တိုးတက်ပြောင်းလဲသောနည်းပညာအသစ်ကို OnePlus ပြသ

OnePlus 8T ကို အခြေခံပြီး လှုပ်ရှားမှုခြေရာခံ ရေဒါ Module တစ်ခုနဲ့အတူ ကာလာပြောင်းနိုင်တဲ့ ကျောဘက် panel ပါ Concept ဖုန်းတစ်လုံးကို OnePlus က မိတ်ဆက်ပြသခဲ့ပါတယ်။OnePlus brand သည် အရင်ကဖြန့်ချီခဲ့တဲ့ OnePlus 8T စမတ်ဖုန်းဒီဇိုင်းကိုအခြေခံထားသည့် OnePlus 8T Concept လို့ခေါ်တဲ့စမတ်ဖုန်းအမှတ်တံဆိပ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။

၎င်းကို OnePlus ၏လက်ရှိတွင် တိုးမြင့်ထားတဲ့နည်းပညာအသစ်များဖြင့် ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။OnePlus 8T Concept ဖုန်းဟာ ဒီဇိုင်းအားဖြင့် အရင်နှစ်လလောက်က ထွက်ခဲ့တဲ့ OnePlus 8T အတိုင်းပဲ ဖြစ်ပြီး ကျောဘက်မှာ ထူးခြားတဲ့ Color Changing လုပ်ဆောင်ချက်ပါလာပါတယ်။

ဖုန်းသုံးလိုက်တဲ့ ဗို့အားပေါ် လိုက်ပြီး ကာလာပြောင်းနိုင်တဲ့ Metal Oxide film တစ်ခုကို ဖုန်းကျောဘက်မှန်အောက်မှာ ထည့်ထားတာပါ။ noti တစ်ခုတက်လာချိန်မှာ ငွေရောင်ကနေ နက်ပြာအရင့်နဲ့ အနက်ကို ပြောင်းသွားတာ ဖြစ်ပါတယ်။ဖုန်းမှာ noti နဲ့ incoming call ဝင်လာတာမျိုးမှာ ကျောဘက်ကာလာ pattern ပြောင်းသွားပါတယ်။

OnePlus 8T ကို အခြေခံပြီး လှုပ်ရှားမှုခြေရာခံ ရေဒါ Module တစ်ခုနဲ့အတူ ကာလာပြောင်းနိုင်တဲ့ ကျောဘက် panel ပါ Concept ဖုန်းတစ်လုံးကို OnePlus က မိတ်ဆက်ပြသခဲ့ပါတယ်။

ကျောဘက် panel တစ်ခုလုံးမှာ သုံးတဲ့နည်းပညာကို OnePlus က “Electronic Color ၊ Material , Finish”(ECMF) လို့ ခေါ်ထားပါတယ်။ OnePlus ကတော့ ဒီဇိုင်းစိတ်ကူးကို တူရကီနိုင်ငံ Pamukkale မှာ ရှိတဲ့ ရေပူစမ်းတွေကနေ ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

OnePlus 8T Concept ဖုန်းမှာ နောက်ထပ် ထူးခြားတာတစ်ခုက ရေဒါစနစ် ဖြစ်ပါတယ်။ ကျောဘက်ကင်မရာအိမ်ထဲမှာ တပ်ဆင်ထားတဲ့ ဒီ module ဟာ ပတ်ပတ်လည်ကို သံလိုက်လျှပ်စစ်လှိုင်းတွေနဲ့ ပဲ့တင်ရိုက်နိုင်မယ့် mmWave Radar နည်းပညာ သုံးထားတာပါ။ ဒီနည်းပညာက ဖုန်းရဲ့ဘေးနားက အရာဝတ္ထုတွေကို ရယူတာ ၊ ပုံရိုက်တာ ၊ တည်နေရာရှာပြီး ခြေရာခံတာမျိုး လုပ်နိုင်မှာ ဖြစ်ပါတယ်။

လှုပ်ရှားမှု ခြေရာခံနိုင်စွမ်းနည်းပညာသုံးပြီး gesture နှင့် ဖုန်းဖြေဆိုတာနဲ့ သုံးစွဲသူရဲ့ ရင်ဘတ်လှုပ်ရှားမှုကို ရေဒါနဲ့ ခြေရာခံပြီး အသက်ရှုမှုပုံစံကို တွက်ချက်တာမျိုး အဆင့်မြင့်လုပ်ဆောင်ချက်တွေလည်း လုပ်နိုင်မှာပါ။

OnePlus 8T Concept  Highlight

-Film အရောင်အမျိုးမျိုးနဲထွက်လာပြီး စက်၏အနောက်ဘက် ဖန်မျက်နှာပြင်အောက်တွင် metal oxide များပါဝင်သည်။

-Film ၏အရောင်တွေက အားသွင်းတဲ့ ဗို့အားအပေါ်မူတည်၍ပြောင်းလဲနိုင်ပြီး အသိပေးချက်များမှ အပြာရင်ကနေ ငွေရောင်အဖြစ်ပြောင်းလဲသွားပါမည်။

-အနောက်ဘက်ရှိပန်းချီကားများကိုတူရကီနိုင်ငံရှိ Pamukkale ရေပူစမ်းမှ inspiration ယူထားတာဖြစ်ပါတယ်။

-mmWave radar system တပ်ဆင်ထားပြီး ဖုန်းရဲ့ဘေးနားက အရာဝတ္ထုတွေကို ရယူတာ ၊ ပုံရိုက်တာ ၊ တည်နေရာရှာပြီး ခြေရာခံတာမျိုး လုပ်နိုင်မှာ ဖြစ်ပါတယ်။

-mmWave rader receiver ကိုနောက်ကင်မရာအောက်တွင်တပ်ဆင်ပါတယ်။

– Breathing app( အသက်ရှုမှုပုံစံကို တွက်ချက်တဲ့ အဆင့်မြင့်ပုံစံ) ပါဝင်ပြီး mmWave radar နဲ့အတူအလုပ်လုပ်မှာဖြစ်ပါတယ်။

OnePlus 8T Concept ကို  CES 2020 တွင်ပြသခဲ့သည့် OnePlus Concept One ကိုဒီဇိုင်းထုတ်လုပ်ခဲ့တဲ့ OnePlus Guadi Team အဖွဲ့က ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားပါတယ်။ OnePlus Gaudi အဖွဲ့မှာ အိန္ဒိယ ၊ ရှန်းကျန့် ၊ တိုင်ပေ နဲ့ နယူး‌ယော့ခ်မှ ဒီဇိုင်နာ ၃၉ ဦးပါဝင်တာ ဖြစ်ပါတယ်။

Photo:Lowyat.Net

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။