်းပေးထားတဲ့အတွက် budget phone တစ်လုံးအနေနဲ့ အတော်လေးတန်တဲ့အနေအထားမှာရှိပါတယ်။

Display size ကတော့ 6.53 inc ကို 729×100 Resolution နဲ့ Brightness က 400 nits ဆိုတော့ budget ဖုန်းအနေနဲ့ မဆိုးလှတဲ့အခြေအနေမှာရှိပါတယ်။ Operating System မှာ Android 10 MIUI 12 ကို သုံးထားပေးပါတယ်။

ကျောဘက် Camera ကို 13MP (Wide), 2MP(macro), 2MP(depth) ဆိုပီးသုံးလုံးအသုံးပြုထားပါတယ်။

Camera အနေနဲ့ စျေးနှုန်းနဲ့ယှဥ်ရင် မဆိုးလှတဲ့ အနေအထားမှာရှိပါတယ်။ Cipset အနေနဲ့ Mediatek ရဲ့ Helio G35 ကို သုံးထားတဲ့အတွက် ဂိမ်းဆော့ဖို့အတွက်လည်း အဆင်ပြေတဲ့အနေအထားမှာ ရှိပါတယ်။

PUBG တို့လိုမျိုး Heavy Game မျိုးကို မဆော့တဲ့ သူတေအဖို့ ရွေးချယ်ဖို့သင့်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း ပုံမှန် usage အတွက် တစ်နေ့တာကောင်းကောင်းကြီး လူံလောက်တဲ့ အနေအထားမှာရှိပါတယ်။

Mobile Legend လိုဂိမ်းမျိုးကိုလည်း ၆နာရီ ကြာအထိ ဆော့လို့ရပါတယ်။ Micro USB 10W fast Chargin ကိုလည်းအသုံးပြု ပေးထားပါသေးတယ်။ Screen Size ကြီးကြီး performance အသင့်အတင့် triple camera Phone တစ်လုံးကို 1သိန်း ကျော်ကျော်လောက်နဲ့ သုံးချင်ရင် Redmi 9C ကိုရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။

၂၀၂၀ အတွင်း price and performance မြင့်မားသော စမတ်ဖုန်း များစွာထွက်ပေါ်လာခဲ့ပါတယ်။ စျေးနှုန်းကလည်းအရင်ထွက် ခဲ့သောမော်ဒယ်တေထက် ပိုမိုစျေကြီးလို့လာပါတယ်။ အဲ့ဒိ smart phone တေများထဲကမှ ဒေါ်လာ ၂၀၀ အောက် စျေးသက်သာပီး performance ကောင်းတဲ့ စမတ်ဖုန်းအချို့ကို ဖော်ပြလိုက်ပါတယ်။

Redmi 10X

Redmi 10X မှာ 1080×2340 IPS LCD ကိုအသုံးပြုထားပေးပါတယ်။ screen size အနေနဲ့ 6.53 inches 83.5% screen to body ratio ဖြစ်တဲ့အတွက်ကြောင့် screen size ကျယ်ပီး ဘေးဘောင်လေးတေကလည်း သေးသွားတာကိုတွေ့ရပါတယ်။

Weight အနေနဲ့ကလည်း 199 g သာရှိတဲ့အတွက် မလေးလွန်းမပေါ့လွန်းတဲ့ အနေအထားမှာရှိပါတယ်။ Display မှာ Gorilla Glass 5 ကိုသုံးထားပီး punch hold camera ကိုထည့်သွင်းထားတာကြောင့် latest phone တစ်လုံးကို ကိုင်ထားရတဲ့ feeling မျိုးကိုရရှိနိုင်ပါတယ်။ OS အနေနဲ့ android 10 MIUI 11 , Medis Tek Helio G85 (12nm) chpiset ကိုအသုံးပြုထားတဲ့အတွက် အသုံးပြုရတာမြန်ဆန် တဲ့ အနေအထားမှာရှိပါတယ်။

Memory ကတော့ 4GB RAM ကိုအသုံးပြုထားတဲ့ အတွက် multasking ပိုင်းတေကိုကောင်းမွန်စွာ ကိုင်တွယ်နိုင်ပီး 128 GB internal storage ပါဝင်တဲ့အတွက် photo တွေ movie တွေများစွာ သိမ်းဆည်းနိုင်ပီး storage ပြည့်သွားမှာလည်းစိတ်ပူစရာမလိုတဲ့ အနေအထားမှာရှိပါတယ်။

Main Camera အနေနဲ့ 48MP(wide) 8MP(ultrawide) 2MP(macro) 2MP(depth) 1080p 30fps video ပါဝင်တဲ့အတွက် budget phone တစ်လုံးအနေနဲ့ Midrange phone တစ်လုံးကိုင်ရသလို performance မျိုးရရှိနိုင်မှာဖြစ်ပါတယ်။

LiPo 5020 mAh ကိုထည့်သွင်းထားတဲ့ အတွက်daily usage ကို ကောင်းစွာအသုံးပြုနိုင် တဲ့ အနေထားမှာရှိပါတယ်။ Color အနေနဲ့ Blue Green White အရောင်သုံးမျိူးရှိပါသေးတယ်။ Dollar 200 အောက် Camera ကောင်းကောင်း Battery ကြီးကြီးနှင့် ဂိမ်းဆော့လို့လည်းအဆင်ပြေပီး latest ဆန်ဆန် smart phone အဆန်းမျိုးကို မှ ကိုင်ချင်တဲ့သူတေအတွက် Redmi 10X ဖုန်းကရွေးချယ်ဖို့အသင့်တော်ဆုံး budget ဖုန်းတစ်လုံးဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။