iPhone 13 မှာ အရင်ဒီဇိုင်းနဲ့ပုံစံတူထွက်ရှိမယ်

မီဒီယာတွင်ဖော်ပြချက်များအရ  iPhone 13 တွင်ယခင်ပုံစံအတိုင်းမော်ဒယ် ၄ ခုအထိထုတ်လုပ်သွားဖို့ရှိပြီး ဖုန်း၏ဒီဇိုင်းမှာမူလပုံစံအတိုင်း တူတူပဲဖြစ်ပါတယ်။ သို့သော်အပြောင်းအလဲအနည်းငယ်သာရှိမည်ဖြစ်ပါတယ်။Mac Otakara က iPhone 13 စီးရီးများသည်မူရင်း iPhone 12 စီးရီးများပေါ်တွင်အခြေခံထားသည့် Mini, Regular, Pro နှင့် Pro Max မော်ဒယ်လေးမျိုးဖြင့်ဆက်လက်ရောင်းချနိုင်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့ပါတယ်.

အကျယ်နှင့်အမြင့်နှစ်ခုလုံးသည်အရင်ပုံစံအတိုင်းတူညီနေဆဲဖြစ်သော်လည်းအထူမှာ ၀.၂၆ မီလီမီတာရှိမယ်လို့မျှော်လင့်ရပါတယ်။ထို့အပြင်နောက်ကင်မရာသည် ၀.၉ မီလီမီတာအဖြစ်တိုးသွားမှာဖြစ်ပြီး နောက်ကင်မရာ၏နောက်ခံကို Sapphire glasses အဖြစ်ပြောင်းလဲတပ်ဆင််သွားမှာဖြစ်ပါတယ်။ Lens ကိုတော့ iPad Pro နဲ့ဒီဇိုင်းဆင်တူ အခုံးဘက်သို့သွားမယ်လို့မျှော်လင့်ရပါတယ်။

မီဒီယာတွင်ဖော်ပြချက်များအရ  iPhone 13 တွင်ယခင်ပုံစံအတိုင်းမော်ဒယ် ၄ ခုအထိထုတ်လုပ်သွားဖို့ရှိပြီး ဖုန်း၏ဒီဇိုင်းမှာမူလပုံစံအတိုင်း တူတူပဲဖြစ်ပါတယ်။ သို့သော်အပြောင်းအလဲအနည်းငယ်သာရှိမည်ဖြစ်ပါတယ်။

ထို့အပြင် iPhone 13 Pro တွင် iPhone 12 Pro Max မော်ဒယ်တစ်ခုတည်းတွင်ပါရှိသော Sensor-Shift Image Stabilization ပါရှိလိမ့်မည်ဟုလည်းဖော်ပြထားပါတယ်။ iPhone 13 ရဲ့အရှေ့ဘက်မှာရှိတဲ့ TrueDepth ကင်မရာကကျဉ်းမြောင်းပြီး အပေါ်ဘက်ရှိအထစ်ကိုပါးလွှာသွားစေမှာဖြစ်ပါတယ်။

နောက်ဆုံးအနေဖြင့် iPhone 13 display သည် iPhone 12 တွင်ပါလာမယ်လို့မျှော်လင့်ထားသည့် 120Hz refresh rate ကိုအထောက်အပံ့ပေးမယ့် LTPO OLED မျက်နှာပြင်ကိုပြောင်းလဲအသုံးပြုသွားမယ်လို့မျှော်လင့်ရပါတယ်။

Photo:Technobezz

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။