Xiaomi ဖုန်းတွေထဲမှာ လုံး၀အမိုက်စား ကင်မရာ ပါ၀င်တဲ့ Xiaomi 12 Pro

Image: Xiaomi

Xiaomi ဟာ ထိပ်တန်း ဖုန်းတွေထဲမှာ ပါ၀င်တဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး လုံး၀ အမိုက်စား ကင်မရာ တစ်လုံးကို ထပ်မံ ထည့်သွင်း လာခဲ့ ပြန်ပါတယ်။ ယခု တစ်ကြိမ်မှာ ဆိုရင် ၎င်းက 50-megapixel ပါရှိတဲ့ ပင်မ sensor ( 50-megapixel main sensor ) တစ်ခု နှင့် f/1.9 standard wide lens တို့ကို Xiaomi 12 Pro မှာ ထည့်သွင်း လာခဲ့တာပဲ ဖြစ်ပါတယ်။

ဖုန်းတစ်လုံးမှာ Xiaomi က သုံးတဲ့ အကြီးမားဆုံး sensor တော့ မဟုတ်ပေမယ့် ကျယ်၀န်းလှတဲ့ အလင်းဝင်ပေါက် မှန်ဘီလူး ( wide aperture lens ) နဲ့ အရွယ်အစား ကြီးမားတဲ့ ပုံရိပ်ဖော်ချစ်ပ် ( sizable imaging chip ) တို့ ပေါင်းစပ် ပြုလုပ် ထားတာပဲ ဖြစ်ပါတယ်။

နည်းပညာပိုင်း အရ ၎င်းဟာ Sony IMX707 chip တစ်ခု ဖြစ်ပြီး ၊ Xiaomi က ၎င်းဟာ မိုဘိုင်း စက်မှာ ပထမဆုံး အသုံးပြုတယ် လို့ ပြောထား ပါတယ် ။ Gizmochina က 707 ဟာ IMX700 ရဲ့ အလွန် ပေါ့ပါးတဲ့ refresh rate ဖြစ်တဲ့ အကြောင်း ၊ ၎င်းဟာ အနည်းငယ် စိတ်လှုပ်ရှားဖွယ် ဖြစ်စေတယ် လို့ Gizmochina မှ ထောက်ပြ ပြောဆို ထားပါတယ်။

၎င်းက ကြီးမားတဲ့ 1/1.28-inch အမျိုးအစား ရှိတဲ့ sensor တစ်ခုပဲ ဖြစ်ပါတယ် ။ Sony က အလင်းနည်းတဲ့ ဓာတ်ပုံတွေ အတွက် ပိုကြီးတဲ့ 2.44μm “4-in-1” pixels တွေကို ဖန်တီးဖို့ ၎င်းရဲ့ 1.22μm pixels ကို ပေါင်းစပ် ထားပြီး မိုဘိုင်း ကင်မရာ sensor အတွက် အလွန် ကြီးမားတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

Xiaomi 12 Pro မှာ နောက်ထပ် 50-megapixel ကျောဘက် ကင်မရာ sensors နှစ်ခု ပါဝင် ပါတယ်။ ၎င်းတို့ဟာ ultrawide sensor တစ်ခု နှင့် telephoto sensor တစ်ခုတို့ပဲ ဖြစ်ပါတယ် ။ Xiaomi 12 မှာ အနည်းငယ် သေးငယ်တဲ့ 1/1.56-inch အမျိုးအစား sensor ၊ 13-megapixel ultrawide နှင့် 5-megapixel “telemacro” တို့ ပါရှိ ပါတယ် ။ စွဲမက်ဖွယ် ကောင်းတဲ့ ဟာ့ဒ်ဝဲ ( hardware ) အပြင် ၊ 12 နှင့် 12 Pro မှာ ကင်မရာ ဆော့ဖ်ဝဲလ် (camera software) မြှင့်တင်မှုတွေ ၊ အလင်းပိတ် ချိန်ညှိမှု ၊ ဆက်တိုက် ရိုက်ချက် မြှင့်တင်မှု တွေနှင့် လူနဲ့ တိရစ္ဆာန် မျက်နှာတွေ အတွက် အပြင်အဆင် တွေကို ခြေရာခံခြင်း ကဲ့သို့ ကင်မရာ ဆော့ဖ်ဝဲ မြှင့်တင်မှုတွေ ပါဝင် ပါတယ်။

Image: Xiaomi

Xiaomi 12 Pro နှင့် Xiaomi 12 တို့ဟာ Snapdragon 8 Gen 1 chipsets နှင့် 120Hz OLED panels များတွေ ပါရှိတဲ့ modern flagship ရဲ့ အနားသတ်တွေ အားလုံးကို ဖြတ်တောက် ထားတာပဲ ဖြစ်ပါတယ်။ Xiaomi 12 မှာ 6.28-inch screen နှင့် 4,500mAh ဘက်ထရီ တို့ ပါ၀င်ပြီး 12 Pro တွင် 1,500 nit peak brightness နှင့် 120W အားအမြန်သွင်းနိုင်တဲ့ 4,600mAh ဘက်ထရီတို့နှင့် အတူ 6.73-inch screen လဲ ပါဝင် ပါတယ်။

တကယ်ကို ကောင်းမွန်တဲ့ စမတ်ဖုန်းကင်မရာ ပါ၀င်တဲ့ Xiaomi 12 Pro နှင့် Xiaomi 12 နှစ်ခု စလုံးကို ဒီဇင်ဘာ 31 ရက်နေ့က တရုတ် နိုင်ငံမှာ စတင် ရောင်းချ ခဲ့ပါတယ် ။ 12 Pro က 8GB RAM နှင့် 128GB storage အတွက် မြန်မာငွေ 13 သိန်း ကျော်ခန့် ( ယွမ် 4,699 / ဒေါ်လာ $737 ) မှ စတင် ရောင်းချ သွားမှာ ဖြစ်ပြီး Xiaomi 12 က 8GB/128GB အမျိုးအစားတူ အတွက် မြန်မာငွေ 10 သိန်း ကျော်ခန့် (ယွမ် 3,699 / ဒေါ်လာ 580 ခန့် ) ဖြင့် စတင် ရောင်းချ ပေးသွားမှာပဲ ဖြစ်ပါတယ် ။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။