Microsoft က Office 365 နှင့် Microsoft 365 အတွက် price ကို ကြေငြာ

Microsoft က ၎င်း၏ Office 365 နှင့် Microsoft 365 services များအတွက် ဆယ်စုနှစ် တစ်ခုအတွင်း ပထမဆုံး စျေးနှုန်း (price) ကို ကြေငြာ ခဲ့ပါတယ်။ စျေးနှုန်း (price) မြင့်တက်ခြင်းဟာ ပညာရေး ( education ) နှင့် အသုံးပြုသူ ( consumers ) များအတွက် စျေးနှုန်း ပြောင်းလဲခြင်း မရှိဘဲ လာမည့် နှစ်တွင် Microsoft ၏ software as a service (SaaS) ကို commercial နှင့် business users များကို အကျိုး သက်ရောက်မှု ရှိပါ လိမ့်မယ်။

Microsoft ၏ update ပြုလုပ်ထားသော စျေးနှုန်း (price)ဟာ 2022 ခုနှစ် March လ 1 ရက် နေ့တွင် စတင် အသက်ဝင် ပါလိမ့်မယ်။

  • Microsoft 365 Business Basic (from $5 to $6 per user)
  • Microsoft 365 Business Premium (from $20 to $22)
  • Office 365 E1 (from $8 to $10)
  • Office 365 E3 (from $20 to $23)
  • Office 365 E5 (from $35 to $38)
  • Microsoft 365 E3 (from $32 to $36)

Microsoft က Office 365 ကို 2011 ခုနှစ်မှာ 40 different markets တွင် စတင် ဖြန့်ဝေခဲ့ပြီး ထိုအချိန်မှ စ၍ ကုမ္ပဏီဟာ ၎င်းကို တိုးတက်အောင် လုပ်ဆောင် ခဲ့ပါတယ်။ ဤစျေးနှုန်း အပြောင်းအလဲများဟာ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခု အတွင်း Office 365 ကို ကျွန်ုပ်တို့ စတင်ခဲ့ ကတည်းက ပထမဆုံး သိသာ ထင်ရှားသော စျေးနှုန်း အပြောင်းအလဲ ဖြစ်ပါတယ်” ဟု Microsoft 365 အကြီးအကဲ Jared Spataro က သြဂုတ်လ ၁၉ ရက်နေ့က blog post တစ်ခုမှာ ရှင်းပြ ထားပါတယ်။

Microsoft က Office 365 ကဲ့သို့ cloud services များကြောင့် ၀င်ငွေ တိုးတက်မှု စံချိန်ကို မှတ်တမ်း တင်ခဲ့ ပါတယ်။ Microsoft တွင် Office 365 အတွက် paid seats 300 million ကျော် ရှိပါတယ်။ ထို့ကြောင့် စျေးနှုန်း အပြောင်းအလဲ များဟာ လာမည့် နှစ်တွင် Microsoft ၏ အမြတ် နှင့် ၀င်ငွေကို ပို၍ပင် တိုးလာမှာ သေချာ စေပါလိမ့်မယ်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကြီးမားသော businesses ကြီးများဟာ လျှော့စျေးများ ( discounts ) နှင့် အပေးအယူများ ( deals များ )မှ အကျိုး ခံစား ခဲ့ရသော်လည်း စီးပွားရေးက ကပ်ရောဂါမှ ပြန်လည် နာလန်ထူ လာသည်နှင့်အမျှ စျေးနှုန်း မြင့်တက်မှု၏ အကျိုးဆက်များကို ခံစားရ ပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Microsoft က Microsoft Teams ၊ OneDrive ၊ SharePoint နှင့် To-Do အပါအ၀င် Office 365 ထဲကို apps ၂၀ ကျော်ကို ထည့်သွင်း ခဲ့တယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။