Microsoft ၏ Blue Screen of Death သည် Windows 11 တွင် အနက်ရောင် (Black) သို့ ပြောင်းလဲသွား

Microsoft ၏ ကျော်ကြားသော Blue Screen of Death (BSOD) ကို Windows 11 တွင် အနက်ရောင် သို့ ပြောင်းလဲ နေပါတယ် ။ Software Company သည် ယခု အပတ် အစောပိုင်းက Windows 11 preview တွင် ဒီဇိုင်း ပြောင်းလဲမှု အသစ်များကို စတင် စမ်းသပ်ခဲ့ ပါတယ်။ သို့သော် Black Screen of Death သည် အပြည့် အဝ မရသေးပါ။ Microsoft သည် Windows 11 အတွက် Black Screen of Death သို့ ပြောင်းလဲ ပါလိမ့်မယ်။ Black logon နှင့် shutdown screens အသစ်များ နှင့် လိုက်ဖက် လိမ့်မည် ဖြစ်သည်။

Microsoft သည် ၂၀၁၂ ခုနှစ်တွင် Windows 8 နှင့် 2016 ခုနှစ်တွင် QR ကုဒ်များဖြင့် screen ပေါ်တွင် ဝမ်းနည်းဖွယ်ကောင်တဲ့မျက်နှာပုံစံ ( sad face ) တစ်ခု ပေါင်းထည့်ပြီးနောက် ၎င်းသည် BSOD ကို ပထမဆုံး ပြောင်းလဲခြင်း ဖြစ်ပါတယ်။

Microsoft ၏ ပထမ ဦး ဆုံး BSOD ကို Windows 3.0 တွင် မိတ်ဆက်ခဲ့ ပါတယ် ။ IT ပညာရှင်များ နှင့် ၀န်ထမ်းများအား hardware နှင့် memory ချို့ယွင်းချက်များကို ရှာဖွေ ဖော်ထုတ်ရန် နည်းလမ်း တစ်ခု ပေးခဲ့ ပါတယ်။ BSOD ဆိုသည်မှာ Windows ၏ ကိုယ်ပိုင် kernel error (သို့) bug စစ်ဆေးမှုပဲ ဖြစ်ပါတယ် ။ ၎င်းသည် များသောအားဖြင့် administrators များကို blue screen ဖြစ်ပေါ်စေသည့် ဘယ် system မှားနေလဲ ဆိုတာကို ခွဲခြမ်း စိတ်ဖြာရန် အထောက် အကူ ပြုနိုင်သည့် data dump များ ပါဝင် ပါတယ်။

Microsoft ၏ Windows 11 မှာ Black Screen of Death ကို ပြောင်းနေစဉ် ၎င်းသည် Windows 10 otherwise တွင် တွေ့ရသည့် ပုံစံနှင့် တူတူပဲ ဖြစ်ပါတယ်။ ဝမ်းနည်းဖွယ်ကောင်တဲ့မျက်နှာပုံစံ ( sad face) သည် stop code နှင့် crash dump လိုပဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ လက်ရှိ Windows 11 ၏ preview သည် အစိမ်းရောင် BSOD တစ်ခု ပါဝင် ပါတယ်။ ၎င်းသည် Microsoft က Windows Insider builds since 2016 အတွက် အသုံးပြုခဲ့သည့် အရောင်ပဲ ဖြစ်ပါတယ်။

Microsoft က အပြာရောင် ကနေ အနက်ရောင် ကို ဘာကြောင့် ပြောင်းလဲနေတာလဲဆိုတာ သေချာ မသိပါဘူး ။ ပြီးတော့ ပြောင်းလဲမှုပေါ်မှာ ကုမ္ပဏီက comment ပေးခြင်း မရှိသေးပါဘူး ။ Microsoft သည် Windows 11 ၏ အစိတ် အပိုင်း များကို ပြန်လည် ပြုပြင် မွမ်းမံ ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Windows 11 မှာ Start menu, File Explorer နှင့် ယခု BSOD ကဲ့သို့သော အထူးခြားဆုံး အစိတ်အပိုင်းများ အပါအ ၀ င် အဓိကကျသော နေရာ ( key areas ) များတွင် OS ကို ခေတ်မီစေရန် visual overhaul တစ်ခုလုံး ပါ ၀ င်သောကြောင့်ပဲ ဖြစ်ပါတယ်။ Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။