iOS users တွေ အားလုံး Twitter မှာ Super Follow လုပ်နိုင်ပါပြီ

Image: Twitter

Twitter က iOS အသုံးပြုသူတွေ အားလုံး Super Follow ရွေးချယ် ထားတဲ့ ဖန်တီးရှင်တွေ ( Super Follow select creators တွေ ) ကို ခွင့်ပြု ပေးထား ပြီးပဲ ဖြစ်ပါတယ် ။စက်တင်ဘာ မှာ စတင် ဖြန့်ချိပြီး US နှင့် Canada တို့ တွင်သာ ရရှိ နိုင်တဲ့ ဝန်ဆောင်မှု feature ဟာ သုံးစွဲသူ များအား ၎င်းတို့၏ Twitter အကောင့် ( Twitter account ) မှ ၀င်ငွေ ရှာနိုင်မှာ ဖြစ်ပြီး လစဉ် စာရင်းသွင်းမှု ( monthly subscriptions ) တွေမှ တစ်ဆင့် သီးသန့် အကြောင်းအရာ ( content ) တွေကို ဖန်တီး နိုင်စေ မှာပဲ ဖြစ်ပါတယ်။

Twitter ဟာ ဖေဖော်ဝါရီ လတွင် Super Follows ကို ပထမဆုံး ကြေညာ ခဲ့ပြီး စက်တင်ဘာ လမှာ ဖန်တီးသူ ( creators ) များကို ရွေးချယ်ဖို့ စတင် ခဲ့ပါတယ်။ SensorTower ၏ အဆို အရ ပထမ နှစ်ပတ် အတွင်း စာရင်းသွင်းသူ ( subscribers ) များက ဒေါ်လာ 6,000 ခန့် လှူဒါန်း ခဲ့ကြ ပါတယ်။

Super Follows ကို စိတ် ဝင်စားတဲ့ အသုံးပြု သူတွေဟာ Super Follows မူဝါဒ ( Super Follows policy ) အရ အနည်းဆုံး လိုအပ်ချက် ( requirements )တွေ နှင့် ပြည့်မီ ရမှာပဲ ဖြစ်ပါတယ်။

၎င်း requirements တို့ဟာ အသက် 18 နှစ် နှင့် အထက် ဖြစ်ရမှာ ဖြစ်ပါတယ်။ အနည်းဆုံး Follower 10,000 ရှိရ မှာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက် 30 တွင် အနည်းဆုံး 25 ကြိမ် tweet လုပ်ပြီးသား ဖြစ်ရ မှာပဲ ဖြစ်ပါတယ်။ လက်ခံ ပြီးတာနှင့် ရက်ပေါင်း 30 တွင် အနည်းဆုံး 25 tweets ပြုလုပ် ရပါ မှာပဲ ဖြစ်ပါတယ်။

အသုံးပြုသူတွေဟာ app အတွင်း ဝယ်ယူမှု အခကြေးငွေ ( in-app purchase fees ) ပြီးတဲ့ နောက် ၎င်းတို့၏ Super Follows စာရင်း သွင်းမှု ( Super Follows subscription ) မှ ၀င်ငွေ ၏ 97 ရာခိုင်နှုန်း အထိ ရရှိဖို့ အရည် အချင်း ပြည့်မီတယ် ဆိုတာနဲ့ Twitter မှ 3 ရာခိုင်နှုန်း အထိ ရရှိ မှာပဲ ဖြစ်ပါတယ်။ သို့သော် အသုံးပြုသူ တစ်ဦးက $50,000 ရရှိ ပါက ၎င်းတို့ဟာ app အတွင်း ဝယ်ယူမှု အခကြေးငွေ ( in-app purchase fees ) တွေ ပြီးနောက် ဝင်ငွေ ၏ 80 ရာခိုင်နှုန်း အထိ ရရှိ နိုင်မှာ ဖြစ်ပြီး Twitter က ၎င်း၏ ရှယ်ယာ တွေကို အနာဂတ် ၀င်ငွေ ( future earnings ) ၏ 20 ရာခိုင်နှုန်း အထိ တိုးပေး မှာ ဖြစ်ပါတယ်။

Super Followers တွေဟာ အပိုဆု အကြောင်းအရာ ( bonus content ) တွေကို ဝင်ရောက် ကြည့်ရှု နိုင်ပြီး အလွယ်တကူ အသိအမှတ်ပြု ခံရစေဖို့ တံဆိပ်များ ( badges ) ရရှိသင့် ပါတယ်။

၎င်းဟာ Super Follows များကို တိုးချဲ့ခြင်း ဖြင့် အနာဂတ်မှာ Android နှင့် Web အသုံးပြုသူတွေ ပါ၀င်ဖို့ စီစဉ် ထားကြောင်း Twitter မှ ပြောကြားခဲ့ ပါတယ်။

Reference: The Verge

သတင်းဆောင်းပါးများ ဖတ်ရှုနိုင်ရန် နှင့်ရသစုံ ဗီဒီယိုများကို လက်မလွတ်တမ်း ကြည့်ရှုနိုင်ရန် Mitelar Facebook Page , Mitelar Website နှင့် Mitelar Youtube Channel တို့တွင် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး Like နဲ့ Followလေးလုပ်ထားဖို့လဲမမေ့ပါနဲနော်…။