iPhone 13 ရဲ့ ‘Apple Watch with unlock’ bug ကို iOS beta မှာ ဖြေရှင်းလိုက်ပါပြီ

Vjeran Pavic / The Verge

Apple က iPhone 13 models တွေမှာ “ Unlock with Apple Watch” feature မှာ ဖြစ်ပေါ်နေတဲ့ issue ကို ဖြေရှင်း ပြီးပြီလို့ သတင်း တွေက ဖော်ပြခဲ့ ပါတယ်။

9to5Mac က တင်ပြ ထားတဲ့ အတိုင်း Official iPhone 13 စတင် ဖြန့်ချိပြီး မကြာမီမှာပဲ users များစွာက “ Apple Watch with Unlock” feature ဟာ အလုပ် မလုပ်ကြောင်း သတိ ပြုမိပြီး နောက်ပိုင်းမှာ Apple က iPhone 13 အသုံးပြု သူများကိုသာ သက်ရောက်မှု ရှိတဲ့ ပြဿနာ တစ်ခုကို ဖော်ထုတ်ခဲ့ ပါတယ်။ အခုတော့ ဒီ bug ကို second iOS 15.1 beta နဲ့ ဖြေရှင်း ပြီးပါပြီ။

လွန်ခဲ့တဲ့ ရက် အနည်းငယ်က Apple ဟာ အဲ့ဒီ ပြဿနာကို လုပ်ဆောင် နေကြောင်း ၎င်း၏ support page တွင် မှတ်ချက် ပြုခဲ့ ပါတယ်။

ကျွန်ုပ်ဟာ ကျွန်ုပ်တို့၏ ကိုယ်ပိုင် iPhone 13 Pro တွင် ဒီ ပြဿနာကို ကျွန်ုပ်ကိုယ်တိုင် ကြုံခဲ့ပြီး ၎င်းက ယခုနှစ် အစောပိုင်းတွင် စတင် မိတ်ဆက် ပြီးကတည်းက ၎င်းကို ၀ယ်ယူပြီးနောက် အတော်လေး စိတ် အနှောက်အယှက် ဖြစ်ရကြောင်း အတည်ပြု နိုင်ပါတယ်လို့ မှတ်ချက် ပြုခဲ့ ပါတယ်။

iPhone အသစ် တွေမှာ fingerprint readers မရှိ တာကြောင့် mask က Face ID ကို ၀င်ရောက် နှောက်ယှက်တဲ့ အခါ ၎င်းတို့ကို lock ကို ဖွင့်ဖို့ တစ်ခု တည်းသော နည်းလမ်းက password ကို အသုံးပြု၍ ဖွင့်ခြင်းပဲ ဖြစ်ပါတယ်။

iOS 15.1 ကို ဘယ်အချိန်မှာ ဖြန့်ချိမယ် ဆိုတာကို ဘယ်သူမှ တိတိကျကျ မပြောရ သေးပေမယ့် ဒီ “ Unlock with Apple Watch” feature ကို ပျက်စီးစေတဲ့ issue ကို ဖြေရှင်းတဲ့ ဖြေရှင်းချက် ထက် ပိုပါ လိမ့်မယ်။ ဇွန်လ မှာတုန်းက Apple ၏ နှစ်စဉ် ကျင်းပမြဲ WWDC ( Worldwide Developers Conference ) တွင် ကြေညာ ခဲ့တဲ့ OS တွင် အပြောင်မြောက်ဆုံး ထည့်သွင်းမှု များထဲမှ တစ်ခု ဖြစ်တဲ့ SharePlay ဟာ original iOS 15 release နှင့်အတူ မပါလာဘဲ လွဲချော်ခဲ့ သော်လည်း first 15.1 beta မှာ ပါ၀င်လာ ပါတယ်။

iOS 15.1 beta 2 fixes ‘Unlock with Apple Watch’ bug for iPhone 13 users . Image : 9to5Mac

ဒီ feature က FaceTime call တစ်ခုမှာ music နဲ့ video အကြောင်း အရာ တွေကို ဝေမျှ ပေးနိုင် ပါတယ်။ iOS 15.1 က Wallet app ထဲကို ကာကွယ်ဆေး ထိုးထားတဲ့ အခြေအနေ ရဲ့ အထောက်အထား ( proof of vaccination status ) ထည့်ခွင့် ပြုဖို့ အတွက်လည်း သတ်မှတ် ပေးထား ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။