Telegram ဟာ Facebook ပြတ်တောက်ပြီးနောက် တစ်ရက်ထဲ users အသစ် 70M ရရှိခဲ့

Illustration by Alex Castro / The Verge

Messaging app ဖြစ်တဲ့ Telegram ဟာ တနင်္လာနေ့ တုန်းက Facebook ၏ services တွေဟာ ခြောက်နာရီ နီးပါး ပြတ်တောက်မှု ကြုံခဲ့ ရသဖြင့် Telegram သုံးစွဲသူ အသစ် သန်း ၇၀ ကို စံချိန်တင် ရရှိခဲ့ ပါတယ် ဟု Telegram CEO ဖြစ်တဲ့ Pavel Durov က ကြေငြာ ခဲ့ပါတယ်။ Encrypted messaging app Signal ဟာလည်း တစ်နေ့တည်းမှာ သန်းပေါင်း များစွာသော သုံးစွဲသူ အသစ်များ ရရှိကြောင်း အစီရင်ခံ တင်ပြခဲ့ ပါတယ်။ Application နှစ်ခု စလုံးဟာ Facebook ၏ WhatsApp နှင့် အဓိက ယှဉ်ပြိုင် ရသော်လည်း ပြတ်တောက် သွားသောကြောင့် Facebook Messenger ကို ဖြုတ်ချ ခဲ့ပြီး သုံးစွဲသူ များက Instagram သို့ messages များ ပို့မရ နိုင်ခဲ့ ပါဘူး။

သုံးစွဲသူ အသစ် 70 million က ယခုနှစ် ဇန်နဝါရီ လ ရဲ့ လစဉ် သုံးစွဲသူ 500 million ရှိသော Telegram နှင့် နှိုင်းယှဉ် လိုက်မယ် ဆိုရင် 10 percent ကျော်အထိ တိုးလာ ခဲ့ပြီး နောက်ဆုံး အကြိမ်တွင် စာရင်းသွင်းသူ ( signups ) အသစ်တွေဟာ အလားတူ မြင့်တက် လာကြောင်း အစီရင်ခံခဲ့ ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်စွာပဲ ဤနောက်ဆုံး သုံးစွဲသူ ဦးရေ တိုးလာ ခြင်းဟာ Facebook မှာ ပြဿနာတွေက ကူညီ ပေးခဲ့ တာပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလက WhatsApp ဟာ privacy policy အသစ် တစ်ခုကို မှားယွင်းစွာ မိတ်ဆက်ခဲ့ပြီး ၎င်းက private user data တွေကို parent company ဖြစ်တဲ့ Facebook နှင့် sharing လုပ်မှာကို စိုးရိမ်မှုများ ဖြစ်ပေါ် လာစေ ပါတယ်။

Durov က Telegram ဟာ ၎င်း၏ “ မကြုံစဖူး တိုးတက်မှု ( unprecedented growth )” နှင့် ရင်ဆိုင် တွေ့ရာမှာ “ အပြစ် ကင်းစင်စွာ ဆက်လက် လုပ်ဆောင်ခဲ့တယ် ( continued to work flawlessly )”ဟု အခိုင်အမာ ပြောဆို ခဲ့သော်လည်း သူက ” အမေရိကတိုက်ရှိ အချို့သော သုံးစွဲသူများက ပုံမှန်ထက် နှေးကွေးမှုနဲ့ ကြုံတွေ့ ရနိုင်ပါတယ်။ အဲ့ဒီ တိုက်ကြီးတွေမှ သန်းပေါင်း များစွာသော သုံးစွဲသူ များက တစ်ချိန်တည်းမှာ Telegram အတွက် စာရင်းပေးရန် အပြေးအလွှား သွားကြ ပါတယ် ” ။ Signal users တွေက ၎င်းတို့၏ contacts တွေ အားလုံးကို မမြင်နိုင်တဲ့ ပြဿနာတွေ နဲ့လည်း ကြုံတွေ့ နေရ ပါတယ်။

“For the new users I’d like to say this – welcome to Telegram, the largest independent messaging platform,” ဟု Durov က ရေးသား ခဲ့ပါတယ်။ “We won’t fail you when others will.” Telegram က WhatsApp ၏ သုံးစွဲသူ 2 billion ကို ကြာမြင့်စွာ စွဲလမ်းခဲ့ပြီး ယခုနှစ် အစောပိုင်းမှာ သုံးစွဲသူတွေက Facebook ရဲ့ ကိုယ်ပိုင် messaging service ကနေ ပြောင်းဖို့ ရည်ရွယ်တဲ့ အနေနှင့် WhatsApp chat histories တွေကို တင်သွင်း နိုင်ခဲ့ ပါတယ်။ ယခုနှစ် အတွင်းမှာ Signal နှင့် WhatsApp တို့ ကဲ့သို့ ပုံမှန်အားဖြင့် end-to-end encryption ကို မပေးသေး ပေမယ့် video call ခေါ်ဆိုမှု နှင့် live stream ထုတ်လွှင့်မှု အပေါ် focus ထားတဲ့ အခြား feature ကိုလည်း ထည့်သွင်း ခဲ့ပါတယ်။

“Facebook-owned Whatsapp being down is a reminder that you and your friends should probably be using a more private, non-profit alternative like @Signalapp anyway,” ပြတ်တောက် နေစဉ် အတွင်း whistleblower ဖြစ်တဲ့ Edward Snowden ရေးသားခဲ့ ပါတယ်။ “It’s just as free, and takes like 30 seconds to switch.” ။ Snowden က Signal proponent တစ်ယောက် ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် သူက ၎င်းကို နေ့တိုင်း သုံးပါတယ် လို့ ပြောပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။