ဈေးအချိုဆုံး 5G ဖုန်းဖြစ်တဲ့ realme Narzo 30 Series

realme က တန်ဖိုးနည်း Narzo Brand ကို ၂၀၂၀ မေလကတည်းက ထုတ်လုပ်ရောင်းချ နေပြီး ဒုတိယမျိုးဆက်ကို စက်တင်ဘာလမှာ ချပြခဲ့ပါတယ်။ အခုလည်း Narzo 30 Series ကို ကြေညာဖို့ နီးနေပါပြီ။ realme ဟာ အိန္ဒိယမှာ ဒီလ အစောပိုင်းက X7 5G ကို ကြေညာခဲ့ပြီး ၂၇၆ ဒေါ်လာပဲ ရှိတဲ့အတွက် အိန္ဒိယမှာ စတင်ရောင်းချခဲ့ပြီး ဈေးအချိုဆုံး 5G ဖုန်း ဖြစ်လာပါတယ်။

အခုတော့ realme India CEO Madhav Sheth က ဈေးချိုတဲ့ 5G ဖုန်းတွေ ပိုထုတ်လုပ်သင့် သလားလို့ တွစ်တာမှာ မေးလာတဲ့အတွက် Narzo 30 Series ဟာ X7 5G ထက်တောင် ဈေးချိုလာနိုင်ပါတယ်။ကုမ္ပဏီက မကြာခင်ကပဲ Narzo 30 Series တွေကို Tease လုပ်ခဲ့ ပါတယ်။ အဲဒီဖုန်းရဲ့ ဘူး ဒီဇိုင်းကို ဖိုရမ်မှာ မျှဝေလိုက်ပြီး ဘူး ၆ မျိုးကို မြင်ရပါတယ်။ ဖိုရမ် မန်နေဂျာ ၁ ယောက်က ကျွန်တော်တို့ ဆုံးဖြတ်ချက် အားလုံးကို Fans တွေရဲ့ ဆန္ဒ အတိုင်း ပြုလုပ်နေတာ ဖြစ်ပြီး Narzo Series ကိုလည်း ဒီအတိုင်း ပြုလုပ်မှာပါလို့ ရေးသားထားပါတယ်။

realme က တန်ဖိုးနည်း Narzo Brand ကို ၂၀၂၀ မေလကတည်းက ထုတ်လုပ်ရောင်းချနေပြီး ဒုတိယမျိုးဆက်ကို စက်တင်ဘာလမှာ ချပြခဲ့ပါတယ်။ အခုလည်း Narzo 30 Series ကို ကြေညာဖို့ နီးနေပါပြီ။

Narzo 30 Series မှာ Narzo 30, 30A နဲ့ 30 Pro တို့ ပါလာနိုင်ပြီး သူတို့အားလုံးထဲမှာ Pro မော်ဒယ်မှာ 5G ပါလာနိုင်ပါတယ်။ TENAA မှာ realme ဖုန်း ၁ လုံးကို မကြာခင်က တွေ့လာရပြီး 5G ထောက်ပံ့ထားပါတယ်။ ၆.၅ လက်မ Punch Hole မျက်နှာပြင်၊ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ အနောက်ကင်မရာ ၃ လုံး၊ Android 11 OS နဲ့ 4,880mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

 

ကုမ္ပဏီက အခုဆိုရင် Narzo Series ဖုန်း အလုံးရေ ၃ သန်းကျော် ရောင်းချနိုင်ပြီလို့ ကြေညာထားပါတယ်။ Narzo 20 Series ၃ လုံးဟာ အလုံးရေ ၂၃၀,၀၀၀ ကို ပထမဆုံး အပတ်မှာတင် ရောင်းချနိုင်ခဲ့ပါတယ်။ အတိအကျပြောရရင် Narzo 20 ဟာ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး ၁၃၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ Pro ကိုတော့ ၅၀,၀၀၀ ကျော် ရောင်းထားနိုင်ပါတယ်။

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။