iPhone ရဲ့ App Privacy Report အသစ်ကို ဘယ်လို အသုံးပြုရမလဲ ?
![IMG_F070E3C6CB84_1.0](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_F070E3C6CB84_1.0.jpg)
သတင်း အချက်အလက် ဆိုတာဟာ အရေးကြီးတဲ့ အရာ တစ်ခု ဖြစ်ပြီး iPhone အသုံးပြုသူ တစ်ဦး ဆိုရင် ဖုန်းထဲရှိ applications တွေက ဒေတာကို ဘယ်လောက် ကြာကြာ ဝင်ရောက် အသုံးပြုထားတယ် ဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက် ( ဥပမာ၊ တည်နေရာ (သို့မဟုတ်) မိုက်ခရိုဖုန်း ၊ စသည်ဖြင့် ) တွေကို ယခု ပိုမို သိရှိနိုင်ပြီပဲ ဖြစ်ပါတယ်။
iOS 15.2 နှင့်အတူ ရရှိနိုင်တဲ့ App Privacy Report ဟာ App တစ်ခုစီ၏ website ရဲ့ လုပ်ဆောင်ချက် နှင့် ၎င်းတို့ ချိတ်ဆက်ထားတဲ့ ဒိုမိန်း ( domains ) တွေကိုလည်း သိနိုင် စေမှာပဲ ဖြစ်ပါတယ်။
အဲ့ဒီ feature ကို မူရင်းက ပိတ်ထား သော်လည်း ဖုန်းကို iOS 15.2 သို့ update အဆင့် မြှင့်တင်ပြီးပါက ဖွင့်ဖို့ အလွန် လွယ်ကူ ရိုးရှင်း စေမှာပဲ ဖြစ်ပါတယ်။
- Settings -> Privacy -> App Privacy Report ( စခရင်၏ အောက်ခြေမှာ ရှိလိမ့်မယ် ) သို့ သွားပါ။
- “Turn On App Privacy Report” ကို ရွေးပါ။
ထို့နောက် အစီရင်ခံစာ report ကို ကြည့်ရှုဖို့ တူညီတဲ့ ရွေးချယ်မှု တွေကို လိုက်ပြီး ဆက်လုပ် နိုင်ပါတယ်။ ( home screen ကနေ (သို့မဟုတ်) Siri voice command ကနေ ပိုပြီး မြန်ဆန်စွာ ဝင်ရောက် နိုင်စေဖို့ အတွက် ဒီ Shortcut ကိုလဲ အသုံးပြု နိုင်ပါတယ်။)
![IMG_653BB478D14B_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_653BB478D14B_1-473x1024.jpeg)
Privacy screen ရဲ့ အောက်ခြေရှိ App Privacy Report ကို ရွေးပါ။
![IMG_83D5CB8F00B6_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_83D5CB8F00B6_1-473x1024.jpeg)
App Privacy Report ကို ဖွင့်ပြီး ခဏစောင့်ပါ။
ဘယ်ဒေတာကိုမှ ချက်ချင်း မြင်ရမှာ မဟုတ်သေးပါဘူး။ ဖုန်းက ဒေတာ စုဆောင်းဖို့ နှင့် အစီရင်ခံစာ report ကို စုစည်းဖို့ အချိန် ယူရသော်လည်း မိနစ် အနည်းငယ် အတွင်း ရလဒ် တွေကို စတင် မြင်နိုင်မှာပဲ ဖြစ်ပါတယ် ။ အစီရင်ခံစာ report က အောက်ပါ အတိုင်း အသိပေးမှာပဲ ဖြစ်ပါတယ်။
- ပြီးခဲ့တဲ့ ခုနစ်ရက် အတွင်း ဒေတာကို ဘယ်အက်ပ်တွေက ဝင်ရောက် အသုံးပြု ခဲ့ပါတယ်။ စာရင်း သွင်းထားတဲ့ အက်ပ်တွေ ထဲမှ တစ်ခုကို နှိပ်ပါက၊ နောက်ဆုံး ဝင်ရောက် အသုံးပြုတဲ့ အချိန်ကို အတိအကျ တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ် ။ စာမျက်နှာ နှစ်မျက်နှာလောက် တွေ့ရ ပါလိမ့်မယ်။
![IMG_F070E3C6CB84_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_F070E3C6CB84_1-473x1024.jpeg)
Privacy Report က အက်ပ်တွေ ဝင်ရောက် အသုံးပြုနေတဲ့ အချက်အလက် များကို ပေးပါ လိမ့်မယ်။
![IMG_181DDC094B17_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_181DDC094B17_1-473x1024.jpeg)
app ပေါ်မှာ နှိပ်ပြီး ဒေတာ နောက်ဆုံးဝင်ရောက်တဲ့ အချိန်ကို တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။
- App Network Activity – App ကို နှိပ်ပါ။ ဘယ်ဒိုမိန်း (domains ) တွေကို ဆက်သွယ် ထားတယ် ဆိုတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
- Most Contacted Domains – ဒိုမိန်းအမည် ( domain name ) တစ်ခုစီကို နှိပ်ပါ၊ ထို့နောက် ဘယ်အချိန်မှာ ၎င်းဒိုမိန်းကို ဆက်သွယ်ခဲ့တာလဲ ဆိုတဲ့ အက်ပ်တွေရဲ့ စာရင်းတစ်ခုကို ရရှိ မှာပဲ ဖြစ်ပါတယ်။
![IMG_0AF9F1551C66_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_0AF9F1551C66_1.jpeg)
အက်ပ်တစ်ခုစီရဲ့ network activity
![IMG_B05CA8F67FC8_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_B05CA8F67FC8_1-473x1024.jpeg)
network ကို တစ်ချက် နှိပ်ပြီး အခြားအက်ပ်များက ၎င်းကို အသုံးပြုထားသလား ကြည့်ပါ။
![IMG_6E972B7C16D5_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_6E972B7C16D5_1-473x1024.jpeg)
most contacted domains ကိုလဲ တွေ့နိုင်ပါတယ်။
![IMG_0CE479E3E4E8_1](https://www.mitelar.com/wp-content/uploads/sites/25/2021/12/IMG_0CE479E3E4E8_1.jpeg)
၎င်းဒိုမိန်းကို app ဘယ်နှစ်ခု အသုံးပြုထားသလဲ ဆိုတာကို ကြည့်ပါ။
App Privacy Report ကို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ပိတ်ချင်တယ် ဆိုရင် Settings -> Privacy -> Privacy Report ကို ပြန်သွားပြီး page စာမျက်နှာရဲ့ အောက်ခြေမှာ ရှိတဲ့ “Turn Off App Privacy Report” ကို ရွေးချယ်ပါ။ သို့သော် စုဆောင်းထားတဲ့ ရှိပြီးသား အချက်အလက်တွေ မှန်သမျှ ဆုံးရှုံးသွား မှာကို သတိထား စေချင်ပါတယ်။
Reference: The Verge
သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။