Taylor Swift သည်သူမ၏Evermore အယ်လ်ဘမ်သစ်ဖြင့်ပရိတ်သတ်တွေအံ့သြသွားစေခဲ့

အဆိုတော် သာမက သီချင်းရေးသားတဲ့ဘက်မှာလဲ ဆရာတစ်ဆူဖြစ်တဲ့ Taylor Swift ကအမေရိကန်ပြည်ထောင်စု၏သန်းခေါင်ယံအချိန်လောက်မှာသူမရဲ့အယ်လ်ဘမ်သစ်ကို အံ့အားသင့်ဖွယ်ကြေငြာလိုက်ပြီး ပရိသတ်များအတွက်တစ်ဖန်စိတ်လှုပ်ရှားသွားစေခဲ့ပါတယ်။ သူမရဲ့

(၉) ကြိမ်မြောက်အယ်လ်ဘမ်နှင့်အတူ Evermore ဟုအမည်ပေးပြီး ၂၀၂၀ ခုနှစ်မှာ ဇူလိုင်လအစောပိုင်းကဖြန့်ချီခဲ့သည့် ‘Folklore’ အယ်လ်ဘမ်ထွက်ရှိခဲ့ပြီးနောက် ၎င်းသည် ဒုတိယအကြိမ်မြောက်အံ့အားသင့်ဖွယ်အယ်လ်ဘမ်တစ်ခုဖြစ်ခဲ့ပါတယ်။ corona virus အကျပ်အတည်းမှပိတ်ဆို့မှုအတွင်း Taylor Swift  ကလျှို့ဝှက်စွာပြုလုပ်ခဲ့သောအယ်လ်ဘမ်တစ်ခု လည်းဖြစ်ပါတယ်။

အယ်လ်ဘမ်တစ်ခုလုံးတွင်သူမကိုယ်သူမအသေးစိတ်ကိုယ်တိုင်အစီစဥ်ပြီးလုပ်ထားတဲ့ အယ်လ်ဘမ်ဖြစ်ပါတယ်။ Bon Iver , The National မှ Aaron Dessner ကဲ့သို့သောအရည်အသွေးမြင့်အနုပညာရှင်အများအပြားနှင့်အတူ ကလောင်အမည် William Bowery လို့ခေါ်တဲ့သူမ၏ရည်းစား Joe Alwyn နှင့်အတူသီချင်းကိုပူးပေါင်းရေးသားခဲ့တာဖြစ်ပါတယ်။

Folklore အယ်လ်ဘမ်ဟာ ပရိသတ်များရဲ့အားပေးမှုတွေအများကြီးရရှိခဲ့ပြီ တေးရေးဆရာများရဲ အထူးချီးကျူးခြင်းကိုခံရတဲ့တုန့်ပြန်မှုကိုရရှိခဲ့ပါတယ်။  ဒီအယ်လ်ဘမ်ဟာရောင်းအားအောင်မြင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက်ဂရမ်မီဆုခြောက်ဆုအတွက် Album of the Year နှင့် Song of the Year of Cardigan ဆုအတွက်အမည်စာရင်းတင်သွင်းခံခဲ့ရသည်။  Folklore  အယ်လ်ဘမ် သည် ၂၀၂၀ ပြည့်နှစ်တွင်ကမ္ဘာတစ်လွှားရှိပရိသတ်များအကြိုက်ဆုံးအယ်လ်ဘမ်တစ်ခုဖြစ်ပြီးအဖွဲ့အစည်းများစွာမှယခုနှစ်အကောင်းဆုံးအယ်လ်ဘမ်ဖြစ်လိမ့်မည်ဟုသေချာနေပါတယ်။

အဆိုတော် သာမက သီချင်းရေးသားတဲ့ဘက်မှာလဲ ဆရာတစ်ဆူဖြစ်တဲ့ Taylor Swift ကအမေရိကန်ပြည်ထောင်စု၏သန်းခေါင်ယံအချိန်လောက်မှာသူမရဲ့အယ်လ်ဘမ်သစ်ကို အံ့အားသင့်ဖွယ်ကြေငြာလိုက်ပြီး ပရိသတ်များအတွက်တစ်ဖန်စိတ်လှုပ်ရှားသွားစေခဲ့ပါတယ်။

Evermore အတွက်တော့ကျွန်တော်တို့သိပ်မကြာခင်အချိန်တိုအတွင်းမှာ နားထောင်ရမှာဖြစ်ပြီးသီချင်း ၁၇ ပုဒ်ပါဝင်ပါတယ်။  သီချင်းတွေအားလုံးဟာ သူမကိုယ်တိုင်ရေးစပ် ခဲ့ပြီး Folklore အယ်ဘမ်လ် လုပ်နေတဲ့အချိန်အတွင်းမှာ အသံသွင်းခဲ့တယ်လိုသိရပါတယ်။ Swift က တွစ်တာတွင် သူမဂီတတွင် အလုပ်လုပ်ခြင်းနှင့် ပတ်သက်၍ သူမဘယ်လိုခံစားချက်ရှိကြောင်းကိုဖော်ပြခဲ့ပါတယ်။

ဒါကတော့ရိုးရိုးလေးပါ၊ သီချင်းတွေကိုရေးတာကိုရပ်လို့မရသလိုပိုလို့တောင်လှပအောင် လုပ်ဖို့တော့မကြိုးစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ဟာ Folklore Forest ၏အစွန်းမှာရပ်နေပြီး ကျွန်မအတွက်ရွေးချယ်စရာနှစ်ခုရှိနေပါတယ်။ နောက်ပြန်လှည့်သွားမလား ဒါမှမဟုတ်ဤတေးဂီတသစ်တောထဲကို ရှေ့ဆက်သွားမလားဆိုတာပဲ အရင်ကတစ်ခါမှ မလုပ်ခဲ့ဖူးတဲ့အရာတစ်ခုကိုပိုပြီးနက်ရှိုင်းစွာသွားဖို့ရွေးချယ်ခဲ့ပါတယ်။

အရင်တုန်းကကျွန်မဟာ အယ်လ်ဘမ်အသစ်တွေမကြာခဏလုပ်ခဲ့ပါတယ်။ပြီးတော့အယ်လ်ဘမ်အသစ်ထွက်ပြီးတဲ့နောက်မှာနောက်ထပ်အယ်လ်ဘမ်အသစ်တစ်ခုလုပ်ဖို့စီစဉ်ပါတယ်။ ဒါပေမယ့် Folklore ကိုလုပ်နေတဲ့အချိန်မှာ Folklore နဲ့ပတ်သက်ပြီးကွဲပြားတဲ့အရာတစ်ခုရှိနေပါတယ်။ ကျွန်မကိုကျွန်မ ကိုယ်ထဲကနေ ထွက်သွားသလိုခံစားရပါတယ်။

ဒါပေမယ့်ထွက်သွားပြီးတစ်ဖန်ပြန်လာတယ်လိုခံစားရတယ်။ဒီစိတ်ကူးယဉ်ခြင်း ဇာတ်လမ်းတွေထဲမှာ နှစ်မြုပ်နေတဲ့ ခံစားချက်ကို ကျွန်မကြိုက်နှစ်သက်တယ်။ လူတွေဟာသူတို့ရဲ့အိပ်မက်တွေကိုဖက်တွယ်ပုံကို နှစ်သက်ကြတယ် ဝမ်းနည်းပူဆွေးမှုတွေပျောက်ဆုံးသွားပြီး ချစ်ခြင်းမေတ္တာတွေ သူတို့ဘဝထဲမှာပြန်လည်တွေ့ရှိတဲ့ ဇာတ်လမ်းတွေကို သဘောကျတယ်။ ဒါကြောင့်ကျွန်မဒါကိုဆက်လက်ရေးသားဖို့ဆုံးဖြတ်ခဲ့တယ်။

သေချာပါတယ် ဒီအယ်လ်ဘမ်ထဲမှာ Folkloreမှာတူတူပါဝင်ထားတဲ့အနုပညာရှင်တွေပါဝင်မှာဖြစ်ပြီး Bon Iver အပါအ၀င်သူမရဲ့သီချင်း ၁ ပုဒ်မှာ ပါဝင်သီဆိုအားဖြည့်ထားပါတယ်။ ပြီးတော့ထူးခြားတာကတော့ ဆွစ်ဖ်ရဲ့သူငယ်ချင်းဂိုဏ်းဖြစ်တဲ့အင်ဒီရော့ခ်မိန်းကလေးသုံးယောက် Haim တို့လဲပါဝင်လာမှာဖြစ်ပါတယ်။ မိန်းကလေးလေးယောက်အတူတူသီချင်းကိုဘယ်လိုလုပ်ပုံစံတွေနဲ့ထွက်လာမလဲဆိုတာကိုတော့ စိတ်ဝင်စားစရာပါပဲ။ ဒါ့အပြင် Swift ဟာဒီအယ်လ်ဘမ်မရဲ့ပထမဆုံး MV ဖြစ်တဲ့ Willow အတွက် music video ကိုပါ စီစဥ်နေပြီး ဒီ music video ကိုတော့ Evermore အယ်ဘမ်လ်ဖြန့်ချီတဲ့အချိန်နဲ့တစ်ချိန်တည်းတွင်ဖြန့်ချီမယ်လို ဆိုပါတယ်။

Credit Photo: US Weekly 

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲ့နော်…။