Remote Workers အတွက် Digital Signatures ကို ဘယ်လို အသုံးပြုနိုင်မလဲ ?

Image : GlobalSign

Coronavirus ပြန့်ပွားမှုကို ရှောင်ရှားဖို့ အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) မှ လူစု လူဝေး မလုပ်ဘဲ ခပ်ခွာခွာ နေဖို့ အကြံပြု ထားတာပဲ ဖြစ်ပါတယ် ။

စီးပွားရေး လောကဟာ ယေဘူယျ အားဖြင့် တုံ့ပြန်ဖို့ လျင်မြန်ပြီး ဖြစ်နိုင် ပါက 100% remote work အဖြစ်ကို ပြောင်းလဲ လုပ်ကိုင် လာပါတယ်။

သို့သော် ကမ္ဘာ တစ်ဝှမ်းရှိ ကုမ္ပဏီများက ၎င်းတို့၏ remote operations စနစ်၏ ဒုတိယ အပတ် ( သို့မဟုတ် ) ရှစ်ပတ်မြောက်တွင် အခြေတကျ ဖြစ်လာတာ နှင့်အမျှ ဒီ ကြီးမားတဲ့ ပြောင်းလဲမှု ၏ ဖိအား အားလုံးကို ခံနိုင်ရည် ရှိလာမှာပဲ ဖြစ်ပါတယ်။

Organization က လုပ်ငန်း ဆက်လက် လည်ပတ်ဖို့ လိုအပ်တဲ့ မှန်ကန်သော tools တွေ တပ်ဆင် ထားပါသလား ။ ဖြစ်နိုင်တာက ထိုမေးခွန်း၏ အဖြေကို အချိန်နှင့် တပြေးညီ လေ့လာ နေခြင်းပဲ ဖြစ်ပါတယ်။

Document Signing from a Distance ( အဝေး တစ်နေရာမှ စာရွက်စာတမ်း လက်မှတ် ထိုးခြင်း )

Home office ကို ကောင်းမွန်စွာ အကောင်အထည် ဖော်မယ် ဆိုပါက နှစ်ဖက် စလုံး အတွက် များစွာ အကျိုးရှိ မှာပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ ရဲ့ ဘဝ အရည်အသွေး ကို ဖြည့်ဆည်း ပေးပြီး ကုမ္ပဏီတွေ အတွက် ကုန်ထုတ် စွမ်းအား မြှင့်တင် ပေးခြင်း ၊ Hubspot မှ ပြုစု ထားတဲ့ ဒီစာရင်းတွင် တွေ့ရတဲ့ အတိုင်း ကိန်းဂဏန်း တွေဟာ လိမ်ညာခြင်း မဟုတ်ပါ။

  • ဝန်ထမ်း ၈၁ ရာခိုင်နှုန်း က အဝေး မှ အလုပ် လုပ်ဖို့ ရွေးချယ်မှုဟာ ၎င်းတို့၏ ကုမ္ပဏီအား job candidates တွေနှင့် prospects များကို အကြံပြု နိုင်ခြေ ပိုများ စေတယ်လို့ ပြောဆိုထား ပါတယ်။ (Owl Labs)
  • ဝန်ထမ်း 74% က remote work ကို ရွေးချယ်ခွင့် က ၎င်းတို့၏ ကုမ္ပဏီ မှ ထွက်ဖို့ အလားအလာ နည်းစေတယ် လို့ ပြောဆိုထား ပါတယ်။ (Owl Labs)
  • ဝေးလံ ခေါင်သီတဲ့ ဝန်ထမ်း ( remote employees ) တွေရဲ့ 77% က အိမ်ကနေ အလုပ် လုပ်တဲ့ အခါ ပို အကျိုးရှိတယ်လို့ ပြောဆိုထား ပါတယ်။ (CoSo Cloud)
  • ဝေးလံ ခေါင်သီသော အလုပ်သမား ( remote workers ) များ၏ ၂၃% က ၎င်းတို့ဟာ on-site ထက် အလုပ်ချိန် ပိုကြာတယ်လို့ ပြောဆိုထား ပါတယ်။ (CoSo Cloud)

သို့သော် remote work ဟာ ၎င်း၏ အားနည်းချက် တွေလည်း ရှိပါတယ် ။

လုပ်ငန်း အများစုဟာ ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်း ၎င်းတို့၏ digital transformation ကို အာရုံစိုက် နေသော်လည်း အများအပြားက manual ၊ ပုံနှိပ်ခြင်း ( သို့မဟုတ် ) face-to-face components များ ပါတဲ့ လုပ်ငန်းစဉ်များကို အသုံးပြု နေကြဆဲ ဖြစ်ပါတယ် ။

စာရွက်စာတမ်း လက်မှတ်ထိုးခြင်း ( Document signing ) ဟာ အဲဒါတွေရဲ့ အကောင်းဆုံး ဥပမာ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။

Electronic signature တစ်ခုဟာ လုံလောက်တဲ့ အချိန်များ ရှိသော်လည်း ၊ အချို့ ကိစ္စများမှာ ဥပမာ- စာချုပ်များ ၊ အခွန်ပုံစံများ နှင့် ပြေစာများ ကဲ့သို့သော အရေးကြီး စာရွက်စာတမ်းများတွင် ပိုမို လုံခြုံပြီး အထောက်အထား စိစစ်ထားတဲ့ လက်မှတ် လိုအပ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အရာတွေက ယုံကြည် စိတ်ချရသော digital signatures များကို အသုံးပြုဖို့ အခြား အကြောင်းရင်း အချို့ ဖြစ်ပါတယ်။

  • လုံခြုံရေး ( Security ) – Digital signature တွေဟာ လက်မှတ်ထိုး သူများက သူတို့ဟာ ကျွန်တော်က ဘယ်သူပါ ဆိုတာကို အမှန်တကယ် ဖြစ်ကြောင်း အတည် ပြုပြီးရင် လက်မှတ် ရေးထိုးထားတဲ့ စာရွက်စာတမ်းမှာ နောက်မှ ပြန်ပြီး ပြုပြင် ပြောင်းလဲမှု များကို တားဆီးပေး ပါတယ်။
  • အချိန် ( Time ) – စာရွက်စာတမ်းကို မှင်ဖြင့် လက်မှတ်ထိုးခြင်းဟာ digital signature ဖြင့် လက်မှတ်ထိုးခြင်း ထက် ပိုကြာမှာတော့ မဟုတ်ပါဘူး ။ သို့သော် လက်ခံတဲ့ သူဆီ မှင်နဲ့ ရေးထိုးထားနဲ့ စာရွက်စာတမ်းကို ပေးပို့ဖို့ အချိန် ကြာနိုင်ပါတယ်။ ရက်သတ္တပတ်တွေ အထိ မဟုတ်ရင်တောင် အလွယ်တကူ အချိန် ယူနိုင်ပါတယ်။ Digital ဖြင့် လက်မှတ် ထိုးထားတဲ့ စာရွက်စာတမ်းကို emails များမှ တစ်ဆင့် မိနစ်ပိုင်း အတွင်း ပေးပို့နိုင် ပါတယ်။
  • ပူးပေါင်းဆောင်ရွက်ခြင်း ( Collaboration ) – ဝေးလံခေါင်သီတဲ့ အလုပ် ( remote working ) နှင့် ကိုယ်က အဝေး တစ်နေရာကို ရောက်ရှိ ချိန်တွေမှာ စာရွက်စာတမ်းများကို လက်မှတ် ရေးထိုးဖို့ ခက်ခဲ ပါတယ်။ လူတွေက စာချုပ်တစ်ခု ချုပ်ဆိုဖို့ဆိုရင် အထူးသဖြင့် ခက်ခဲကြ ပါတယ်။ Digital signatures များက လူကိုယ်တိုင် တွေ့ဆုံဖို့ မလိုအပ်ဘဲ လျင်မြန်စွာ စာချုပ် ချုပ်ဆိုမှု ပြီးမြောက်ခြင်းကို ရရှိစေပါတယ်။
  • သဘာ၀ပတ်ဝန်းကျင် ( Environment ) – စာရွက်တစ်ရွက် နှင့် ကာဗွန်ထုတ်လွှတ်မှုကို ကယ်တင် နိုင်တဲ့ ပေးပို့မှု အားလုံးကို စဉ်းစားပါ ။ Digital signatures များက မှင်စိုသော လက်မှတ်များ အတွက် green alternative ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
  • ဥပဒေလိုက်နာမှု ( Legal compliance ) – Digital signatures တွေက တရားဝင် ခွင့်ပြု နိုင်ပြီး မှင်လက်မှတ် တွေနှင့် တူတူပါပဲ။

ဤအချိန်တွင် digital signatures တွေဟာ remote work-life အား သိသိသာသာ တိုးတက် ကောင်းမွန် လာစေမှာကို သဘောပေါက် နားလည် လာပါ လိမ့်မယ်။ အဲ့ဒီတော့ တစ်ခုတည်းသော မေးစရာ မေးခွန်းမှာ digital signatures တွေနဲ့ business တွေရဲ့ remote work ကို “ ဘယ်လို စတင်ရမလဲ “ ဆိုတာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။