Online ပေါ်မှာ ရေပန်းအစားဆုံး Celebrity (၁၀) ယောက်

Social Network တစ်ခုဖြစ်တဲ့ Facebook ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရေပန်းအစားဆုံးလူမှုကွန်ယက် မီဒီယာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေ အားကစားသမားတွေကပါ Facebook ကိုစွဲစွဲမြဲမြဲ အသုံးပြုလာကြပါတယ်။ အဲဒါကြောင့် အခုအခါမှာတော့ Facebook ပေါ်မှာရေပန်းစားပြီး လူသိများကျော်ကြားတဲ့ Celebrity တွေကို ဖော်ပြပေးလိုက်ပါတယ်။

1.)    Shakria

ကိုလံဘီယာလူမျိုး တေးရေး၊ တေးဆို မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Shakria ရဲ Facebook ပေါ်က ရေပန်းစားမှုက တွစ်တာအပေါ်မှာ သူ့ရဲ့ ရေပန်းစားမှုကို မမှီသည့်တိုင် Facebook ပေါ်မှာတော့ လူသိများကျော်ကြားဆုံး Cele တစ်ယောက် အဖြစ်ရပ်တည်နေပါတယ်။ သူ့ရဲ့ Facebook ပေ့ချ် ကတစ်ဆင့် ပရိတ်သတ်တွေနဲ့ အမြဲတမ်းထိတွေ့နေပြီး ဗီဒီယိုမက်ဆေ့ချ် တွေအမြဲ မျှဝေနေကျ Cele တစ်ယောက် လည်းဖြစ်ပါတယ်။

၂.) Ronaldo

ကမ္ဘာကျော်ဘော်လုံးသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုကတော့ ဆိုရှယ်မီဒီယာ တွေအပေါ်မှာရေပန်းအစားဆုံးဘော်လုံးသမား တစ်ယောက်အဖြစ်ရပ်တည်နေပါတယ်။ အင်စတာဂရမ်မှာ လည်းဝင်ငွေအများဆုံးရရှိနေတဲ့ ရော်နယ်ဒိုဟာ သူရဲ့ Facebook ပေ့ချ်ကတစ်ဆင့် ပရိတ်သတ်တွေနဲ့ အမြဲလိုလို ထိတွေ့ နေသူတစ်ဦးဖြစ်ပါတယ်။

၃.) Eminem

ကမ္ဘာကျော် ရက်ပ်ပါတစ်ဦးဖြစ်တဲ့ Eminem က Facebook ပေါ်မှာ Follower သန်းနဲ့ ချီ ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ရှိုးပွဲ အတွေအကြုံတွေနဲ့ အနုပညာလှုပ်ရှားမှုတွေအကြောင်းကို ပရိတ်သတ်တွေဆီအမြဲတမ်းအသိပေးလျက်ရှိပါတယ်။

Social Network တစ်ခုဖြစ်တဲ့ Facebook ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရေပန်းအစားဆုံးလူမှုကွန်ယက် မီဒီယာတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေ အားကစားသမားတွေကပါ Facebook ကိုစွဲစွဲမြဲမြဲ အသုံးပြုလာကြပါတယ်။ အဲဒါကြောင့် အခုအခါမှာတော့ Facebook ပေါ်မှာရေပန်းစားပြီး လူသိမျကျော်ကြားတဲ့ Celebrity တွေကို ဖော်ပြပေးလိုက်ပါတယ်။

၄.) Rihanna

နာမည်ကျော် Umbrella သီချင်းရဲ့ အဆိုရှင် Rihanna က လည်းသူ့ရဲ့ Facebook ပေ့ချ်မှာ Follower ပေါင်းများစွာ ကိုပိုင်ဆိုင် ထားပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေ ၊ အသစ်ထွက်ရှိလာမယ့် သီချင်းသစ်တွေနဲ့ ရှိုးပွဲ တွေအကြောင်းကို ပရိတ်သတ်တွေဆီ အမြဲ တမ်းမျှဝေနေတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

၅.) Van Diesel

Follower သန်း (၁၀၀) နီးပါးအထိ ပိုင်ဆိုင်ထားတဲ့ Van Diesel ဟာသူ့ရဲ့ Facebook ပေ့ချ်ကနေတစ်ဆင့် ပရိတ်သတ်တွေနဲ့ အမြဲတမ်းရင်းနှီးအောင် နေထိုင် လေ့ရှိပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ ၊ သူငယ်ချင်းအကြောင်းတွေကိုပါ Facebook ပေ့ချ်ကတစ်ဆင့် ပရိတ်သတ်တွေထံ မျှဝေနေပါတယ်။

 ၆.) Michael Jackson

ကွယ်လွန်သွားတာအချိန်အတန်ကြာခဲ့ ပြီးဖြစ်ပေမယ့် သူ့ရဲ့ ပရိတ်သတ်တွေ တည်ထောင်ပေးထားတဲ့ Facebook  ပေ့ချ်က ရေပန်းစား ကျော်ကြားနေဆဲဖြစ်ပါတယ်။ Michael Jackson နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ ၊ ဂန္တဝင်ဆန်ဆန်အခိုက်အတန့်တွေအကြောင်းကို အဲ့ဒီပေ့ချ် ကတစ်ဆင့် မျှဝေပေးနေပြီး Sony Music Entertainment ကထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

၇.) Justin Bieber

နာမည်ကျော်ကနေဒါလူမျိုး အဆိုတော် Justin Bieber ကတော့ လူလတ်ပိုင်း လူငယ်ပိုင်း တွေအကြားမှာ ရေပန်းစားတဲ့အဆိုတော်ဖြစ်ပြီး ပရိတ်သတ် အင်အား အခိုင်အမာနဲ့ အတူ Facebook ပေါ်မှာ နေရာအခိုင်အမာရယူထားသူတစ်ဦးဖြစ်ပါတယ်။

၈.) Katy Perry

အမေရိကန်လူမျိုး အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Katy Perry ဟာ သူ့ရဲ့ Facebook ပေ့ချ်မှာ အနုပညာ လှုပ်ရှားမှုတွေ ၊ သီချင်းအသစ်တွေအကြောင်းကို မရိုးရအောင် မျှဝေပေးရင်း ပရိတ်သတ်တွေနဲ့ အမြဲ တမ်းထိတွေ့ နေတာလည်းဖြစ်ပါတယ်။

၉.) Bob Marley

လူ့လောကကြီးထဲမှာ မရှိတော့သည့်တိုင် ဒီဂျမေကာအနုပညာရှင်ဟာ ဂန္တဝင်သီချင်းအများအပြားကိုပရိတ်သတ်တွေအတွက် ချန်ရစ်ခဲ့ပြီး နောက်မျိုးဆက်သစ်တွေကလည်း သူ့ရဲ့သီချင်းတွေကို ပြန်လည်သီဆိုရင်း အသက်သွင်းလာကြပါတယ်။

၁၀.) Will Smith

ထုတ်လုပ်သူတစ်ယောက်အဖြစ်လည်း လုပ်ကိုင်လျက်ရှိတဲ့ Will Smith ကတော့ သူ့ရဲ့ အနုပညာလှုရှားမှုတွေကို ပရိတ်သတ်တွေအမြဲတမ်း သိရှိအောင် မျှဝေနေပြီး တစ်ကမ္ဘာလုံးမှာ ပရိတ်သတ်အခိုင်အမာရရှိထားတဲ့ Online ပေါ်မှာ ရေပန်းအစားဆုံး Celebrity အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

ကျွန်ုပ်တို့အား Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။