Telegram သည် group video calling ကို ထပ်မံ ထည့်သွင်း

Messaging chat app Telegram သည် ဧပြီလ ၂၀၂၀ တွင် ကတိ ပြုခဲ့သည့် အရာ တစ်ခု ဖြစ်သော နောက်ဆုံး၌ ၎င်း၏ mobile နှင့် desktop apps များတွင် Telegram group video calling ထည့်သွင်း ခဲ့ပါတယ်။

Platform ရှိ မည်သည့် group မှ မဆို Voice chats ကို device ၏ video ကို ဖွင့်ရန် camera icon ကို နှိပ်ခြင်းဖြင့် video calls များသို့ ပြောင်းလဲ နိုင်ပါတယ်။

Telegram မှ ပြောကြားသည်မှာ အကန့် အသတ် မရှိသော သုံးစွဲ သူများသည် audio call တွင် ပါ ၀ င် နိုင်မှာပဲ ဖြစ်ပါတယ်။

သို့သော် group video calls ကို voice chat တွင် ပါ၀င်သော ပထမဆုံး လူ ၃၀ ကိုသာ ကန့်သတ် ထားမှာပဲ ဖြစ်ပါတယ်။ ကုမ္ပဏီ အနေဖြင့် ထို ကန့်သတ်ချက်ကို “ မကြာမီ” တိုးမြှင့်ရန် စီစဉ် ထားကြောင်း ကြေငြာချက်တွင် ဖော်ပြ ထားပါတယ်။

အသုံးပြု သူများသည် video call တစ်ခု အတွင်း သူတို့၏ screens များကို မျှဝေနိုင် ပါတယ်။

Telegram ၏ (CEO) အမှုဆောင် အရာရှိချုပ် Pavel Durov က ဇန်န၀ါရီလတွင် ကုမ္ပဏီသည် active users သန်း ၅၀၀ အထိ ရောက်ရှိ ခဲ့သည်ဟု ပြောဆိုခဲ့ ပါတယ်။

Facebook-owned rival chat platform WhatsApp အပြီးတွင် privacy policy အသစ်ကို စတင် မိတ်ဆက် လိုက်ပြီးနောက် များစွာသော သူတို့ platform သို့ ရောက်ရှိ လာကြ ပါတယ်။

Telegram ရဲ့ group video calls ၏ နိဒါန်း ယှဉ်ပြိုင်မှု နောက် ဖေဖော်ဝါရီလတွင် သုံးစွဲသူ ၂ ဘီလီယံရှိသည့် WhatsApp သည် ၂၀၁၈ ခုနှစ်တွင် group video နှင့် voice calling မှုကို ပြုလုပ် ခဲ့ပါတယ်။

Telegram သည် ကြာမြင့်စွာ စောင့်ဆိုင်း ခဲ့ရသော group video calls များ နှင့် အတူ တိုးတက်လာသော noise suppression နှင့် animated backgrounds များ အပါအ၀င် အခြား features အသစ် များကို ထည့်သွင်း ခဲ့ပါတယ်။

Telegram ၏ iOS ( သို့မဟုတ် ) Android apps များမှ အသုံးပြု သူများသည် များစွာသော default options များမှ ရွေးချယ် နိုင်ပါတယ်။

ဒါမှ မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် animated backgrounds များလဲပဲ ဖန်တီး နိုင်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။