Apple က App Privacy Report ၊ Digital Legacy နှင့် အခြား အရာတွေ ပါ၀င်တဲ့ iOS 15.2 ကို ဖြန့်ချီ

Features အသစ် တွေနှင့် ပြုပြင်မှုတွေ များစွာ ပါဝင်တဲ့ Apple ရဲ့ iOS 15.2 က ကျယ်ကျယ် ပြန့်ပြန့် အစမ်းသုံး beta ကာလ ပြီးတဲ့နောက် iPhones တွေမှာ စတင် ဖြန့်ချိ လာခဲ့ ပါတယ်။ 9to5Mac နှင့် MacRumors မှ တင်ထားတဲ့ Apple ရဲ့ ဖြန့်ချီလိုက်တဲ့ မှတ်စုတွေ အရ ၊ အပ်ဒိတ်မှာ အောက်မှာ ဖော်ပြချက်များ ပါဝင် ပါတယ်။

အပ်ဒိတ်က Apple ရဲ့ communication safety features အချို့ ကိုလည်း ၎င်းနှင့်အတူ ပါ၀င်လာကာ ၎င်းတို့ထဲမှ တစ်ခုမှာ စက်ပေါ်ရှိ scan tags များကို ကလေးတွေထံ မှုန်ဝါး စေမယ့် iMessages တွေပဲ ဖြစ်ပါတယ်။ အဆိုပါ အင်္ဂါရပ်က iCloud တွင် upload တင်ထားသော ဓာတ်ပုံများကို စက်တွင် စကင်န်ဖတ်ခြင်းမှာ ပါ၀င်တဲ့ ကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ အလွဲ သုံးစားပြုမှုကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ အငြင်းပွား ဖွယ်ရာ ပြောင်းလဲမှု အစုအဝေးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး iCloud သို့ upload လုပ်ထားတဲ့ ဓာတ်ပုံတွေကို စက်မှာ စကင်န်ဖတ်ခြင်း အပြင် ၎င်းတို့၏ ကလေးက မသင့်လျော်ဟု tag ထားသော ပုံများကို ကြည့်ရှုဖို့ ရွေးချယ်ပါက မိဘများကို အလိုအလျောက် အသိပေးမှာပဲ ဖြစ်ပါတယ်။

Apple က photo library စကင်န်ဖတ်ခြင်း လုပ်ဆောင်ချက်ကို နှောင့်နှေး ခဲ့ပြီး ကလေးတွေအား ၎င်းတို့၏ မိဘများကို အကြောင်းကြားဖို့ ရှိ/မရှိကို ရွေးချယ်နိုင်စေဖို့ ပြုလုပ် ထားပါတယ် ။ iOS 15.2 က CSAM နှင့် ပတ်သက်တဲ့ အကြောင်းအရာ တွေကို ရှာဖွေပါက အသုံးပြုသူများအား အရင်းအမြစ်တွေဆီ ပြန်လည် ညွှန်းပေးမယ့် Safari နှင့် Siri တို့ကို အပြောင်းအလဲတွေ ယူဆောင် လာပေးပါတယ်။

အပ်ဒိတ်တွင် Apple ရဲ့ အစိတ်အပိုင်း အသစ်တွေနှင့် ဝန်ဆောင်မှု မှတ်တမ်း အင်္ဂါရပ်လည်း ပါဝင်ပြီး စက်ပေါ်ရှိ မည်သည့် အစိတ်အပိုင်းတွေကို အစားထိုးခဲ့ကြောင်း နှင့် Apple အစိတ်အပိုင်း စစ်စစ်ကို အသုံးပြုပြီး အလုပ်ပြီးခြင်း ရှိ/မရှိကို ပြသ ပေးနိုင်ပါတယ်။ iPhone XR ၊ XS နှင့် SE ဒုတိယ မျိုးဆက်တို့က ဘက်ထရီကို အစားထိုးထားခြင်း ရှိ/မရှိ ပြသမှာ ဖြစ်ပြီး iPhone 11 နှင့် အထက်ရှိ ဖုန်း display ကို အစားထိုးထားခြင်း ရှိ/မရှိကိုလည်း ပြသမှာ ဖြစ်ကြောင်း Apple မှ ပြောကြား ခဲ့ပါတယ်။ iPhone 12 နှင့် 13 မော်ဒယ်များက ကင်မရာ အစားထိုးခြင်း ဆိုင်ရာ အချက်အလက်တွေကိုလည်း ပြသနိုင်မှာပဲ ဖြစ်ပါတယ်။

ပြုပြင်မှု မှတ်တမ်းတွေက Settings -> General -> About ၊ အမည် နှင့် ဆော့ဖ်ဝဲလ် ဗားရှင်း ရဲ့ အောက်မှာ ပေါ်လာမှာပဲ ဖြစ်ပါတယ် ။ ဖုန်းပေါ်ရှိ ဘက်ထရီ ၊ မျက်နှာပြင် (သို့မဟုတ်) ကင်မရာကို မလဲလှယ် ထားပါက ၊ လုပ်ဆောင်ချက် အတွက် Apple ရဲ့ ပံ့ပိုး ကူညီမှု စာရွက်စာတမ်း အရ ၎င်းက ပေါ်လာမှာ မဟုတ်ပါဘူး။

iOS 15.2 ကို ဒေါင်းလုဒ် လုပ်ဖို့ Settings -> General -> Software Update သို့ သွားပါ။ ထုံးစံ အတိုင်း၊ လူတိုင်း အတွက် အချိန် အနည်းငယ် ကြာနိုင်ပါတယ်။ ထို့ကြောင့် ၎င်းကို မတွေ့ပါက မိနစ် အနည်းငယ် အကြာမှာ ပြန်လည် စစ်ဆေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။