ကမ္ဘာ့ အလှဆုံး မျက်နှာပိုင်ရှင်လေးအဖြစ်သတ်မှတ်ခံရတဲ့ကောင်မလေး

TC Candler က နေ နှစ်စဉ်ရွေးချယ်ဖော်ပြပေးနေတဲ့ “100 Most Beautiful Faces of the Year” ရဲ့ စာရင်းမှာတော့ ဒီနှစ်မှာ Yael Shelbia က နံပါတ် တစ်နေ ရာကို ရခဲ့ပါတယ်။အသက် ၁၉ နှစ်ပဲရှိ သေးတဲ့ အစ္စရေးမော်ဒယ်မ လေးက တခြား နာမည်ကြီးတွေ အားလုံးကို ကျော်တက် ပြီး နံပါတ် တစ် နေရာ ကို ရယူနိုင်ခဲ့တာပါ။ Yael Shelbia ရဲ့ အကြောင်းကိုတော့ Cele Now ပရိသတ်တွေ ကို ဝေမျှပေးချင်ပါတယ်။

Yael Shelbia Cohen ကိုတော့ အစ္စရေးနိုင်ငံ Nahariya ဆိုတဲ့ မြို့ လေးမှာ မွေးဖွားခဲ့တာပါ။သူမရဲ့ အမေ ကတော့ အိမ်ခြံမြေ  လုပ်ငန်း လုပ်ကိုင် သူ ဖြစ်ပြီး အဖေ က တော့ စက်ရုံ မှာ အလုပ်လုပ်တဲ့ ၀န်ထမ်း တစ်ယောက်ပါ။မွေးချင်း မောင်နှမက တော့ ၄ ယောက်ရှိပါတယ်။ညီအစ်မ ၂ ယောက် နဲ့ အစ်ကို မောင် ၂ ယောက် ပါ။

သူမ အသက် ၁၆ နှစ်လောက်မှာတော့ IG ပေါ်မှာ ပုံတွေ ရိုက်တင်ခဲ့ပါတယ်။အစက တော့ Selfie ပုံတွေ နောက်ပိုင်းမှာ တော့ professional photographer Marina Moskowitz နဲ့ ရိုက်ပြီး ပုံတွေ တင်ခဲ့ပါတယ်။မော်ဒယ် အလုပ်ကို စလုပ်တဲ့ အချိန်မှာတော့ အစ္စ ရေး ပညာရေး၀န်ကြီး ဌာနက  နေစာ ပို့ ပြီး ကျောင်း ထုတ်မယ်လို့ ခြိမ်းခြောက်တာ ကို ခံခဲ့ရဖူးပါတယ်။

TC Candler က နေ နှစ်စဉ်ရွေးချယ်ဖော်ပြပေးနေတဲ့ “100 Most Beautiful Faces of the Year” ရဲ့ စာရင်းမှာတော့ ဒီနှစ်မှာ Yael Shelbia က နံပါတ် တစ်နေ ရာကို ရခဲ့ပါတယ်။အသက် ၁၉ နှစ်ပဲရှိ သေးတဲ့ အစ္စရေးမော်ဒယ်မ လေးက တခြား နာမည်ကြီးတွေ အားလုံးကို ကျော်တက် ပြီး နံပါတ် တစ် နေရာ ကို ရယူနိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း မိသားစုကပါ သူမရဲ့ မော်ဒယ် အလုပ်ကို အားပေးခဲ့ ကြပါတယ်။နောက်ပိုင်း အစ္စ ရေး ဘာသာရေး ပညာရေးဆိုင်ရာ၀န်ကြီး ဌာနနဲ့ တိုင်ပင် ဆွေးနွေးပြီးနောက် မှာတော့ guideline တစ်ချို့ နဲ့ သူမရဲ့ ပညာသင်ယူ မှုကို ပြန်လည် ခွင့်ပြု ပေး ခဲ့ပါတယ်။

သူမရဲ့ထူးခြားပြီး သူများနဲ့ မတူ လှပတဲ့ ရုပ်ရည် က အောင်မြင်မှု လမ်းကြောင်းပေါ် ကို မြန်မြန် ရောက် အောင် တွန်းပို့ ပေးနိုင်ခဲ့ပါတယ်။ Milan မှာ မော်ဒယ် campaign တစ်ခု အတွက် ရောက်နေချိန်မှာတော့ kosher အစားအစာ(ဂျူးလူမျိုးတွေ အတွက် ဘာသာရေးအရ ခွင့်ပြုတဲ့ အစားအစာမျိုး) ကို ရှာ မရလို့  ဘီစကွတ် မုန့်ကြွပ် တွေကိုပဲ လေးရက် လုံးလုံး စားခဲ့ရပါတယ်။

ဘာသာရေး အရ လိုက်နာ စောင့် ထိန်း ရမယ့် အရာတွေ၊အ၀တ်အစားရွေးချယ်မှု တွေကို  ထည့်သွင်း စဉ်းစားရင်း မော်ဒယ်စာချုပ်တွေနဲ့ တောင်ပျက် လုနီးပါး ဖြစ်ခဲ့ပါတယ်။သူမရဲ့ အောင်မြင်မှု ကတော့ အစ္စရေးတင်မကပဲ ဥရောပ အထိပါ ရောက်ရှိလာခဲ့ပါတယ်။

၂၀၁၈ မှာတော့ Kim Kardashian ရဲ့  brand KKW Beauty အတွက် မော်ဒယ် လုပ်ပေးခဲ့ပါတယ်။မော်ဒယ် အတွက် ဓါတ်ပုံတွေနဲ့ လူရွေး တော့ Kim က သူမကို ရွေးချယ် ခဲ့တာပါ။ဘောလုံးသမား Lionel Messi နဲ့ အတူ ‘FINNEY အတွက် ကြော်ငြာ campaign တွေ မှာ ပါ၀င် ပေးခဲ့ပါတယ်။၂၀၁၉ မှာ တော့ Kylie Jenner ရဲ့  Biotic Skincare အတွက် မော်ဒယ် အဖြစ် အရွေး ခံခဲ့ရပါတယ်။၂၀၁၉ မှာ‌တော့ သရုပ်ဆောင် အလုပ် ကိုပထမဆုံး လုပ်ခဲ့ပါတယ်။ Israeli Palmach အကြောင်း ရိုက်တဲ့ TV စီးရီးပါ။

သူမက တော့ 2018 တည်းက TC က ရွေးတဲ့ ကမ္ဘာ့ အလှဆုံး မျက်နှာ စာရင်းမှာ ပါ၀င် လာခဲ့တာပါ။၂၀၁၈ တုန်းက နံပါတ် သုံး နေရာ မှာရခဲ့တာပါ။၂၀၂၀ မှာတော့ နံပါတ် တစ်နေရာကို ရခဲ့တာပါ။ကမ္ဘာ ကျော် အစ္စရေး မင်းသမီး Gal Gadot က တော့ ဒီနှစ်စာရင်းမှာ နံပါတ် ၂၁ နေရာကို ရခဲ့ပါတယ်။၂၀၂၀ အစော ပိုင်းတုန်းကလည်း At Magazine ရဲ့ Model of the Year မှာ ဖော်ပြခံခဲ့ရပါတယ်။

Photo:New York Post

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။