48 megapixel ကင်မရာနဲ့ တစ်သိန်းခွဲကျော် Lenovo  K12 နှင့် K12 Pro စမတ်ဖုန်း

Lenovo သည် K12 နှင့် K12 Pro သေးငယ်သည့်စမတ်ဖုန်းများကိုတရုတ်နိုင်ငံတွင်စတင်မိတ်ဆက်ပေးခဲ့ပြီး တရုတ်နိုင်ငံတွင် Motorola ရဲ့ Moto E7 နှင့် Moto G9 အသီးသီးတို့မှ ထပ်မံတံဆိပ်ခတ်ခဲ့ပြီး တရုတ်နိုင်ငံအတွင်းတွင် ဖြန့်ချီရောင်းချခဲ့ပါတယ်။

Lenovo K12 နဲ့ K12 Pro တို့ဟာ Motorola ဖုန်းတွေကို ပြန်ပြီး Rebrand လုပ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက ဥရောပဈေးကွက်ထဲမှာ ကြေညာသွားတဲ့ Moto E7 Plus ကို Lenovo K12 အဖြစ် ၊ Moto G9 Power ကို K12 Pro အဖြစ် တံဆိပ်ပြောင်းပြီး မိတ်ဆက်လိုက်တာပါ။ နှစ်မျိုးစလုံးက ဘက်ဂျက်ဖုန်းတွေ ဖြစ်ပါတယ်။

Lenovo K12 ဟာ waterdrop notch ပါ ၆.၅ လက်မ HD+ LCD display နဲ့ လာပြီး 8MP selfie ကင်မရာ ပါရှိပါတယ်။ Snapdragon 460 chipset နဲ့ လာပြီး RAM 4GB/64GB storage နဲ့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဖြစ်ပြီး Android 10 စနစ် သုံးထားပါတယ်။ ကျောဘက်မှာ Fingerprint reader နဲ့အတူ စတုရန်းပုံစံ ကင်မရာအိမ်ထဲမှာ 48MP + 2MP depth sensor နဲ့ လာပါတယ်။

Lenovo သည် K12 နှင့် K12 Pro သေးငယ်သည့်စမတ်ဖုန်းများကိုတရုတ်နိုင်ငံတွင်စတင်မိတ်ဆက်ပေးခဲ့ပြီး တရုတ်နိုင်ငံတွင် Motorola ရဲ့ Moto E7 နှင့် Moto G9 အသီးသီးတို့မှ ထပ်မံတံဆိပ်ခတ်ခဲ့ပြီး တရုတ်နိုင်ငံအတွင်းတွင် ဖြန့်ချီရောင်းချခဲ့ပါတယ်။

Lenovo K12 Pro သတ်မှတ်ချက်များ

  • ၆.၅ လက်မ LCD မျက်နှာပြင်၊ HD + resolution
  • Qualcomm Snapdragon 460 chipset, မြန်နှုန်း ၁.၈ GHz
  • 4 GB RAM
  • စွမ်းဆောင်ရည် 64 GB
  • ရှေ့ကင်မရာ 8 megapixel
  • နောက်ကင်မရာ – ၄၈ megapixels + ၂ megapixels (အကွာအဝေးအာရုံခံ)
  • ဘက်ထရီ 5000 mAh
  • Android 10 operating system
  • Lenovo K12 Pro ကတော့ ၆.၈ လက်မ LCD display ပါရှိပြီး punch-hole ကင်မရာဒီဇိုင်း သုံးထားပါတယ်။ 16MP selfie ကင်မရာနဲ့ကျောဘက်ဘယ်ဘေးကပ် စတုရန်းကင်မရာအိမ်ထဲ 64MP primary lens ၊ 2MP macro နဲ့ 2MP depth sensor တို့ ထည့်ထားပါတယ်။ 

Snapdragon 662 SoC ကိုမှ RAM 4GB/128GB storage ထွက်ထားပါတယ်။ဘက်ထရီပါဝါ 6000mAh ဖြစ်ပြီး 20W charging speed နဲ့ လာပါတယ်။ Lenovo K12 ကို ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၆ သောင်းကျော်) နဲ့ K12 Pro ကို ၉၉၉ ယူရို (မြန်မာငွေ ၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Lenovo K12 Pro သတ်မှတ်ချက်များ

  • ၆.၈ လက်မ LCD မျက်နှာပြင်၊ HD + resolution
  • Qualcomm Snapdragon 662 chipset, အများဆုံးအမြန်နှုန်း 2.0 GHz
  • 4 GB RAM
  • 128 GB စွမ်းရည်
  • 16 megapixel ရှေ့ကင်မရာ
  • နောက်ကင်မရာ – ၆၄ megapixels  + ၂ megapixels (အကွာအဝေးအာရုံခံ)
  • ၆၀၀၀ mAh ဘက်ထရီ

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို ကြည့်ရှုရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။