Cyberpunk 2077 game ကို PS Store မှဖယ်ရှားခဲ့ပြီးငွေပြန်အမ်း

ထုတ်ဝေသူ Sony Interactive Entertainment မှ PlayStation 4 ဗားရှင်း Cyberpunk 2077 ကို PlayStation Store မှဖယ်ရှားခဲ့ပြီး၎င်း၏ ၀က်ဘ်ဆိုဒ်မှငွေပြန်တောင်းဆိုရန်ဖွင့်ပေးခဲ့ပါတယ်။ အကြီးအကျယ် မျှော်လင့်ထားခဲ့ကြတဲ့ Cyberpunk 2077 ဂိမ်းဟာ ပွဲဦးထွက်မှာ ဂိမ်းစွမ်းဆောင်ရည်ပြဿနာတွေ တက်ခဲ့တာကြောင့် အခုဆို ဝယ်သူတွေကို Refund ပြန်ပေးတဲ့ အခြေအနေပါ ဆိုက်ရောက်လာနေပါတယ်။

Sony PlayStation 4 နဲ့ Microsoft Xbox စက်တွေနဲ့ Cyberpunk 2077 ကို ကစားခဲ့သူတွေဟာ ဂိမ်းကစားရ အဆင်မပြေဖြစ်မှုတွေနဲ့ ကြုံခဲ့ကြတာပါ။ Sony ရော Microsoft ပါ Cyberpunk 2077 ကို စိတ်ကျေနပ်မှုမရှိတဲ့ ဖောက်သည်တွေကို ငွေပြန်ပေးသွားမယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။PlayStation Store ကနေ Cyberpunk 2077 ဂိမ်း ဝယ်ထားသူတွေကို ငွေအပြည့်ပြန်အမ်းသွားမယ်လို့ ဖော်ပြထားပြီး Refund ပြန်တောင်းနိုင်ဖို့ Website တစ်ခုပါ ထောင်ပေးထားပါတယ်။

“ Sony Interactive Entertainment ဖောက်သည်တွေကျေနပ်အောင်လုပ်ဖို့ကတိပြုထားတယ် ရလဒ်အနေနဲ့အဆင်မပြေမှုတွေရှိနေပါတယ်။ Cyberpunk 2077 ကို PlayStation Store ကနေ ၀ယ်ခဲ့တဲ့ကစားသမားတွေကိုငွေပြန်အမ်းပေးမှာပါ။

ထုတ်ဝေသူ Sony Interactive Entertainment မှ PlayStation 4 ဗားရှင်း Cyberpunk 2077 ကို PlayStation Store မှဖယ်ရှားခဲ့ပြီး၎င်း၏ ၀က်ဘ်ဆိုဒ်မှငွေပြန်တောင်းဆိုရန်ဖွင့်ပေးခဲ့ပါတယ်။

ငွေပေးချေမှုနည်းလမ်းနှင့်သင်၏ငွေကြေးဆိုင်ရာအဖွဲ့အ စည်းအပေါ်မူတည်ပြီးပြန်အမ်းငွေများကွဲပြားနိုင်ပါတယ် ”လို့ပြောကြားခဲ့ပါတယ်။

CD Projekt RED Team  သည် Cyberpunk 2077 ၏ PlayStation 4 နှင့် Xbox One ကဲ့သို့ဂိမ်းစက်များတွင် များစွာသော bugs တွေနှင့် crash အပါအဝင်စွမ်းဆောင်ရည်အတွက်အကြီးအကျယ်ဝေဖန်ခံခဲ့ရပါတယ်။ Cyberpunk 2077 ဟာ လက်ခံနိုင်စရာမရှိအောင် ဂရပ်ဖစ်ပိုင်း ညံ့ဖျင်းသလို ဂိမ်းကစားရင်း ထစ်သွားတာတွေလည်း ရှိတယ်လို့ ဂိမ်းကစားသူတွေက ဝေဖန်နေကြပြီး CD Projekt Red ကလည်း PS4 နဲ့ Xbox One စက်တွေနဲ့ ကစားနေတဲ့ Cyberpunk 2077 ကစားသမားတွေကိုတောင်းပန် ခဲ့ပါတယ်။

Development team အဖွဲ့မှတရားဝင်တောင်းပန်ခဲ့ပြီး အရေးပေါ်လုပ်ဆောင်မှုများနှင့်အတူ ပြန်လည်ဖြေရှင်းပြီးလာမည့်လများအတွင်း ဝါဆောအခြေစိုက် CD Projekt Red ဂိမ်းကုမ္ပဏီအနေနဲ့ ဂိမ်းကစားမှု အဆင့်မြှင့်တင်ဖို့ patches တွေ ထုတ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။အရေးပါတဲ့ patches နဲ့ updates တွေလည်း ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေထဲမှာ ထွက်လာဖို့ ရှိပါတယ်။ Cyberpunk 2077 ဟာ pre-order နဲ့တင် ဒေါ်လာသန်း ၅၀၀ နီးပါးဖိုး ရောင်းချနိုင်ခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။

Cyberpunk 2077 ကို PlayStation 4, Xbox One, Google Stadia နှင့် PC platforms (Steam, Epic Games Store နှင့် GOG) တွင်တရားဝင်ဖြန့်ချီနေပြီပဲဖြစ်ပါတယ်။

Photo:Eminetra New Zealand

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်းကြည့်ရှုနိုင်ရန်  Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး လိုက်ခ် နဲ့ ဖောလိုး လေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။